ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ လက်နက်ကြီး အမြောက်စခန်း တောင်စောက်တောင်ကို AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။အမ်းမြို့နဲ့ မိုင် ၂၀အကွာက အမ်း- ရိုးမရှိ တရုတ် သဘာဝဓာတ်ငွေ့ ဂတ်စ်လိုင်း ဖြတ်သန်းရာ နေရာဖြစ်တဲ့ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း တောင်စောက်တောင်အမြှောက်စခန်းနဲ့ အလုပ်ရုံခွဲကို အာရက္ခတပ်တော် က ဇန်နဝါရီ ၅ ရက်က သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။တောင်စောက်တောင် စခန်းဟာ တရုတ်ကုပ္မဏီဝန်ထမ်း တချို့နဲ့ မြန်မာနိုင်ငံသား အလုပ်သမားတချို့ရှိတဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းခွင်နေရာဖြစ်ပြီး အဆိုပါ စက်ရုံရဲ့ ပြင်ဘက်မှာ အမြှောက်တပ် အထိုင်ချထားကာ နပခမကျခင်ထဲက လက်နက်ကြီးပစ်ကူနေတဲ့စခန်းဖြစ်ပြီး အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီလို့ သိရပါတယ်။ အမ်းကို AAသိမ်းပြီးနောက် […]
ရခိုင်ပြည်နယ် အမ်းမြို့အတွင်းက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစ စ်ဌာနချုပ် နပခ ကို ဒီကနေ့ နေ့လည်ပိုင်းက အာရက္ခတပ်တော်AAဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီလို့ AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို အတည်ပြုပါတယ်။ “ ဟုတ်ကဲ့ပါခင်မျာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ လည် ၁၂နာရီအချိန်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ တခုလုံးကို ကျနော်တို့ အာရက္ခတပ်တော် AAက အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်” ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းစစ်ဦးစီးနဲ့ ဒုတိုင်းမှူးတို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ အာရက္ခတပ်တော်AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။ “ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ နပခရဲ့ တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ ကိုလည်းပဲ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။ တချို့ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကိုတော့ လိုက်လံခြေမှုန်းဖမ်းဆီးလျက်ရှိပါတယ်၊ […]
Art by Aung Htet အိမ် မင်းငြိမ်းအေး (မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၄ ငါဟာ ရေငွေ့ကုန်သွားတဲ့ မိုးတိမ်တခုပါ။ ငါဟာ တဘဝလုံး ကိုယ့်အကျိုးမဆောင်တတ်တဲ့ ကံ့ကော်ပွင့်လေးပါ။ အရွယ်ရလာတဲ့ ကြောင်လျာပင်လေးလို ခါးသက်သက်နဲ့ ငါက ဆေးဖက်ဝင်ချင်တယ်။ အဖေ အမေ ဒါဟာ အိမ်လား။ ကျွန်တော် ပြန်လို့ရပြီလား။ အိမ်ရှိတဲ့သူက အိမ်ကိုပြန်ချင်တာ ဆန်းလား။ ငှက်ကလေးတွေလို မြက်တပင်ချင်းကိုက် ငါ့အသိုက်ကို ငါဆောက်ခဲ့။ မိုးနှောင်းနှင်းရက်တွေကြား သား အဖေနဲ့အမေကို လွမ်းတယ် အိမ်တွေမြင်တိုင်း ကျွန်တော်ပြန်ရမယ့်နေ့ကို မြင်ခဲ့တယ်။ ခုချိန်ဆို ရွှေမန်းဆောင်မှာ အမေက စကားပြောကောင်းတဲ့ မသည်းအူ အဖေက တက္ကသိုလ်ကျောင်းကငွေလမင်း ကျွန်တော်ကတော့အိမ်ပေါ့။ ကျွန်တော်ကရေငွေ့ကုန်သွားပေမယ့် ဆက်ရွာချင်သေးတဲ့ တိမ်တိုက်တခုပါ။ အိမ်တဲ့ ကျွန်တော် […]
