ylliX - Online Advertising Network

မုံရွာမှ အရာတော်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်ကာမြောက်ရွာမှ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး စစ်ကြောင်းရှေ့မှ မိုင်းရှင်းခိုင်းမှု ပြည်သူ ၅ ဦး မိုင်းထိမှန်ဒဏ်ရာရ – Khit Thit Media

ရန်ကုန်၊ ဇန်နဝါရီ ၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ အရာတော်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျောက်ကာမြောက်ရွာမှ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်၍ စစ်ကြောင်းရှေ့မှ သွားခိုင်းသောကြောင့် ပြည်သူ ၅ ဦး မိုင်းထိမှန်ပြီး အရေးပေါ် ကုသနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီ ၆ ရက်နေ့တွင် မုံရွာ-အရာတော် လမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် မုံရွာမြို့နယ်၊ ကျောက်ကာမြောက်ရွာမှ အသက်အရွယ် ကြီးရင့်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် အရပ်သား ပြည်သူများကို […]

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု

မုံရွာ , ဒီဇင်ဘာ ၂၂ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများစိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကြည့်ရှုအားပေး ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျန်းမာရေးများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး […]

မုံရွာမြို့ နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး – Khit Thit Media

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Nga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ရေယာဉ် ၂ စီးဖြင့် အုန်းပင်ဆိပ်ကမ်းမှ ကံကြီးကုန်း ပျူစောထီးရွာနှင့် အမြင့်ရဲစခန်းကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာပို့ရန် ထွက်လာစဉ် Nga Moe Yeik Column တပ်ဖွဲ့မှ […]

စစ်ကြောင်း ၅ ခု ပဲခူးရိုးမအနောက်ခြမ်းရောက်နေ၊ မီးရှို့မှု ခိုးမှုများ ပေါ်ပေါက် 

ပဲခူးရိုးမ အနောက်ဘက်ခြမ်းသို့  စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ရောက်ရှိလာပြီး ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ ရိုးမတောင်ခြေတလျှောက်တွင်  လှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က  Myanmar Now ကို ပြောသည်။ စစ်ကြောင်း ၅ ခုသည် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှ တစ်ဆင့် ပဲခူးရိုးမတောင်ခြေသို့ ချီတက်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု       သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း  ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောသည်။ စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၀၀ ခန့် သုံးနေကြောင်း တော်လှန်ရေးတပ်ဘက်က ခန့်မှန်းသည်။ လတ်တလောတွင် စစ်ကောင်စီတပ်သည် ရိုးမပေါ်သို့ မတက်သေးဘဲ တောင်ခြေရှိ ရွာအချို့မှ နေအိမ်များကို မီးရှို့နေကြောင်း  ရဲဘော်ဒူးယားက ပြောသည်။ […]

မုံရွာမြို့ အောင်ချမ်းသာဈေးမှ ကာလကြာမြင့်နေပြီဖြစ်သည့် ဈေးရုံများအား အမြန်ဆုံးပြီးစီးအောင် ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိ

Credit to Popular Journal – စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်ချမ်းသာဈေးမှ ကာလကြာမြင့်နေပြီဖြစ်သည့် သံဖရိမ်ဈေးရုံ၊ သစ်သားဈေးရုံ၊ သားငါးတန်းနှင့် သစ်သီးတန်းဈေးရုံများအား အမြန်ဆုံးပြီးစီးအောင် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးရှိ ကာလကြာမြင့်ပြီဖြစ်သည့် သံဖရိမ်ဈေးရုံ အလျား (၁၀၂) ပေ၊ အနံ (၅၁) ပေရှိ ဈေးရုံ၊ သစ်သားဈေးရုံ (၆) ရုံ၊ သားငါးတန်း၊ သစ်သီးတန်းဈေးရုံများ ပြန်လည်ပြုပြင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဈေးရုံပြန်လည်တည်ဆောင်နေမှုအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများမှ ယမန်နေ့ နိုဝင်ဘာ (၂)ရက်က စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ […]