ylliX - Online Advertising Network

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဒု-ဝန်ကြီး အထူးအလေးထားတိုက်တွန်း – Popular

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီးဦးကိုကိုကျော်မှ ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့က နေပြည်တော်၌ကျင်းပသည့် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး”ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ”ကို ကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသခွဲဆိုင်ရာအဖွဲ့အစည်းများ၊ အာရှ-ဥရောပ အစည်းအဝေး(အေဆမ်)၊ အာရှပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ(အေစီဒီ)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အက်စ်စီအို) စသည့် ဒေသတွင်း၊ ဒေသခွဲဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် နှစ်နိုင်ငံချင်း၊ ဒေသတွင်း၊ ဒေသခွဲနှင့် နိုင်ငံတကာအစီအစဉ်များတွင် ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်ခြင်းဖြင့် ပြည်ပဆက်ဆံရေးပိုမိုအားကောင်းလာစေရန်နှင့် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များအား ဦးစားပေးဖော်ဆောင်ရာတွင် […]