(မိုးမခ) ဒီဇင်ဘာ ၇ ၊ ၂၀၂၄ ဝမ်းကွဲအစ်မတစ်ယောက်က ဖုန်းဆက်လာတယ်၊ သူ့အဒေါ်ကို နေရာရွှေ့ပေးဖို့။ အမေက ကျနော့်ဆီ ဖုန်းဆက်တုန်းက အေးဆေးပဲ၊ သူ ခိုနေတဲ့နေရာကို စစ်ကြောင်းလာထိုးတယ်၊ စစ်ပြေးတွေ အကုန်လုံး စစ်မေးတယ်။ လူစစ်၊ ဖုန်းစစ်၊ အထုပ်မှန်သမျှ စစ်တာ။ မကျေလည်တဲ့သူ လေး ငါးယောက် ခေါ်သွားတယ်။ သား၊ သမီးတွေ အကြောင်းမေးလို့၊ နင့်အကြောင်းတော့ ထည့်ပြောလိုက်တယ်တဲ့။ ‘ခု ရက်ပိုင်း၊ ဆိုင်မသွားနဲ့အုံး’ ဒီလောက်ပါပဲ။ အဲဒီတော့ ကျနော်ကလည်း အေးဆေးပေါ့၊ ဒါ လုပ်ထုံးလုပ်နည်းပဲ၊ လူစစ် ဖုန်းစစ် ရှိသမျှ မွှေနှောက်၊ ကြိုက်ရင် ယူ၊ သံသယရှိသလိုလိုနဲ့ လူတွေ ဖမ်းခေါ်၊ ဆိုင်ရာပိုင်ရာတွေနဲ့ လာရင် ပြန်လွှတ်၊ မဆိုင်မပိုင်တွေ ဆိုရင်၊ […]
အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းက တပ်ဆုတ်လာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာတိုက်ခိုက်လို့ ဖွဲ့စည်းပုံပျက်ပြီးထွက်ပြေးသွားပြီး ၂ဦးသေဆုံးကာ သုံ့ပန်း ၁၄ဦးဖမ်းမိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၂၃ရက်နေ့မှာ တစ်မိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးတဲ့စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းက အမ်း-ပဒါန်း လမ်းတစ်နေရာမှာ စောင့်ကြို ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၂ ) ဦးကျဆုံးပြီး သုံ့ပန်း (၁၄)ဦး၊ လက်နက်ငယ် (၂) လက် နဲ့ ခဲယမ်း တို့ကို တိုက်ပွဲတွင်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကြောင်းဟာ တိုက်ပွဲတွင်း ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိခြင်းကြောင့် […]
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ အမ်းမြို့သို့ စစ်ကူပို့ရာလမ်းကြောင်း ဖြစ်သော အမ်း – ပဒါန်းလမ်းပေါ်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ (နိုဝင်ဘာ ၂၅) တွင် ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ချင်းလက်နက်ကိုင်အဖွဲ့ တစ်ခုက ပြောသည်။ ထိုတပ်ဖွဲ့မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာအနီး၊ တောရဘုန်းကြီးကျောင်းတွင် အင်အား ၂၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည်၊ မင်းဘူးဘက်မှ အမ်းမြို့သို့ စစ်ကူသွားမည့်ကားများအတွက် လုံခြုံရေးယူပေးရန် ၁၀ ဦးစီ ၂ ဖွဲ့ခွဲ၍ ထွက်လာစဉ် ခွန်ဇူရွာလမ်းခွဲအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF Asho) တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ “ကျွန်တော်တို့ကလည်း သွားစောင့်တဲ့အချိန် သူတို့ကလည်း အဲ့ဒီကိုပဲ လုံခြုံရေးယူဖို့ လမ်းကြောကို လာရ […]
