ဟားခါး , ဒီဇင်ဘာ ၃၁ ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ယနေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပပြုလုပ်သည်။ အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များက လွတ်လပ်ရေးနေ့ သမိုင်းကြောင်းနှင့် လွတ်လပ်ရေးအနှစ်သာရကို သိရှိနားလည်ပြီး လွတ်လပ်ရေးအဓွန့်ရှည် တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ပန်းချီပြိုင်ပွဲ၏ခေါင်းစဉ်မှာ လွတ်လပ်ရေးအားမာန်ခေါင်းစဉ်ဖြစ်ပြီး အထက်တန်းအဆင့်မှ (၁၂)ဦး၊ အလယ်တန်းအဆင့်မှ (၇)ဦး ၊ မူလတန်းအဆင့်မှ (၂၅)ဦး ၊ ပေါင်း(၄၄)ဦးကလည်းကောင်း၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်မှာ လွတ်လပ်ရေးအမွေဖြစ်ပြီး အထက်တန်းကျောင်းသား ကျောင်းသူ(၂၀)ဦးကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်မှာ လွတ်လပ်ရေးနေ့နှင့်လူငယ့်တာဝန်ဖြစ်ပြီး အလက်တန်းကျောင်းသား ကျောင်းသူ(၂၂)ဦးကလည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်မှာ လွတ်လပ်ရေးအောင်ပွဲနေ့ဖြစ်ပြီး မူလတန်းကျောင်းသား ကျောင်းသူ(၂၄)ဦးကလည်းကောင်း၊ […]
ယနေ့ (ဒီဇင်ဘာ ၁၀) နံနက်တွင် ချင်းပြည်နယ်မြို့တော် ဟားခါးမြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ချွန်ကျုံးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ မိသားစုဝင်ခြောက်ဦး နေထိုင်သည့် နေအိမ်ကို ဗုံးနှစ်လုံး ထိမှန်ခဲ့ကြောင်း၊ အသက် ၆၀ ကျော်အရွယ် ဦးရမ်ကျုံး နှင့် သူ၏ဇနီး၊ သမီးနှင့် ဆယ်ကျော်သက်အရွယ် မြေးဖြစ်သူတို့ သေဆုံးသွားပြီး ကလေးငယ်နှစ်ဦး ကျန်ရစ်ကြောင်း ချွန်ကျုံးရွာတစ်ဦးကပြောသည်။ ၂ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေသတွင်းအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့က ဒဏ်ရာရသူ အရေအတွက် ၁၀ ဦးထက်မနည်းရှိနိုင်ကြောင်းယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ နာရေးအစီအစဉ် ပြုလုပ်ရန် ယနေ့နံနက်ပိုင်းက ပြင်ဆင်နေဆဲဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ […]
ဟားခါး၊ နိုဝင်ဘာ ၉ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်း /တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင် မိသားစုများ၏ ၂၀၂၄ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။ ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါးမြို့၊ မြို့မသာသနာပြုကျောင်း လက်ထောက်ဆရာတော် ဘဒ္ဒန္တသြသဓထံမှ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ၁၃၈၆ ခုနှစ်ခု၊ စုပေါင်းမဟာဘုံကထိန် ကထိန်ခံကျောင်းဖြစ်သော မြို့မဗဟို သာသနာပြုကျောင်းမှ လက်ထောက်သာသနာပြုဆရာတော် ဘဒ္ဒန္တသြသဓအား ချင်းပြည်နယ် ဝန်ကြီးချုပ် ကိုယ်စားလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး […]