ရန်ကုန်မြို့ သာကေတမှာ ဒီနေ့မနက်အစောပိုင်းက အိမ်စီးကားတစ်စီး မီးလောင်၊ ယာဥ်မောင်းသူထွက်ပြေး – Myanmar Transparency News Source link
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးဒေသတွင် လောင်းကစားဝိုင်းများ စတင် ပြုလုပ်ပြီး ခိုးဆိုး၊ လုယက်မှုများ ပိုများလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းရသည်။ ဒီဇင်ဘာလ ၈ ရက် ညတွင် စတင်၍ နားကောင်းမူးဒေသ ရပ်ကွက်(၁) ဘုန်းကြီးကျောင်းအနီးတွင် လောင်းကစားပွဲကို ၁၂ ရက်ကြာအထိ ပြုလုပ်မည် သိရသည်။ ထိုလောင်းကစားဝိုင်စတင်ဖွင့်လှစ်ပြီးနောက် ဒေသခံများက ခိုးဆိုးလုယက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လောင်းကစားပွဲလုပ်နေကြတယ်။ ရပ်ကွက် (၁)ဘုန်းကြီးကျောင်းအနီးမှာ ၁၂ ရက်လောက်ထိ ကြာမယ်ပြောတယ်။ မူးယစ်ဆေးဝါးတွေ အရမ်းသုံးစွဲကြလို့ သူခိုးတွေ တော်တော်များလာတယ်။အခု လောင်းကစားပါဖွင့်တော့ ခိုးမှုတွေလုယက်မှုတွေက ပိုဆိုးလာမှာပဲ ကြောက်နေရတယ်” ဟု ၎င်းကဆိုသည်။ သျှမ်းပြည် တစ်ဝန်းတွင် လောင်ကစားပွဲဝိုင်းကို နှစ်စဉ်နှင့်အမျှ ထပ်မံတိုးချဲ ဖွင့်လှစ်လာခြင်းကြောင့် […]
၅.၁၂.၂၀၂၄Written by KL ရှမ်းပြည်နယ်၊ ကလောမြို့၊ လွယ်အံကျေးရွာအုပ်စု၊ ပြည်ထောင်စုလမ်းမကြီး၊ အောင်ပန်း-ကလောလမ်းခွဲ မိုင်တိုင်အမှတ် ၇၆/၀ နှင့်၇၆/၁တွင် ဒီဇင်ဘာလ ၄ ရက် ညနေ ၅ နာရီခန့်က ရပ်ထားသည့် ကျောက်မီးသွေးတင်ကားကို ကုန်စိမ်းကားဝင်တိုက်ရာမှ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပါဝင်သည့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။ ဖြစ်စဥ်မှာ ကျောက်မီးသွေးများတင်ဆောင်ကာ ရပ်ထားသည့် Nissan Diesel ခဲရောင်မော်တော်ယာဥ်ကို ကုန်စိမ်းများတင်ဆောင်ကာ မောင်းနှင်လာသော Isuzu ELF အဖြူရောင် ၆ ဘီး မော်တော်ယာဥ်က အနောက်မှ ဝင်တိုက်ခဲ့သဖြင့် ကုန်စိမ်းယာဥ်၏ ကားခေါင်းခန်းတွင် လူသုံးဦးမှာ ညပ်နေခဲ့ကြောင်း သိရသည်။ “ကားက ခေါင်းတစ်ခုလုံးကြေသွားပေမယ့် လူတွေအသက်အန္တရာယ် မစိုးရိမ်ရဘူး။ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေတော့ ရကြတယ်။ ဒဏ်ရာရသူတွေကအသက်ကြီးပိုင်းတွေပါ”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက […]
၃၀.၁၁. ၂၀၂၄Written by Hey Mar မနက်အစောပိုင်း မီးပျက်လို့ မီးစက်နှိုးပြီး အလုပ်လုပ်ရာက မီးစက်ပြုတ်ကျ မီးလောင်မှုဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၃၀ ရက် မနက် ၆ နာရီ ၂၆ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်က ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ဥယျာဉ်လမ်းရှိ ဗဟိုစံပြငါးဈေး၊ ရေခဲကြိတ်စက်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် စက်ရုံအလုပ်သမားတစ်ဦး မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ အဆိုပါအသင်းတာဝန်ရှိသူက “မနက်က မီးပျက်တယ်လေ။ ပျက်တော့ သူတို့က မီးစက်ကို ခုံအမြင့်ပေါ် ခနော်နီခနော်နဲ့ တင်နှိုးထားပြီး အနောက်မှာ အလုပ်လုပ်နေကြတာ။ မီးစက်က ခုံပေါ်ကနေ ပြုတ်ကျပြီး စလောင်တာ။ သူတို့စက်ရုံက အလုပ်သမားတစ်ဦးလောက်ပဲ […]
ရန်ကုန်ကို ဆွမ်းခံကြွလာရင်း သီရိမင်္ဂလာဈေးအနီးပျောက်ဆုံးသွားတဲ့ ဆရာလေးသုံးပါးအနက်တစ်ပါးကို လေးရက်ကြာသည်အထိ ပြန်မတွေ့သေး – Myanmar Transparency News Source link
ချောင်းဦးပို့မည့် ပစ္စတို ၁၆ လက်နှင့် ကျည်တောင့် ၅၀၀ ကျော် သယ်လာသူကို ညောင်ခါးရှည်မှာ ဖမ်းမိ – Myanmar Transparency News Source link