ylliX - Online Advertising Network

ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ  လူမျိုးစုတွေကို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားကြောင်း AA ဝန်ခံ

ရခိုင်ပြည်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က ဒိုင်းနက်နဲ့ မြိုလူမျိုးစုတွေကို ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ  စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားတာ ဟုတ်မှန်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဝန်ခံထားပါတယ်။   မျိုးနွယ်စုတွေကို စစ်သင်တန်းပေးခြင်းဟာ ဒေသခံတွေရဲ့ အသက်အန္တရယ်လုံခြုံရေးအတွက် လိုအပ်လို့ လုပ်ပေးနေတာဖြစ်တယ်လို့ AA ပြောခွင့်ရသူက CJ Platform ကို ပြောပါတယ်။   “ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒီ မွတ်ဆလင်အစွန်းရောက် အဖွဲ့တွေဟာ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေကို တောက်လျှောက်ခြိမ်းခြောက်လျက်ရှိသလို ဒေသခံတွေ မကြာမကြာ သတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေ ဒီအကြမ်းဖက်သမားတွေဆီမှာ သတ်ဖြတ်မခံရဖို့နဲ့ ဒီ လုံခြုံရေးသတိရှိဖို့ သူတို့ရဲ့ ကျေးရွာကို […]

AA သိမ်းပိုက်ထားတဲ့ မြို့နယ်သုံးခုက စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေး

ရခိုင်ပြည်မှာ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလအတွင်း သိမ်းပိုက်ထားတဲ့ မောင်တော၊ တောင်ကုတ်နဲ့ အမ်း မြို့နယ်တွေက စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်သေးဘဲ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။   ဒီမြို့တွေကို AA သိမ်းပိုက်ထားပေမဲ့ မိုင်းနဲ့ လေကြောင်း အန္တရာယ်ကြောင့် AA က ပြည်သူတွေကို မြို့ထဲပြန်နေခွင့် မပြုသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။   “မြို့ထဲ ပြန်ဝင်ခွင့် မပေးသေးဘူး။ ပေးဝင်လည်း မြို့ပျက်ထဲမှာ ပြန်နေရသလို ဖြစ်မှာပဲ။ ခက်ခဲတယ်။ နေရ၊ ထိုင်ရ၊ စားရသောက်ရ စျေးတွေလည်းကြီးပြီး ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေဆိုရင် တော်တော်ကို စိုးရိမ်ရတယ်။ ပြန်ဝင်ရင်တောင် တော်တော်နဲ့ ပြန်ထူထောင်နိုင်ဖို့ မလွယ်ဘူး”လို့ အမ်းမြို့က အသက် ၅၇ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက […]

ရခိုင် တောင်ကုတ်မြို့နယ်တခုလုံး AA သိမ်းပိုက်ထိန်းချုပ်

ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်တခုလုံးကို AA အရက္ခတပ်တော်က အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီလို့ AA ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ လက်ကျန်စခန်းတွေကိုလည်း A ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ရခိုင်တိုက်ပွဲ နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ် ပြောပြမှာပါ။ AA အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်အတွင်းမောင်တောမြို့နယ်ကို သိမ်းပြီး မကြာခင်မှာပဲ၊ တောင်ကုတ်မြို့ကို ထပ်မံသိမ်းယူလိုက်တာပါ။ တောင်ကုတ်မြို့နယ်တခုလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ညနေပိုင်းမှာ အပြီးသိမ်းပိုက်လိုက်တာဖြစ်ပြီး၊ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ အာရက္ခတပ်တော် AA‌ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ “တောင်ကုတ်မြို့ အခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ စကခ ၅ တပ်မဌာနချုပ်ကို မနေ့က ညနေ ၄နာရီဆယ်မိနစ်လောက်မှာ အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ပြီးဖြစ်ပါတယ်၊ အဲဒီကနေ ထွက် […]

မြို့နယ်သုံးခုဆက်တိုက်သိမ်းထားတဲ့ AA ဂွမြို့သိမ်းတိုက်ပွဲဆက်လက်ဖော်ဆောင်  ခမရ-၅၆၃ ကို AA ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေ

မောင်တော၊ တောင်ကုတ်နဲ့ အမ်းတို့ကိုရထားတဲ့ အာရက္ခတပ်တော်(AA)က ရခိုင်ပြည်၊ တောင်ဘက်စွန်းမြို့ဖြစ်တဲ့ ဂွမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖော်ဆောင်လာနေတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။   ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ဂွမြို့ရှိ စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ ခမရ-၅၆၃ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။   ဂွမြို့အနီးဝန်းကျင်က တပ်စခန်းငယ်တွေကို သိမ်းပိုက်ပြီးနောက် ခမရ-၅၆၃ ကို AA ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီရဲ့တပ်စခန်းတွေ မီးလောင်ပျက်စီးနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။   “ဂွမှာလည်း လက်နက်ချခိုင်းထားတယ်။ အခြေနေမဟန်မှ လက်နက်ချမယ့်သဘောရှိတယ်။ အခုကတော့ ပြန်ခုခံနေလို့ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။   ဂွမြို့အနီးရှိ တပ်စခန်းငယ်တွေကို […]