ylliX - Online Advertising Network

အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

  အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့၏ (၁၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက် (သောကြာနေ့) မွန်းလွဲ (၁၃:၃၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သဘောထားမှတ်ချက်များနှင့်အညီ  စည်းမျဉ်းအရ USF ရန်ပုံငွေကို အတိုးနှင့် အကျိုးအမြတ်ရရှိစေရေး ဆောင်ရွက်သင့်သည့်ကိစ္စများ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာတို့တွင် ဆက်သွယ်ရေးကွန်ရက် ရရှိရေးအတွက် ဆက်သွယ်ရေးအော်ပရေတာ(၄)ဦးအား တင်ဒါခေါ်ယူဆောင်ရွက်ထားသည့်ကိစ္စများ၊ SIM Registration […]

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် | Ministry Of Information Skip to main content Breadcrumb Home  /  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် Source link

■ အသင်းသားရေးရာကော်မတီ (၅/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

23 December 2024 _____ Hybrid Meeting၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်၊ နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အသင်းသားရေးရာကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြှောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိအသင်းဝင်အင်အားစာရင်းတင်ပြခြင်းနှင့် အသင်းဝင်သစ်စာရင်းအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ၄/၂၀၂၄ ကြိမ်မြှောက် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအား အတည်ပြုခြင်းနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြခြင်း၊ ကော်မတီဝင်များမှ တင်ပြသော အရေးကြီးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ UMFCCI ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများတွေ့ဆုံပွဲ၏ အသင်းသားရေးရာကိစ္စရပ်များ တင်ပြခြင်း၊ အဖွဲ့ချုပ်၏ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်နိုင်ရေးကိစ္စနှင်ပတ်သက်၍ညှိနှိုင်းဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာသူများမှ […]

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပ

ဒီဇင်ဘာလ ၁၁ ရက်   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းဆပ်ကော်မတီ ၇ ခုတို့မှ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဒေသ ဆိုင်ရာ လုပ်ငန်းကော်မတီများမှ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီး အဆင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြပါသည်။   ရှေးဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး […]

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ (အ-၆/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး

28 November 2024 _____ Hybrid Meetingမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၆/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော ခရီးသွားလုပ်ငန်းတတ်သိပညာရှင်အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူးကိုယ်စား တွဲဖက် အထွေထွေအတွင်းရေးမှူး (၁)မှ ရှင်လင်းတင်ပြခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ ဖတ်ကြားတင်ပြခြင်း၊ Tourism Master Plan ပြည်လည်ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပြန်လည်ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် ဒေါ်ကြည်ကြည်အေး မှ ရှင်းလင်းတင်ပြခြင်း၊ အဖွဲ့ချုပ် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့၏ […]

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၇ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေး ဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဆပ်ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း တက်ရောက်အမှာစကား ပြောကြားသည်။ ဦးစွာ ဒုတိယဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေးအတွက် လုပ်ငန်းအဖွဲ့အလိုက် အလေးထားဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အရေးပေါ်ကိစ္စရပ်များအတွက် ဆက်သွယ်ရေး လမ်းကြောင်းများ သေချာစွာဆောင်ရွက်ရန်၊ လူနာများ လွှဲပြောင်းဆောင်ရွက်နိုင်ရေး လူနာတင်ယာဉ်များ လုံလောက်အောင် စီစဉ်ဆောင်ရွက်ထားရန်၊ ဆေးရုံများ၌ လူနာများ လက်ခံ ကုသနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ အစားအသောက်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေးအတွက် ချက်ပြုတ်ကျွေးမွေးမည့် အစားအသောက်များကို ပုံမှန်စစ်ဆေးနေကျ ဆောင်ရွက်မှုများသာမက ပြင်ပအစားအသောက်များ ယူဆောင် စားသောက်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရေး သက်ဆိုင်ရာဌာနများနှင့် […]

■ ဗဟိုအလုပ်အမှုဆောင်အဖွဲ့/ စီမံခန့်ခွဲရေးကော်မတီ (ဗစ-၇ ၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး

8 November 2024 _______ Hybrid Meeting မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ (ဗစ-၇ ၂၃-၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်း (၁၀)နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင် အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။အစီအစဥ်အရ အစည်းအဝေးသဘာပတိ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးရှင်းတမ်းအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအားဖတ်ကြားတင်ပြခြင်း၊ ဆက်လက်၍ တက်ရောက်လာကြသူများမှ ခရီးသွားလုပ်ငန်းကော်မတီတွင် ပုဂ္ဂလိက အသင်းအဖွဲ့ကိုယ်စားလှယ်အနေဖြင့် အဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၁)ဦး အစားထိုးပြောင်းလဲနိုင်ရန် ဆွေးနွေးခြင်း၊ အခမ်းအနားများနှင့် ပွဲတော်များအတွက် ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ Myanmar Tourism Master Plan ပြန်လည်ရေးဆွဲနေခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရီးသွားလုပ်ငန်း တတ်သိပညာရှင် […]