လိမ်လည်လှည့်ဖြားခံရပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီအနီး ရွှေကုက္ကိုလ်မြို့သို့ ရောက်သွားသည့် တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing သည် အွန်းလိုင်ပေါ် ငွေလိမ်ရန် သင်တန်းပေးခံရကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းအခြေစိုက် Khaosod English ကဖော်ပြသည်။ Wang Xing သည် ထိုင်းဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် GMM Grammy ၏ ဖိတ်ခေါ်ခြင်းခံရကြောင်း လိမ်လည်သူတစ်ဦးထံမှ WeChat မက်ဆေ့ချ်ရရှိရာ ဇန်နဝါရီ ၃ ရက်တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု Wang Xing ကထွက်ဆိုသည်။ ထို့နောက် ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ ပို့ဆောင်ခံရပြီး နောက်ဆုံးတွင် တရားမဝင်နယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ လူကုန်ကူးခံရခြင်းဖြစ်သည်ဟု Khaosod English က ဖော်ပြသည်။ မြဝတီရောက် တရုတ်မင်းသား ငွေလိမ်ရန် […]
ကရင်ပြည်နယ် မြဝတီမြို့၊ ရေပူကျေးရွာမှာ ဇန်နဝါရီလ ၆ရက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး လက်ပစ်ဗုံးမတော်တဆ ပေါက်ကွဲတာကြောင့် လက်ပစ်ဗုံးကိုင်ဆောင်ထားတဲ့ သူအပါအဝင် သူဇနီးပါသေဆုံးခဲ့ပြီးတခြား လူ ၃ ဦးကို ထိမှန်တာကြောင့် ဒဏ်ရာတွေရခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့၊ ရေပူကျေးရွာမှာ ဇန်နဝါရီလ ၆ရက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး လက်ပစ်ဗုံးမတော်တဆ ပေါက်ကွဲတာကြောင့် ၂ဦးပွဲချင်းပြီး သေဆုံးကာ ၃ဦးက ဒဏ်ရာတွေပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ “မနေ့ညက ရေပူကျေးရွာဘက်မှာ အုပ်ချုပ်ရေးမှူးရုံးနောက်က BGF တပ်ဖွဲ့ဝင်တယောက်ပေါ့ ကိုထွန်းမင်းဦးလို့ခေါ်တယ်။ ထွန်းမင်းဦးကိုင်ဆောင်ထားတဲ့ လက်ပစ်ဗုံးက သူဖာသူထပေါက်တော့ သူတို့လင်မယား ၂ဦးလည်းသေတယ်။ ထိခိုက်ဒဏ်ရာရတာက ၃ဦး လောလောဆယ် ဆေးရုံတင်ထားရတယ်။ ကိုထွန်းမင်းဦးတို့လင်မယားကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ကျန်တာဗိုက်ကြီးတဦးအပါအဝင်ဒဏ်ရာရရှိကြတယ်၊ သူ့ရဲ့ယူနီဖောင်းမှာရှိတာကနေ ထပေါက်တာ စနက်တံပြုတ်ပြီး ထပေါက်တာ” […]