မြန်မာ-တရုတ်နယ်စပ်အနီး တည်ရှိသော ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်မြို့ရှိ စစ်စခန်းများကို အရှိိန်မြှင့်ထိုးစစ်ဆင်နေသည့် ၄ ရက်အတွင်း အမြောက်တပ် ၂ ခုနှင့် လေယာဉ်ကွင်းကို သိမ်းပိုက်ထားနိုင်ပြီး ကျန်စခန်းများကို တိုက်ခိုက်နေဆဲဖြစ်သည် ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ (ဇန်နဝါရီ ၂၇) ညနေပိုင်းတွင် ပြောသည်။ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ KIA ၊ ကချင်ဒေသကာကွယ်ရေးတပ်များ (KPDF) နှင့် ပူးပေါင်း တပ်များက ဗန်းမော်မြို့နှင့် အနီးရှိမံစီမြို့တို့ကို စတင်တိုက်ခိုက်ခဲ့ကြပြီး ယခုလဆန်းတွင် တိုက်ပွဲ အရှိန်လျော့သွားသော်လည် ဇန်နဝါရီ နောက်ဆုံးပတ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာ သည်။ ထိုးစစ်ဆင်ပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၂၆ ရက်နေ့တွင် စစ်ကောင်စီ […]