စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ကိုးကန့်၊ တအာင်း (ပလောင်) နှင့် ဂေါ်ရခါးလူမျိုးများ သေဆုံး၊ ပိတ်မိ၊ ပျောက်ဆုံးနေပြီး ဒဏ်ရာရရှိသူ ၅၀၀ နီးပါးရှိကြောင်း သတင်းအမှား ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချယ်နယ်လ်တစ်ခုဖြစ်သည့် Kyaw Swar ချန်နယ်လ်က ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၅၀၀ နီးပါးရှိကြောင်း ကနဦးသိရသည်ဟု ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် မိုးကုတ်မြို့ ဂေါက်ကွင်း၌ ကျောက်တူးနေသည့် TNLA အကြီးပိုင်းများနှင့် ကွင်းထဲရောက်နေသူများရှိချိန် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့၍ ထိခိုက်သေဆုံးမှု များပြားကြောင်း သခင်ဦး ချန်နယ်လ်က ဖြန့်ချိနေသည်။ ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၃၈,၀၀၀ ကျော်ရှိပြီး Kyaw Swar ချန်နယ်လ်အပြင် စစ်ကောင်စီအာပေး […]
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Mawshan Myay Media ချန်နယ်လ်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်မှု မရှိကြောင်း၊ သတင်းမီဒီယာများမှ ဖော်ပြသောအကြောင်းအရာသည် မမှန်ကန်ကြောင်းဆိုပြီးလည်း ရေးသားဖြန့်ဝေခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၄,၀၀၀ ကျော်ရှိပြီး Mawshan Myay Media ချန်နယ်လ်အပြင် အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များကလည်း ထပ်ဆင့်ဖြန့်ဝေထားသည်။မူရင်းလင့်ခ် – https://archive.ph/zzeZt ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/xmpEo သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာတွေကို Myanmar Fact-checking […]
သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ အင်းဝိုင်းသကြားစက်ရုံးအတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရန် ပြင်ဆင်နေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အား စစ်ကောင်စီမှ ဗုံးကြဲခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်မှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၃,၀၀၀ ကျော်ရှိသည်။ မူရင်းလင့််ခ် – https://archive.ph/ZWgLy ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/CVqkL သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့်အကြောင်းရာကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာသည် မှားယွင်းနေပါသည်။ သတင်း စစ်ဆေးတွေ့ရှိချက် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ သကြားစက်ရုံကို နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသတွင်း သတင်းဌာနဲ့ […]
ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ ထိခိုက်သေဆုံးမှုများသည်ဟု သတင်းအမှား ဖြန့်ချိနေသည် စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “Thazin Oo”ချန်နယ်လ်မှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ရိုက်ကူးရေး ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။ သတင်းအမှားဖြန့်ချိသူ ဗီဒီယိုဖိုင်တွင် “ဒီဗီဒီယိုကို ကြည့်ရသလောက်တော့ တပ်မတော်စခန်းကုန်းတစ်ခုကို PDF တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA သော်လည်းကောင်း၊ TNLA သော်လည်းကောင်း၊ AA သော်လည်းကောင်း အဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတဲ့အဖွဲ့တစ်ခုကနေပြီးတော့ တပ်မတော်စခန်းကုန်းတစ်ခုကို လာတိုက်တဲ့ဗီဒီယိုဖိုင်မှတ်တမ်းဖြစ်ဖို့များတယ် ယူဆပါတယ်။ အဲ့ကြောင့် သေချာပေါက် ဗီဒီယိုဖိုင်ထဲက သေကြေသွားတဲ့သူတွေဟာ PDF ဖြစ်ဖို့များတယ်” ဟု (မူရင်းအတိုင်း) အမျိုးသမီးတစ်ဦးက ပြောဆိုထားသည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၉,၀၀၀ ကျော်ရှိပြီး […]
ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများအား အစာရေစာ ဖြတ်တောက်၍ စစ်သင်တန်းရက်တိုတက်ရောက်မှသာ ထမင်းကျွေးကြောင်း ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ် Thazin Oo ချန်နယ်လ်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖြစ်ချိခဲ့ပြီး “အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုက ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို အစာရေစာ ဖြတ်တောက်ပြီး ရက်တိုစစ်သင်တန်းတတ်မှ ထမင်းကျွေးတာမျိုးတွေ လုပ်နေတယ်လို့ ကြားသိရပါတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၇,၀၀၀ ကျော်ပြီး Thazin Oo ချန်နယ်လ်အပြင် အခြားစစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်နယ်ချန်နယ်လ်ပါ ဖြန့်ချိထားသည်။ မူရင်းလင့်ခ် – https://archive.ph/qJWqL ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/2ci3l Myanmar Fact-checking Network အဖွဲ့ဝင် […]
သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် KO Thet ချန်နယ်လ်မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး“ကယန်းပြည်သစ်နဲ့ NUG ဒေါခင်မြတ်ဦး၊ ပျားစစ်ကြောင်း ဗျူဟာမှူးဆင့်ရှိ ဌေးမြင့်လှိုင်တို့ ပတ်သတ်မှုရှိနေကြောင်း သိရှိရပြီး NLD ပါတီဝင်၊ PDF များကို ဖယ်ခုံလူထုက ထောက်ပံ့မှု၊ ထောက်ခံမှု၊ အလှူငွေပေးမှု အားနည်းနေသဖြင့် တစ်မြို့လုံးကို ဖျက်ဆီးရန် ဒေါ်ခင်မြတ်ဦးမှ စေခိုင်းခဲ့ ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။ ထိုသို့စေခိုင်းပြီး ၂၀၂၄ အောက်တိုဘာလ အခုရက်ပိုင်းအတွင်း ဖယ်ခုံမြို့တွင် မီးများဆက်တိုက်လောင်ကျွမ်း နေကြောင်းဆိုပြီးလည်း ရေးသားဖြန့်ဝေခဲ့သည်။ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၃၀,၀၀၀ ကျော်ရှိပြီး KO Thet ချန်နယ်လ်အပြင် […]
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်သတင်းပေး ဒလန်ဟုစွပ်စွဲပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF ကသတ်ဖြတ်ခဲ့သည်ဟုဆိုကာ သတင်းအမှားဖြန့်ချိနေသည်။ Subscribers ၁၅၀,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ် “မှိုင်းဝေ”ချန်နယ်လ်မှ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ထီးလင်းမြို့နယ်တွင် ကျားခဲကျေးရွာမှ အမျိုးသား ၄ ဦး အကြမ်းဖက် PDF များမှ စစ်တပ်သတင်းပေးဒလန်ဟု စွပ်စွဲကာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်” ဟု (မူးရင်းအတိုင်း) ဆိုတာ ရေးသားဖြန့်ဝေခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၅,၀၀၀ ကျော်ရှိသည်။ မူရင်းလင့်ခ် – https://archive.ph/xAaPn သို့ပေမယ့် ကျားခဲကျေးရွာမှ အရပ်သားသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီအာပေး တယ်လီဂရမ်ချန်နယ်လ် ဝါဒဖြန့်ချန်နယ်လ်တွင် ကျားခဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း […]