ylliX - Online Advertising Network

အင်တာနက် ပိတ်ပင်မှုကြောင့် ၂၀၂၄ မြန်မာ့စီးပွားရေး ဒေါ်လာဘီလျံနဲ့ချီ ထိခိုက်

မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ အင်တာနက် ပိတ်ပင်မှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှု ပမာဏ အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁ ဒသမ ၅၈ ဘီလျံ ဆုံးရှုံးခဲ့တဲ့အကြောင်း ကမ္ဘာတဝှမ်း အင်တာနက်ပိတ်ပင်မှုနဲ့ စီးပွားရေး ထိခိုက်မှု လေ့လာဆန်းစစ်တဲ့ UK အခြေစိုက် Top10VPN အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ကမ္ဘာတဝှမ်းမှာ ၂၀၂၄ ခုနှစ်အတွင်း အစိုးရတွေရဲ့ ရည်ရွယ်ချက်ရှိရှိ အင်တာနက်ပိတ်ပင်မှုတွေ အရင်ကထက် ပိုများလာခဲ့ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ နာရီပေါင်း ၈၉၀၀၀ ကျော် ပိတ်ပင်ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ယက်တွေ ပိတ်ပင်ခံရတဲ့အတွက် ကမ္ဘာတဝှမ်း […]

ဆန္ဒပြပွဲတွေ ကျင်းပမယ့် ပါကစ္စတန်မှာ မိုဘိုင်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေ အစိုးရဖြတ်တောက်

အကျဉ်းကျနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံသူတွေ အစ္စလာမာဘတ်မြို့တော်မှာ ဆန္ဒပြဖို့ စီစဉ်နေချိန်မှာပဲ လုံခြုံရေး စိုးရိမ်ရတဲ့နေရတွေလို့ဆိုတဲ့ နယ်မြေတွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေကို ဖြတ်တောက်လိုက်ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အသုံးပြုခွင့် တားမြစ်ထားတဲ့ X လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ကြေညာချက်မှာတော့ တားမြစ်လိုက်တဲ့ နေရာတွေကို ဖော်ပြမထားသလို၊ ဘယ်လောက်ကြာကြာ ဖြတ်တောက်မယ်ဆိုတာလည်း မပြောပါဘူး။ နိုင်ငံတွင်းက ကျန်နေရာတွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကို ပုံမှန်အတိုင်း အသုံးပြုနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ တချိန်တည်းမှာပဲ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Nayatel ကတော့ မိုဘိုင်းဖုန်း ဆက်သွယ်မှုတွေ ဖြတ်တောက်ခံရတဲ့ နယ်မြေတွေမှာ ရိုးရိုးဖုန်းလိုင်းတွေကို အသုံးပြု ဆက်သွယ်နိုင်ကြောင်း ဝန်ဆောင်မှု အသုံးပြုသူတွေကို […]

အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဆင့်မှာ တရုတ်ထက် မြန်မာကသာ – Western News

အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်မှုကို တစ်ဖြေးဖြေးတင်းကျပ်ကာ […]