ylliX - Online Advertising Network

မြန်မာနယ်စပ်မှာ ထိုင်းနိုင်ငံ လုံခြုံရေးတင်းကြပ်

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ နယ်စပ်မှာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်ပေါက်နေရာကို ထိုင်းနိုင်ငံဘက်က သံဆူးကြိုးအကာအရံတွေနဲ့ ပိတ်ပင်တားဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။ ဘုရားသုံးဆူမြို့က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်ပေါက်နေရာကို ထိုင်းနိုင်ငံဘက်က သံဆူးကြိုတွေနဲ့ ခုရက်ပိုင်းအတွင်း ပြန်ကာလိုက်တာပါ၊ ဒါပေမဲ့ အသွားအလာတော့ ပုံမှန်ဆက်ရှိနေတဲ့အကြောင်း လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ မြို့ခံတဦးက ခုလို ပြောပါတယ်။ “ခါတိုင်းလိုဘဲ ပုံမှန်ပေါ့ ထိုင်းနိုင်ငံနယ်စပ်တလျှောက် အကုန်လုံးပြန်ကာတာပေ့ါ အဲ့ပုံစံမျိုး။ ကျနော်တို့ ဒီ ၂၀၁၉ ကိုဗစ်ဖြစ်ကတည်းက […]

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအတွက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီး စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလပိုင်းတွင် ပြုလုပ်လေ့သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာ တက္ကသိုလ် (DSTA ) ကျောင်းဆင်းပွဲများအတွက် စစ်ကောင်စီတပ်မှ စစ်အင်အား အများအပြား ဖြည့်တင်းလာပြီး မြို့အတွင်းနှင့် မြို့ပတ်လည်တွင် စစ်ဆေးမှုတင်းကြပ်နေကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ စစ်သင်တန်းဆင်းပွဲသည် နှစ်စဉ်နှစ်တိုင်း ပြုလုပ်သည့် ပွဲဖြစ်ပြီး ယခုနှစ်သည် စစ်အင်အား အများအပြား တွေ့ရှိရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။ “နှစ်တိုင်းတော့ ဒီဇင်ဘာလ ရောက်ရင် စစ်သင်တန်းဆင်းပွဲ ရှိတယ်။ ဒါမဲ့ ဒီနှစ်က စစ်တပ်ဘက်က အင်အားတွေ တော်တော်ဖြည့်လာတာ တွေ့ရတယ်။ နေရာတိုင်း သူတို့ပဲ နေရာအပြည့် […]

စစ်ခေါင်းဆောင်တက်မည့် ဗိုလ်သင်တန်းဆင်းပွဲအတွက် ပြင်ဦးလွင်တွင် လုံခြုံရေးတင်းကျပ် – Myanmar Now

စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်လေ့ရှိသည့် စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းပွဲကို လာမည့်ရက်ပိုင်းအတွင်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ကျင်းပရန်ပြင်ဆင်နေပြီး မြို့အနှံ့လုံခြုံရေး တင်းကျပ်ထားသည်။ ပြင်ဦးလွင်မြို့တွင် စစ်တက္ကသိုလ်(DSA)နှင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်းပွဲကို ပြီးခဲ့သည့်နှစ်များကလည်း ဒီဇင်ဘာပထမပတ်တွင် ပြုလုပ်လေ့ရှိသည်။  ပြီးခဲ့သည့်နှစ်က DSA အပတ်စဉ် (၆၅) ကျောင်းဆင်းပွဲကို ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပမည်ဟု သတင်းများထွက်ပေါ်နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၂၉ ရက်နေ့မှစပြီး   မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း နှင့် မြို့ပြင်စစ်ဆေးရေးဂိတ်များတွင် စစ်တပ်အင်အားတိုးထားပြီး လုံခြုံရေးအတွက် မန္တလေးနှင့်ကျောက်ဆည်မြို့များမှ သံချပ်ကာတပ်နှင့် တင့်ကားတပ်များကိုပါ ခေါ်ယူထားသည်ဟု မြို့ခံများက ဆိုသည်။ ကျောက်ဆည်မြို့ဘက်မှ ဝင်ရောက်နိုင်သည့် ပြင်စာရွာမလမ်း၊ အနီးစခန်းရွာလမ်း ၊ […]