ylliX - Online Advertising Network

တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

  တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၁၆ တပ်မတော်က အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းတာကြောင့် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များ ရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းမှုတွေလည်း ဆက်လုပ်နေသည်ဟု ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော်အနေဖြင့် အစ္စလာမ်ဘာသာဝင်များကို အတင်းအကြပ် စစ်သားစုဆောင်းမှုများ ပြုလုပ်သည်ဆိုသည့်သတင်းမှာ ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများသည်  ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ မဟုတ်မမှန် […]

အင်္ဂပူမြို့ကို PDF အကြမ်းဖက်အဖွဲ့ဝင်ရောက်နေပြီဟု မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေ

အင်္ဂပူ၊ ဒီဇင်ဘာ ၂၀ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားနေပြီ ဟူသော သတင်းများကြောင့် ဒေသခံသတင်းများ စိုးရိမ်သောက ဖြစ်နေရကြောင်း သိရသည်။ အင်္ဂပူမြို့မှ ဒေသခံတစ်ဦး က “ဓနူဖြူက လူတွေက အင်္ဂပူအတွက် စိတ်ပူနေကြတာ။ ဖုန်းတွေဆက်ပြီး ပြောနေကြတာပေါ့ဗျာ။ အင်္ဂပူမြို့နယ်ထဲမှာ PDF တွေ လှုပ်ရှားနေပြီလိုလို ဘာလိုလိုပေါ့ဗျာ။ ဘယ်က သတင်းကြားတာလဲလို့ မေးတော့ RFA က ကြေညာသွားတာ ကြားလို့တဲ့။ ဘာမှ လှုပ်ရှားမှုမရှိပါဘူးဗျာ။ ပြည်သူများ စိုးရိမ်ပူပန်အောင် သက်သက် လုပ်နေကြတာပါ။” ဟု ပြောသည်။ NUG အကြမ်းဖက်အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်ရန် လှုံ့ဆော်ထားပြီး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ မဟုတ်/မမှန် လုပ်ကြံဖန်တီးရေးသား၍ ဒေသခံများ […]