ylliX - Online Advertising Network

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ စစ်ကောင်စီ ဗုံး(၅၆)လုံး ကြဲချတိုက်ခိုက်မှု ဒေသခံ ထိခိုက်သေဆုံး

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကိုယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) က စစ်ကောင်စီ လေကြောင်းမှ ဗုံး ၅၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) တွင် ထုတ်ပြန်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲကျော်မှ ၁ နာရီခွဲ ဝန်းကျင်အထိ စစ်ကောင်စီ Y-12 လေယာဉ်ဖြင့် ဗုံး( ၃၁) လုံး၊ ညနေ ၄ နာရီတွင် ဗုံး (၂၅) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး […]

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်လေယာဉ်ဗုံးကြဲနေ – သျှမ်းသံတော်ဆင့်

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေရာ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် လမှစတင်၍ ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေရာ ကျောက်ဂူတိုက်နယ် အတွင်း နေထိုင်သည့် ဒေသခံများ ထွက်ပြေးနေရစဥ် ယခုကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြစ်သည်။ “၅ ခါ ၆ ခါရှိပြီ ဆက်တိုက်ချနေတာ။ အခုလည်း လေယာဉ် ဝဲနေသေးတယ်။ ဘယ်နေရာကျလဲ သေချာ မသိဘူးလေ၊ ကျောက်ဂူတဝိုက်ပဲ ချတာက၊ ဟိုးအရင်ရက်ကတည်းက အကုန်ပြေးနေရတာလေ” ဟု ဒေသခံတစ်ဉီးက ယနေ့ […]

ငွေပေးဆောင်နိုင်မှသာ ရပ်စောက်မြို့နယ် စစ်ကောင်စီဂိတ်သို့ ဖြတ်သန်းခွင့်ပြု – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် သျှမ်းတောင်မှ သျှမ်းမြောက်သို့ တက်မည့် ကုန်ကားကြီးများကို ငွေကြေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (စက်တင်ဘာလ)တွင် စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းတောင်မှ သျှမ်းမြောက်သို့ သွားမည် ခရီးသည်လိုင်းကားများ၊ ကုန်တင်ယာဉ်များကို စတင်ပိတ်ပင်ရာ ယနေ့ (ဇန်နဝါရီလ ၆ )ရက်၌ ၄ လနီးပါး ရှိပြီ ဖြစ်ကြောင်း ၎င်းလမ်းကို အသုံးပြုသည့် ကားသမားများက ပြောသည်။ အဆိုပါ ဂိတ်ကိုဖြတ်လိုသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များသည် စစ်ကောင်စီတပ်မှ တောင်းသည့် ငွေပမာဏပေးနိုင်မှသာ သွားခွင့်ပြုပြီး စစ်ဆေးရေးလည်း ယခင်ကထက် ပိုတင်းကြပ်နေကြောင်း ၎င်းလမ်းကြောင်းကို အသုံးပြုသည့် ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ပိတ်တာတော့ တော်တော်ကြာနေပြီ ၄ လတောင်ရှိပြီ။ ကုန်တင်ကားမဟုတ်ဘဲ […]

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ တိုက်ပွဲပြင်းထန် 

ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ ဓနုအမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF အကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတဦးသေဆုံး နေအိမ် အဆောက်အဦတွေ ပျက်ဆီးခဲ့တယ်လို့ DPLF ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။ ရန်ကုန်ဘက်က သတင်းပေးပို့ ထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်ဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်နဲ့ ရှမ်းတောင်ကို ဆက်သွယ်ရာမှာ အဓိကကျတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စုကျော်က ဗမာပြည်ကွန်မြူနစ်ပါတီ စိုးမိုးလှုပ်ရှားခဲ့တဲ့ ဒေသလို့ ပြောရမှာပါ။ အခုအခါမှာတော့ ဒီဒေသမှာ လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားနေသလို […]