ylliX - Online Advertising Network
မုံရွာမှ အရာတော်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်ကာမြောက်ရွာမှ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး စစ်ကြောင်းရှေ့မှ မိုင်းရှင်းခိုင်းမှု ပြည်သူ ၅ ဦး မိုင်းထိမှန်ဒဏ်ရာရ - Khit Thit Media

မုံရွာမှ အရာတော်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်ကာမြောက်ရွာမှ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး စစ်ကြောင်းရှေ့မှ မိုင်းရှင်းခိုင်းမှု ပြည်သူ ၅ ဦး မိုင်းထိမှန်ဒဏ်ရာရ – Khit Thit Media


ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ အရာတော်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျောက်ကာမြောက်ရွာမှ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်၍ စစ်ကြောင်းရှေ့မှ သွားခိုင်းသောကြောင့် ပြည်သူ ၅ ဦး မိုင်းထိမှန်ပြီး အရေးပေါ် ကုသနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၆ ရက်နေ့တွင် မုံရွာ-အရာတော် လမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် မုံရွာမြို့နယ်၊ ကျောက်ကာမြောက်ရွာမှ အသက်အရွယ် ကြီးရင့်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် အရပ်သား ပြည်သူများကို ၅ ဦး တစ်ဖွဲ့ဆီထား၍ စစ်ကြောင်း ရှေ့ဆုံးမှ သွားလာခိုင်းသောကြောင့် ပြည်သူ ၅ ဦး မိုင်းထိမှန်ပြီး ဒဏ်ရာရရှိကာ မုံရွာမြို့ရှိ နမခ စစ်ဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိသော ပြည်သူများကိုလည်း စစ်ကြောင်းရှေ့မှ ထပ်မံ သွားလာခိုင်းပြီး လက်ရှိချိန်ထိ အရာတော်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေဆဲ ဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေ သက်ကြီး ရွယ်အိုတွေကော အမျိုးသမီးတွေကော အားလုံးပေါင်း ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာ ပြည်သူ ၅ ဦးကို တစ်ဖွဲ့ဆီ ရှေ့ဆုံးကနေ လူသားဒိုင်း ပြုလုပ်ပြီး အရာတော်ဘက်ကို ဆက်လက် ထွက်ခွာနေပါတယ်။ ပြည်သူ ၅ ဦးကတော့ မိုင်းထိမှန်ပြီး မုံရွာ နမခ စစ်ဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရတယ်။ကျန်ရှိနေတဲ့ ပြည်သူတွေလည်း အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ စစ်ခွေးတွေက လူသားဒိုင်းပြုလုပ်ထားတုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ်တွင် ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ ပြည်သူ ၁၉ ဦးကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ်တွင် ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ ပြည်သူ ၁၉ ဦးကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)



Source link

Leave a Reply

Your email address will not be published. Required fields are marked *