ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည့်သတင်း Source link
မကွေး ၊ နိုဝင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် မူခင်းလက်ကျန်ကျဆင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။ရှေးဦးစွာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က အမှာစကား ပြောကြားရာတွင် မှုခင်းလက်ကျန်များ အခြေအနေနှင့် မှုခင်းများ အမြန်ပြီးဖြတ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ထို့နောက် တရားလွှတ်တော်တရားသူကြီး ဒေါ်သင်းသင်းချိုက မှုခင်းများ မြန်ဆန်စွာ ပြီးပြတ်ရေး ဆောင်ရွက်ရန် အချက်များကိုလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က တွေ့ကြုံရသော အခက်အခဲများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် အချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က အမှုလက်ကျန်လျော့နည်းကျဆင်းရေးနှင့် တရားစီရင်ရေးနှင့် စပ်လျဉ် းသည့် စီမံခန့်ခွဲရေး ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားကို မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်မှ […]
ဒဂုံဆိပ်ကမ်း ၊ နိုဝင်ဘာ ၁၀ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအတွက် အသိပညာ ဗဟုသုတများ တိုးတက်မြင့်မားစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်ပင်ကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ (၈) ရက်နေ့က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်မိုးကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူက မြို့နယ်အတွင်းရှိ ကျေးရွာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ […]
နေပြည်တော်၊ နိုဝင်ဘာ ၉ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ခေတ်အဆက်ဆက် မြန်မာ့အင်ဂျင်နီယာများ၏ နိုင်ငံ့အကျိုးပြုစွမ်းဆောင်နိုင်မှု သမိုင်းမှတ်တိုင်များကို လူငယ်များက အားကျအတုယူပြီး ခေတ်မီအင်ဂျင်နီယာနည်းပညာ တီထွင် ဖန်တီးနိုင်မှုများကို ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့အတူ ပြည်သူများအတွက် အားထားရသည့် လူငယ်အင်ဂျင်နီယာကောင်းများ ပိုမိုပေါ်ထွန်းလာစေရန်နှင့် လူငယ်အင်ဂျင်နီယာများ၏ စွမ်းရည်ဖြင့် နိုင်ငံ့အနာဂတ်ကောင်းများ ထွန်းလင်းနိုင်စေရန်၊ နိုင်ငံ တကာအဆင့်မီ အင်ဂျင်နီယာပညာရေးလုပ်ငန်းစဉ်များကို Stakeholders များနှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် Source link