ရန်ကုန်၊ ဇန်နဝါရီ ၂၃ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ဘာသာရပ်ဆိုင်ရာ သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်တတ်သိနားလည်အောင် ကြိုးစားသင်ယူကြရန် မှာကြားသည်။ ထို့နောက် ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဘာသာရပ်ဆိုင်ရာ ဆရာကြီး ဆရာမကြီးများအနေဖြင့် ဘာသာရပ်တစ်ခုချင်းစီကို လွှဲပြောင်းတာဝန်ယူမည့်သူများအား အရည်အချင်းရှိသူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း ပြောကြားပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)စာသင်ခန်း၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး လေ့ကျင့်ရေးအထက်တန်းကျောင်း(TTC)သို့ သွားရောက်ကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ […]
ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) မကြာမီ ရောက်ရှိလာတော့မည့် တရုတ်နှစ်သစ်ကူးပွဲတော် (နွေဦးပွဲတော်) အထိမ်းအမှတ် ပွဲဈေးကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်တန်းတွင် ၇ ရက်ကြာ ကျင်းပသွားမည်ဟု ဈေးပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၈ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။“တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ဆင်နွှဲတဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ရည်ရွယ်ပြီး ပွဲဈေး ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။ မြန်မာနိုင်ငံအစိုးရက တရုတ်နှစ်သစ်ကူးနေ့အား ၂၀၂၅ ခုနှစ်မှစ၍ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တရားဝင်ကြေညာခဲ့သည်။ အဆိုပါပွဲဈေး၌ ခြင်္သေ့အကနှင့် နဂါးအကများ၊ ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုး၊ ကလေးကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ကူးနိုင်သည့် နေရာများနှင့် ဈေးဆိုင်ခန်း အများအပြား ပါဝင်မည်ဖြစ်ကြောင်းလည်း ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ အဆိုပါ ပွဲဈေးကို […]
တာမွေ၊ ဇန်နဝါရီ ၁၃ “ မိဘများ၊ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ ”စုံညီစွာ ကျင်းပကြသည့် ပညာရေးစုံညီပွဲတော်များကို နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများက ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ “ထက်(ပညာ့ရိပ်)” ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ဆက်လက်၍ “ ထက်(ပညာ့ရိပ်) ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “ မင်္ဂလာပါ ” သီချင်းဖြင့် နံနက်ခင်းကို ကြိုဆို၍လည်းကောင်း၊ “ […]
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ SECRETARIAT YANGON (ဝန်ကြီးများရုံး) တွင် Yangon Downtown Lifestyle Shopping Festival နှစ်သစ်ကူးဈေးပွဲတော်ကို တစ်ပတ်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဈေးပွဲတော်ကို ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိ SECRETARIAT YANGON (ဝန်ကြီးများရုံး) Heritage Market ခန်းမကြီးတွင် ပြုလုပ်လျက်ရှိသည်။ (Xinhua) Source link
(၁၂-၁၁-၂၀၂၄ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သည် ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံး၊ သံရုံးယာယီတာဝန်ခံဖြစ်သူ မစ္စတာ အန်နရီကဲ ဘိုလ်တဲ ပင်ငို အား ၁၂-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့)၊ ၁၄၁၅ နာရီအချိန်တွင် နေပြည်တော်ရှိ… Source link