တိုင်းစစ်ဌာနချုပ်အလိုက် ဒီဇင်ဘာလအတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။ -အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများပြားခဲ့သော ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် တို့ အပါအဝင် အခြားနယ်မြေမျာအတွင်းဖြစ်ပွားခဲ့သော နယ်မြေရှင်းလင်းစဉ်ထိတွေ့မှုများ၊ တပ်စခန်းများသို့ လာရောက် တိုက်ခိုက်သည့်ဖြစ်စဉ်များနှင့် ဝေဟင်မှကင်းထောက်ပြီး လေကြောင်းနှင့်မြေပြင်တပ်များ ပူးပေါင်း တိုက်ခိုက်စဉ် ရန်သူထိခိုက်ကျဆုံးမှုအခြေအနေမှန်ကိုသိရှိနိုင်စေရန် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ -ရခိုင်ပြည်နယ်ဘက်ရှိ တိုက်ပွဲဖြစ်စဉ်များကို ပြန်လည်တင်ပြရမယ်ဆိုရင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဝင် ၁၀၀၀ ကျော်အား ကျောက်တော်မှတဆင့် စစ်တွေ၊ အမ်း၊ တောင်ကုတ်သို့ စစ်ကူများပို့ဆောင်နေစဉ် လေကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း၊ ဒီဇင်ဘာလ (၃၁)ရက်နေ့က အကြမ်းဖက်မှုကို မလိုလားသည့် ရခိုင်ဒေသခံများမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် (၃၀၀)ကျော်ခန့် ရခိုင့်အချုပ်အချာအာဏာကျဆုံးခြင်း […]
တိုင်းစစ်ဌာနချုပ်အလိုက် နိုဝင်ဘာလအတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများဇယားပေါင်းချုပ်အားဖော်ပြလိုက်ပါတယ်။ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများပြားခဲ့သော ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် တို့ အပါအဝင် အခြားနယ်မြေမျာအတွင်းဖြစ်ပွားခဲ့သော နယ်မြေရှင်းလင်းစဉ်ထိတွေ့မှုများ၊ တပ်စခန်းများသို့ လာရောက် တိုက်ခိုက်သည့်ဖြစ်စဉ်များနှင့် ဝေဟင်မှကင်းထောက်ပြီး လေကြောင်းနှင့်မြေပြင်တပ်များ ပူးပေါင်းတိုက်ခိုက်စဉ် ရန်သူထိခိုက်ကျဆုံးမှုအခြေအနေမှန်ကိုသိရှိနိုင်စေရန် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တစ်မိုင်ကုန်း၊ အောက်ရွာတံတား၊၊မီးသတ်နှင့်လေးအိမ်စုရွာ၊ အောက်ရွာ ဘုန်းကြီးကျောင်း၊ ဆင်တိုးရွာ၊ ရေစင်ကုန်း နေရာများတွင် အကြမ်းဖက်များထိခိုက်ကျဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး အကြမ်းဖက်သေဆုံးမှု ၃၈၉ ဦးထိရှိခဲ့ကြောင်းတွေ့ရှိရပါတယ်၊ အလားတူ တောင်ကုတ် အနီး ကိုင်းရှည်ရွာ၊ တာဝါတိုင်ကုန်း ဖုန်းညိုရွာ နေရာများ တွင်လည်း အကြမ်းဖက်များ သေဆုံးမှု ၁၅၄ ဦးအထိရှိခဲ့ပြီး အခြား မောင်တော၊သံတွဲနယ်မြေများတွင် ၉၂ […]
တိုင်းစစ်ဌာနချုပ်အလိုက် တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများဇယားပေါင်းချုပ်ကို ၂၀၂၄ နိုဝင်ဘာမှာစတင်ပြီး ၂ ပတ် တစ်ကြိမ်တင်ပေးပါမယ်။ လူမှုကွန်ရက်ပေါ်မှာ တပ်မတော်ရဲ့ထိခိုက်ကျဆုံးတွေကို သတင်းအတုများ၊ ပုံကြီးချဲ့သတင်းများကို ဆန့်ကျင်ဘက်မီဒီယာများက လှုံ့ဆော်နေပြီး ရန်သူရဲ့ အလောင်းကောက်စစ်နည်းဗျူဟာအရ ရန်သူထိခိုက်ကျဆုံးမှုအခြေအနေကို မသိသူများအတွက် မြေပြင်မှာရန်သူထိခိုက်ကျဆုံး (အလောင်းရရှိ) စာရင်းများကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဓာတ်ပုံ၊ မှတ်တမ်းအထောက်အထားများနဲ့ ခိုင်မာသည့်ရန်သူ့ကြားဖြတ်သတင်းများအရ ရရှိသည့်ကိန်းဂဏန်းများဖြစ်ပြီး ယခုထက်ပိုမိုများပြားနေကြောင်း သိရှိရပါတယ်။ Source link
ယခုဖော်ပြထားသည့် အကျိုးအမြတ်ရရှိမှုစာရင်းတွင် အထောက်အထားမဖော်ပြနိုင်သည့် အကြမ်းဖက်သမားများ၏ သေဆုံးမှုအရေအတွက်အား ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများပြားခဲ့သော နယ်မြေများမှ ဖြစ်စဉ်အချို့ကို ထုတ်နုတ်ဖော်ပြအပ်ပါတယ်- မောင်တောမြို့နယ် 1-10-2024 ရက်နေ့မှ 31-10.2024 ရက်နေ့ထိ မောင်တောမြို့နယ် နခခ-၅ တိုက်ပွဲ၊ ရွက်ညိုတောင်ဘုန်းကြီးကျောင်း၊ ဖားဝက်ချောင်းကျေးရွာ၊ မီးလောင်ရွာ၊ ရာတန်ရွာ၊ ညိုရောင်ရွာ၊ စပါးထားရွာ၊ ခမောင်းတောရွာ၊ ကန်ချောင်းရွာ၊ ဇူဠရွာ၊ ခရိုင်တရားရုံး၊ ၃ မိုင်တံတားတို့တွင် တပ်မတော်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းတပ်ဖွဲ့မှ ချေမှုန်းခြင်း၊ အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ်ချေမှုန်းမှုကြောင့် အကြမ်းဖက် AA အဖွဲ့ဝင်များ ၆၂၀ ကျော် သေဆုံးခဲ့ပြီး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရ အမ်းမြို့နယ် 1-10-2024 ရက်နေ့မှ 31-10.2024 ရက်နေ့ထိ အမ်းမြို့နယ် ကြောင်ဖြူကွင်းတိုက်ပွဲ၊ ပဲပဒုံစစ်ဆေးရေးဂိတ်၊ […]