ဟောလိဝုဒ် အပါအဝင် မြေဧက ၂၇,၀၀၀ ကျော်နှင့်အဆောက်အအုံ ၂,၀၀၀ ကျော် မီးလောင်ကျွမ်း ၉.၁.၂၀၂၅Translated by Htwe Ko Tun အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လ်ခရိုင်အတွင်း ဇန်နဝါရီလ ၇ ရက်ကစတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် သေဆုံးရသူအနည်းဆုံးငါးဦးရှိသွားခဲ့ပြီဖြစ်သလို ခရိုင်အနှံ့ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ခြောက်နေရာမှာ လောင်ကျွမ်းနေတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နျူးဆမ်က ဇန်နဝါရီလ ၈ ရက်မှာ ပြောခဲ့ပါတယ်။ အခုအခါ လော့စ်အိန်ဂျယ်လ်ခရိုင်အတွင်း တောမီးလောင်ကျွမ်းမှုက ခြောက်နေရာမှာဖြစ်နေတဲ့အနက် အဆိုးဝါးဆုံးက Pacific Palisades ဝန်းကျင်ဒေသမှာ လောင်ကျွမ်းတဲ့တောမီးဖြစ်ပြီး ဧက ၁၅,၈၀၀ ကျော် မီးလောင်ကျွမ်းသွားခဲ့ပါပြီ။ ဒေသအတွင်းစုစုပေါင်းမီးလောင်ကျွမ်းမှု က ဧက ၂၇,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တစ်ခါမှမကြုံဖူးခဲ့တဲ့ သမိုင်းဝင်စံချိန်တင်မယ့် တောမီးလောင်ကျွမ်းမှုကို ရင်ဆိုင်နေရပြီး […]
တရုတ်နိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ပြင်းထန်သည့်မြေငလျင်လှုပ်ခတ်၍ အနည်းဆုံး လူ ၉၅ ဦးသေဆုံး – Myanmar Transparency News Source link
တောင်ကိုရီးယားနိုင်ငံက မွမ်အပြည်အပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်ခဲ့တဲ့ လေယာဉ်တစ်စင်းဟာ ပြေးလမ်းချော်ကာ အကာနံရံကိုဝင်တိုက်ပြီး ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး ၆၂ ဦး ရှိတယ်လို့ တောင်ကိုရီးယားအမျိုးသားမီးသတ်ဌာနက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာဖြစ်တဲ့ လေယာဉ်မတော်တဆမှုထဲကနေ လူနှစ်ဦးကို အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့တွေဟာ လေယာဉ်အမှုထမ်းတွေ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်အမှုထမ်း ခြောက်ဦးတို့ကိုတင်ဆောင်လာတဲ့ Jeju လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ကိုးနာရီဝန်းကျင်မှာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းက လေဆိပ်ကိုဆင်းသက်ပြီး သိပ်မကြာခင်မှာပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ […]
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းက ခရိုင်ကျေးရွာကို ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေတာနဲ့အမျှ ဒေသခံတွေ သေဆုံးမှုတွေလည်း တိုးလာနေတာပါ။ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းက ခရိုင်ကျေးရွာကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့်အရပ်သား ၃ ဦး သေဆုံးပြီးတော့ ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ […]
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရဖို့ သံတမန်တွေ ကြိုးစားနေချိန်မှာပဲ အရင်က ဖြစ်တောင့်ဖြစ်ခဲ မြို့လည်ခေါင်မှာ တိုက်ခိုက်မှုမျိုးတွေကို ကြိုတင်သတိမပေးပဲ အစ္စရေးက ဆက်လုပ်လာနေတာပါ။ သီတင်းတပတ် မပြည့်ခင် ၄ ကြိမ်မြောက် စနေနေ့က မြို့လည်ခေါင် တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူ ၆၆ ယောက် ရှိတယ်လို့လည်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ဘနွန်နိုင်ငံက ဟက်ဇ်ဘူလာအဖွဲ့နဲ့ အစ္စရေးကြား လနဲ့ချီဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် သဘောတူညီချက်ရဖို့ အမေရိကန် အထူးကိုယ်စားလှယ် Amos Hochstein ဒေသတွင်း သွားရောက်နေချိန်မှာပဲ တင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။ အစ္စရေးရဲ့ […]
ဘေရွတ်၊ နိုဝင်ဘာ ၁၄ ဒမတ်စကတ်အနောက်ဘက် ခရိုင်တွေကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ဆီးရီးယားနိုင်ငံသား ၁၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး SANA သတင်းဌာနက ဖော်ပြထားသည်။ အစီရင်ခံစာအရ သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည်။ ဒေသစံတော်ချိန် ညနေ (၃ ၂၀) နာရီတွင် သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်မှ ပြင်းထန်သောတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့တော်ရှိ Mezze Avenue နှင့် Damascus မြို့ဆင်ခြေဖုံး Qudssaya ရပ်ကွက်ရှိ လူနေအိမ်အဆောက်အအုံများဆီသို့ ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး […]