(အမ်းမြို့) အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေ့နှင့် ဆင်ခုံတိုင်ရွာအကြား နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဉ် နေ့လည် ၁၁ နာရီခန့်၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နေ့လည် ၁ နာရီခန့်တွင် သောင်းကျန်းသူများအား ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲခန့်က တိုင်းရုံးရှိ ရေစင်ကုန်း၊ အထက ၂ အနီးရှိ ကာကင်းနေရာများနှင့် တိုင်းရုံး/ ရုံးကာကင်း နေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် ညပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိအချိန်၌ သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။ (တောင်ကုတ်)၎င်းအပြင် နံနက် ၆ နာရီခွဲအချိန်ခန့်က ဆက်သွယ်ရေးတပ်ခွဲအရှေ့ဘက်ရှိ တာဝါတိုင်ကုန်းအား လာရောက်တိုက်ခိုက်ခဲ့သဖြင့် ည ၇ နာရီအချိန်ထိ […]
၂ -၁၂-၂၀၂၄ ရက်နေ့ (အမ်းမြို) နံနက် ၁ နာရီခန့်က တိုင်းရုံးအနောက်ဘက်ကာကင်းအနီး ဝင်ရောက်လာသည့် AA သောင်းကျန်းသူများအား တပ်စစ်ကြောင်းများမှ လေကြောင်း/ လက်နက်ကြီး ပစ်ကူများရယူကာ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းနှင့် နံနက် ၅ နာရီအချိန်ခန့်က တိုင်းမှတ်တမ်းရုံးအနီး ဝင်ရောက်လာသည့် AA သောင်းကျန်းသူများအား တပ်မတော်သားများမှ ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရ။ (တောင်ကုတ်)နံနက် ၅ နာရီခွဲအချိန်ခန့်က စကခ ၅ အနောက်ဘက် ရိပ်သာကြီးကုန်း၊ တပ်မဌာနချုပ် မြောက်ဘက်ကာကင်း၊ အထက ၃ နှင့် မွေးမြူရေးခြံအနီး လုံခြုံရေးနေရာများအား […]