Gas Terminal ဟု ခေါ်သည့် ဓာတ်ငွေ့ သိုလှောင်၊ ပြုပြင်၊ ဖြန့်ဖြူးမည့်နေရာတစ်ခု ပူးပေါင်းတည်ဆောက်ရန် စစ်ကောင်စီက နေပြည်တော်၊ ရခိုင်ပြည်နယ်တို့တွင် လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီတစ်ခုကို ချဉ်းကပ်နေသည်။ တည်ဆောက်ရန်အတွက် တရုတ်အစိုးရ၏ အရှေ့တောင်အာရှ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (South-East Asia Crude Oil Pipeline/Gas Pipeline) နှင့် ဒီဇင်ဘာ ၂၃ ရက်တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ မည့်သည့်နေရာတွင် တည်ဆောက်လိုကြောင်း သတင်းတွင် ဖော်ပြမထားပေ။ ထို LNG စီမံကိန်းသည် ရခိုင်ကမ်းလွန်မှ မဟာသဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သော Myanmar Now သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မဟာသဘာဝဓာတ်ငွေ့လုပ်ကွက်သည် တရုတ်နိုင်ငံသို့ […]