(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄ အမေ ပြန်မလာသေးဘူးလား သားတို့ အိပ်ရေး၀၀အိပ်ချင်ပြီ အမေ ပြန်မလာသေးဘူးလား သားတို့ နွေးထွေးလုံခြုံချင်ပြီ အမေ ပြန်မလာသေးဘူးလား သားတို့ လွတ်လပ်ငြိမ်းချမ်းချင်ပြီ ။ အမေနဲ့ အိမ်နဲ့ ဝေးကွာနေသူက မေးတယ် အမေ ပြန်မလာသေးဘူးလား စစ်မီးလျှံကြား ပြာပုံထဲက အော်တယ် အမေ ပြန်မလာသေးဘူးလား တောထဲ တောင်ထဲ ပြေးလွှားပုန်းခိုရင်း ပြောတယ် အမေ ပြန်မလာသေးဘူးလား ကျွန်တော့်အမေ ကွယ်လွန်ခဲ့တာ ကြာပါပြီ ည အိပ်ရာ၀င်တိုင်း တိုင်တည်တယ် အမေ ပြန်မလာသေးဘူးလား ညက အမေ့ကို အိပ်မက်မက်တယ် အမေ ပြန်မလာသေးဘူးလား အခု တတိုင်းပြည်လုံးက မေးနေကြတယ် အမေ ပြန်မလာသေးဘူးလား အမေ ပြန်မလာသေးဘူးလား […]
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် တစ်လနီးပါးကြာ စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီးသတ် ဖြတ်နေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၆ ရက်နေ့တွင် မြို့အရှေ့ခြမ်းရှိ သက်ကြီးအမျိုးသား ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့သည်ဟု သိရသည်။ ဘုတလင်မြို့မှထွက်လာသည့် အင်အား ၈၀ ပါ ထိုစစ်ကြောင်းသည် မြို့နှင့် ကပ်လျက် သဖန်းရွာတွင် တစ်ညအိပ် တပ်စွဲပြီး နောက်တစ်နေ့နံနက် ပြန်အထွက်တွင် ထိုအမှုများ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ရွာခံအမျိုးသားဖြစ်ပြီး ထွက်ပြေးစဉ် စစ်ကြောင်းနှင့်တိုးပြီး ပစ်သတ်ခံရသည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကျောပိုးလွယ်အိတ်လေးနဲ့တွေ့လို့ PDF ထင်ပြီး နားထင် […]
ရခိုင်ပြည်နယ်သို့ စစ်ကူပို့သည့် လမ်းကြောင်းဖြစ်သော မကွေးတိုင်း ၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခု နိုဝင်ဘာ ၅ ရက်က တိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးကြောင်း သိရသည်။ နာရီဝက်နီးပါး ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးသူတို့မှာ ကုန်စိမ်းရောင်းသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA) စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။ “သေဆုံးသွားတဲ့အထဲမှာ တစ်ယောက်ကတော့ ဒေသခံမဟုတ်ဘူး။ ကုန်စိမ်းရောင်းတဲ့အမျိုးသမီး တစ်ဦး လို့ သိထားရတယ်။ နောက်တစ်ယောက်ကတော့ အနီးအနားက ဒေသခံ ရွာသား တစ်ယောက် ဖြစ်တယ်။ သူက တိုက်ပွဲအပြီးမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဖြတ်အသွားမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်” ဟု […]
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာများကို လိုက်လံမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃၇ ဦးကို ဖမ်းထားပြီး ယနေ့ (နိုဝင်ဘာ ၁) တွင်လည်း ကျေးရွာတစ်ရွာကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။ ထိုလက်နက်ကိုင် အင်အား ၁၅၀ ခန့်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တင့်ကားတပ်မှ ကား ၃ စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်၊ မြို့တောင်ဘက် ကာဘိုးကျေးရွာမှ တဆင့် ထိုရွာအရှေ့ဘက် ကပ်လျက်ရှိ အိုင်ပေါင်းချောင်ရွာ၊ ကျီစုရွာတို့ကို စီးနင်းခဲ့ခြင်းဖြစ်သည်။ အိုင်ပေါင်းချောင်ရွာသို့ ရောက်စဉ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ရွာခံများအနက် လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၃၄ […]