သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက် ) နေ့လည် ၂ နာရီမှစ၍ မိုင်ရယ် – လားရှိုးမြို့ သွားသည့် လမ်းပိုင်းရှိ ဟိုယ စစ်ကောင်စီစစ် ဆေးရေး ဂိတ်တွင် ရက်အကန့်အသက်မရှိ ပိတ်ထားကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့က စပြီးသူတို့ပိတ်လိုက်တာ။ လိုင်းကားတွေကော ကားကြီးတွေကော အကုန်ပေးမသွားတော့ဘူး။ ဟိုယက စစ်ဆေးရေးဂိတ်မှာ ပိတ်လိုက်တာ။ လားရှိုးကနေလာလည်းမရဘူး သွားလို့လည်းမရဘူး။ တိုင်းဗျူဟာမှူးကိုယ်တိုင် လုပ်ခိုင်းတာတာလို့ ပြောတယ်”ဟု ၎င်းကပြောသည်။ မိုင်းရယ်-လားရှိုးကားလမ်းပိတ် ယခုကဲ့သို့ ပိတ်လိုက်သည့်အတွက် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်သည့် လားရှိုးဒေသထဲတွင်နေထိုင်သည့် ပြည်သူများအတွက် […]