Art by Than Htay Maung တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ … မောင်ဘဦး (မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၅ မူလတန်းအဆင့် အပိုင်းကိန်းအပေါင်းအနုတ်ပုစ္ဆာများဖြေရှင်းရာတွင် ဘုံပိုင်းခြေကိုတူညီအောင်ပြုပြီးမှ အဖြေမှန်ရသည်။ အလယ်တန်းအဆင့်တွင် တဆင့်မြင့်ဘုံဆတိုးကိန်းပုစ္ဆာများ ဖြေရှင်းရာတွင်လည်း ပေးထားသည့်ကိန်း ၂/၃ လုံးတို့ကို သုဒ္ဓကိန်းဖြစ်သည်အထိခွဲ၊ဘုံပါသည့်ကိန်းများကိုယူ၊ ၁ လုံးထက်ပိုသောဘုံကိန်းများကို ထပ်ညွှန်းတင်၊၊ အဖြေထုတ်ရာတွင်ကြီးသောထပ်ညွှန်းကိန်းကိုယူ၊ ဘုံလည်းမပါသော ကျန်ကိန်းများကိုပါမကျန်စေရအောင်ယူပြီး မြှောက်ပါက လိုချင်သောအဖြေမှန်ကိုရနိုင်သည်။ ကိန်းတစ်လုံးလုံးကျန်နေပါက ရသောအဖြေသည်မမှန်တော့။ သိပ္ပံပညာတိုင်းတွင် တိကျသောအဖြေရှိသည်။ ဤသချ်ာပုစ္ဆာအမျိုးအစားများကိုကြည့်၍ သတိလည်းမူ ဂူလည်းမြင်စေ၊ လိုလျှင်ကြံဆ နည်းလမ်းလည်းရစေတည်းဟူသောထုံးဟောင်းစံများကို သတိမူသင့်သော်ကောင်းလေစွ။ ဝါးတစ်ရုံလုံးဘုန်းကြီးတောင်ဝှေး၊ ပေတစ်ပင်လုံး ဘုန်းကြီးယပ်တောင်လုပ်နေသော လျှောမွေးတစ်ကောင်ကြောင့် ဗာရာဏသီချဲ့နေရခြင်း တည်းဟူသော နွေဦးတော်လှန်ရေးဘုံရန်သူ အကြမ်းဖက် အာဏာလု လူသတ်သမား ဓမြဂိုဏ်းချုပ် မအလအပေါ်သူတစ်လူ ငါတစ်မင်း […]