Pan American လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီနောက် ပြန်ပေါ် လာခဲ့တယ်ဆိုပြီး ဖြန့်ချိနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၇၀၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။ “နှစ်ပေါင်း(၃၇)နှစ်ကြာမှ ပြန်လည် ဆင်းသက်လာခဲ့တဲ့ အမေရိကန်လေယာဉ်” မူရင်းလင်ခ့် – Facebook link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် ပုံနှိပ်အခြေစိုက် အဝါရောင်သတင်းစာ ဖြစ်တဲ့ Weekly World News […]
မော်စကို၏ ယူကရိန်းစစ်ပွဲ လေးနှစ်မြောက်ကာလသို့ ဝင်ရောက်လာတော့မည့် နှစ်သစ်တွင် ပြည်သူများ စည်းလုံးညီညွတ်ကြရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်တွန်းလိုက်သည်။ “အားလုံးအဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်၊ ငါတို့ ရှေ့ဆက်ချီတက်ကြမှာပါ” ဟု သူ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ရုရှားသမ္မတက ပြောကြားခဲ့သည်။ ယူကရိန်းစစ်ပွဲကို အမည်တပ်ပြောဆိုခြင်းမပြုဘဲ လက်ရှိဆောင်ရွက်နေသာ ရုရှားစစ်သားများကို ပူတင်က ချီးကျူးခဲ့သည်။ “ဒီကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နေရတဲ့ မင်းတို့ဟာ စစ်မှန်တဲ့ သူရဲကောင်းတွေပါ” ဟု သူက ပြောကြားခဲ့သည်။ ရဲဘော်များသည် ရုရှားနိုင်ငံကို ကာကွယ်ပေးမည်ဖြစ်ကာ ရုရှားပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်သော ငြိမ်းချမ်းရေးကို အာမခံချက်ပေးမည်ဖြစ်သည်ဟု ပူတင်က ဆက်လက်ပြောဆိုခဲ့သည်။ သမ္မတ၏ သုံးမိနစ်ခွဲကြာ မိန့်ခွန်းကို နိုင်ငံ၏ အချိန်ဇုန် ၁၁ ခုအလိုက် ထုတ်လွှင့်နေပြီး အင်္ဂါနေ့ ဂရင်းနစ်စံတော်ချိန် ၁၂း၀၀ […]
အမေရိကန်ရဲ့ မဟာမိတ်ခေါင်းဆောင်တွေကိုမှ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ICC ဟာ ထရန့်အစိုးရ လက်ထက် ရောက်ချိန်မှာ ပိတ်ဆို့ခံရတော့မယ့် ဘဝရောက်နေရှာ – Myanmar Transparency News Source link
အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရင်း တော်လှန်ရေးလမ်းခုလတ်မှာပဲ ရဝမ်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးချန်းဆင်ဇီဟာ (နိုဝင်ဘာ ၂၇ ရက်) ည ၁၀နာရီ ၂၀ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ဆော့လော့မြို့နယ် လန်ဆယ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နာမကျန်းဖြစ်နေသောကြောင့် ဆေးကုသရန်ပြင်ဆင်နေချိန် ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ KPF တပ်ဖွဲ့ မှပြောပါတယ်။ လန်ဆယ်ကိုသိမ်းတဲ့ ရှေ့တန်းမှာ အတူပါဝင်ခဲ့သူဖြစ်ပြီး အဲ့ခရီးမှာ ခရီးပန်းရာမှစလို့ နာမကျန်းဖြစ်ခဲ့ကာ ဌာနချုပ်မှာ ဆေးကုဖို့ကြိုးစားနေစဉ်မှာပဲ သတိလစ်ပြီး ခုလို ဆုံးပါးသွားကြောင်း သိရပါတယ်။ ဦးချန်းဆင်ဇီဟာ ကချင်ပြည်နယ်၊ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီဝင်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးတဦး ဖြစ်ပါတယ်။ “ဝန်ကြီးက ရဝမ်လူထုအတွက်သာမကဘဲ ကျွန်တော်တို့ တော်လှန်ရေးအတွက်ရော နိုင်ငံအတွက်ပါ စံပြနမူနာယူရမယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရဝမ်လူထုအတွက်သာမက ကျွန်တော်တို့ပူတာအိုဒေသအတွက် အားလုံးအတွက် စံပြပုဂ္ဂိုလ်ဖြစ်တယ်။ စွန့်လွှတ်စွန့်စားကိုယ်ကျိုးစွန့်ပြီး တစိုက်မတ်မတ် […]