ylliX - Online Advertising Network

ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ  လူမျိုးစုတွေကို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားကြောင်း AA ဝန်ခံ

ရခိုင်ပြည်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က ဒိုင်းနက်နဲ့ မြိုလူမျိုးစုတွေကို ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ  စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားတာ ဟုတ်မှန်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဝန်ခံထားပါတယ်။   မျိုးနွယ်စုတွေကို စစ်သင်တန်းပေးခြင်းဟာ ဒေသခံတွေရဲ့ အသက်အန္တရယ်လုံခြုံရေးအတွက် လိုအပ်လို့ လုပ်ပေးနေတာဖြစ်တယ်လို့ AA ပြောခွင့်ရသူက CJ Platform ကို ပြောပါတယ်။   “ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒီ မွတ်ဆလင်အစွန်းရောက် အဖွဲ့တွေဟာ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေကို တောက်လျှောက်ခြိမ်းခြောက်လျက်ရှိသလို ဒေသခံတွေ မကြာမကြာ သတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေ ဒီအကြမ်းဖက်သမားတွေဆီမှာ သတ်ဖြတ်မခံရဖို့နဲ့ ဒီ လုံခြုံရေးသတိရှိဖို့ သူတို့ရဲ့ ကျေးရွာကို […]