ylliX - Online Advertising Network

သျှမ်းမြောက် တကျော့ပြန် လေကြောင်း တိုက်ခိုက်မှု သတိပြုရန်လိုအပ်

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့က ပြုလုပ်သည့် ကိုးကန့်တပ် (MNDAA) နှင့် စစ်ကောင်စီ တို့၏ ဆွေးနွေးပွဲ ရလဒ် တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံးသွားပြီးနောက် သျှမ်းမြောက်ဒေသနေ ပြည်သူများ အနေဖြင့် တကျော့ပြန် လေကြောင်း တိုက်ခိုက်မှု သတိပြုရန် လိုအပ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်) တွင် သတိပေး ပြောဆိုသည်။ တရုတ် အထူးကိုယ်စားလှယ်၏ ကြားဝင်မှုဖြင့် ကျင်းပသည့် ကူမင်း ဆွေးနွေးပွဲကို ကိုကန့်တပ် ဘက်မှ ဦးဖုန်တာရွှင် ၏ သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနကြီးမှူး ဖုန်ခွင်း ဦးဆောင် တက်ရောက်ပြီး စစ်ကောင်စီဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင် တက်ရောက်သည်ဟု […]

သျှမ်းမြောက် စစ်ရှောင်လူငယ်များ ကျားဖြန့်လုပ်ငန်းကို ပိုလုပ်ကိုင်နေရ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံ ရပြီးနောက်တွင် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ပြီး ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇”စစ်ဆင်ရေး ပထမလိုင်းတွင် သျှမ်းမြောက်တစ်ကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ သိန္နီ စသည့်မြို့နယ်ဒေသအများစုသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး အခြားဒေသ သို့ စစ်ရှောင်ခဲ့ရသည်။ ထို့ကြောင့် စစ်ရှောင်နေရသည့် လူငယ်အများစုသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်အာဏာသိမ်းပြီးနောက်ကတည်းက ဒီကျားဖြန့်လုပ်ငန်းကို ပိုလုပ်လာကြတယ်။ “၁၀၂၇” စစ်ဆင်ရေး ပထမလိုင်းဖြစ်ပြီးနောက်ဆိုရင် ပိုဆိုးလာတာပေါ့ ။ စစ်တပ်က နေရာတိုင်းကိုလိုက်ပြီး ဗုံးကြဲတယ် ပြည်သူတွေလည်း တခြားနေရာကို ရှောင်နေရတယ်။ အလုပ်အကိုင်လည်း မရှိတော့ ဒီကျားဖြန့်ထဲကို […]

တရုတ်ဖိအားကြောင့် သျှမ်းမြောက် စစ်တန့်နေပြီလော – သျှမ်းသံတော်ဆင့်

တည်ငြိမ်လှသည့် “ဝ” ဒေသ တနေရာတွင် စက်ဆုံးဆီ တန်းစီရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ တရုတ်ဘက်မှ ပိတ်ဆို့မှုကြောင့် နယ်စပ်ဒေသ မြို့ရွာများတွင် စက်သုံးဆီ စတင်ပြတ်တောက်လာပြီး စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်း ရှားပါးမှုများ စတင် ကြုံတွေ့နေရပြီ ဖြစ်သည်။ ထို့အတူ သျှမ်းမြောက် အပါအဝင် တိုင်းရင်းသား တော်လှန်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်လေယာဥ်များဖြင့် နေ့စဥ် ဗုံးကြဲနေရာ လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ ဘုံးဘုံးလဲပြို ပျက်စီးနေလေပြီ။ သျှမ်းမြောက်ကို သိမ်းပိုက်ထားသည့် တော်လှန်ရေးတပ်များ အနေဖြင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို တုန့်ပြန်နိုင်စွမ်း ကင်းမဲ့နေသည်မှာ ပကတိ အမှန်တရား ဖြစ်သည်။ ယင်းအခြေအနေတွင် တရုတ်နိုင်ငံက ဖိအားများစွာ ပေးနေသည်ဖြစ်ရာ သျှမ်းမြောက် တော်လှန်ရေးတပ်များ အတွက် […]