ylliX - Online Advertising Network

အမေရိကန် သမ္မတသစ် လက်ထက် မြန်မာ့အရေး အလားအလာ

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသစ် လက်ထက် အလားအလာရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အကြောင်း စ မေးချင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကို မျက်နှာသစ်တွေ ဝင်လာတော့မယ်။ ဒါက မြန်မာ့ အရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ပြန်လည်ပုံဖော်နိုင်မယ့် အခွင့်အလမ်းလား။ လာမယ့် ထရမ့် အစိုးရလက်ထက် မြန်မာ့အရေး ခေါင်းစဥ်အောက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံအပေါ် အမေရိကန်မူဝါဒ အပြောင်းအလဲဖြစ်ဖို့ မြင်ပါသလား။ Thomas Kean (ICG) ။ ။ ဒါဟာ အမေရိကန် ပြည်ထောင်စုအတွက် မြန်မာရေးရာမူဝါဒကို ပြန်လည်ပုံဖော်ဖို့ အခွင့်အလမ်း တရပ်ဆိုတဲ့ မှတ်ချက်ကို သဘောတူပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲ ရှိလာတဲ့အခါ […]

ဘိုင်ဒန်က ကန်ဒေါ်လာ ဘီလီယံ ၉၀၀ နီးပါးရှိသော ကာကွယ်ရေး ခွင့်ပြုချက် ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ၂၀၂၅ ဘဏ္ဍာနှစ် ကာကွယ်ရေး ခွင့်ပြုချက် ဥပဒေမူကြမ်းကို ဒီဇင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေထိုးခဲ့ပြီး အမေရိကန်နိုင်ငံ၏ စစ်အသုံးစရိတ်ကို ကန်ဒေါ်လာ ဘီလီယံ ၈၉၅ နီးပါးအထိ တိုးမြှင့်ခဲ့ရာ လွန်ခဲ့သောဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ ၂၀၂၅ ဘဏ္ဍာနှစ် ကာကွယ်ရေး ခွင့်ပြုချက် ဥပဒေမူကြမ်းက လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ၏ လစာကို တိုးမြှင့်မည် ဖြစ်ပြီး အာရှ-ပစိဖိတ်ရှိ စစ်အသုံးစရိတ်ကို တိုးပေးမည် ဖြစ်ကြောင်း၊ အမေရိကန်စစ်တပ်နှင့် အစ္စရေးစစ်တပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုစသည်တို့ကို တိုးချဲ့လုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း သိရသည်။ ခိုကိုးရာမဲ့၊ မဝရေစာသာ စားနေရသော ကလေးငယ်များနှင့် အနွေးဓာတ်ရရန် အဖိုးအခ […]

ပနာမားတူးမြောင်း ပြန်ထိန်းချုပ်မယ်လို့ ရွေးကောက်ခံကန်သမ္မတခြိမ်းခြောက်

ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပနားမား တူးမြောင်းကို ပြန်လည် ထိန်းချုပ်နိုင်တယ်လို့ တနင်္ဂနွေနေ့က ခြိမ်းခြောက်လိုက်ပါတယ်။ Source link

ဆီးရီးယားအရေး သူပုန်အဖွဲ့တွေနဲ့ အမေရိကန် တိုက်ရိုက် ဆက်သွယ်

HTS လို့ အတိုကောက်ခေါ်တဲ့ Hayat Tahrir al-Sham အဖွဲ့ဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားနိုင်ငံထဲ ထွက်ပြေး ခိုလုံခဲ့ရတဲ့ ဆီးရီးယား သမ္မတ အာဆဒ် ကို ဖြုတ်ချရာမှာပါဝင်တဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေကို ဒီအဖွဲ့က ဦးဆောင်ခဲ့တာပါ။ အခု ဒီအဖွဲ့နဲ့ သမ္မတ ဘိုင်ဒန်အစိုးရ တာဝန်ရှိသူတွေ တိုက်ရိုက် ဆက်သွယ် စကား ပြောတာတွေ ရှိနေတယ်ဆိုတာကို ဝန်ကြီး ဘလင်ကန်က ပထမဆုံး ထုတ်ဖော်ပြောဆိုတဲ့ အမေရိကန် ထိပ်တန်း အရာရှိ ဖြစ်ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး နိုင်ငံစုံက တာဝန်ရှိသူတွေ ဆွေးနွေးနေကြတဲ့ ဂျော်ဒန်နိုင်ငံက သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောသွားတာလည်း ဖြစ်ပါတယ်။ အာဆဒ်အစိုးရ […]

 VOA အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် Kari Lake ကို Trump လျာထား

ဗွီအိုအေ အမေရိကန်အသံလွှင့်ဌာနရဲ့ ညွှန်ကြားရေးမှူးအသစ်အဖြစ် Kari Lake ကို ခန့်ဖို့ ရွေးချယ်ထား တယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က မနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ကြေညာပါတယ်။ သတင်းတုတွေဖြန့်နေတဲ့ အလိမ်အညာ သတင်းမီဒီယာတွေလိုမဟုတ်ဘဲ အမေရိကန်ရဲ့ လွတ်လပ်မှု တန်ဖိုးတွေကို ကမ္ဘာကို မှန်ကန်မျှတစွာထုတ်လွှင့်နိုင်ဖို့ Lake က အသေအချာလုပ်လိမ့်မယ် Trump က Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့တာပါ။ ‘အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်လို့ စိတ်ပျက်စရာတွေ ထုတ်လွှင့်နေတယ်’ လို့ ၂၀၂၀ ခုနှစ်တုန်း က ဗွီအိုအေနဲ့ပတ်သက်လို့ ပြောကြားခဲ့တာအပါအဝင် ရွေးကောက်ခံသမ္မတ Trump ဟာ VOA အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပါတယ်။ ဗွီအိုအေကိုဦးဆောင်ဖို့ သူ့ကို Trump ရွေးချယ်တဲ့အပေါ် […]

ဆီးရီးယားအရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းဒေသသွားရောက်

ဂျော်ဒန်နိုင်ငံက အကာဘာ နဲ့ တူရကီက အန်ကာရာ မြို့တွေကို သွားရောက်မှာ ဖြစ်ပြီး ဆီးရီးယား၊ အစ္စရေး၊ ဂါဇာ၊ လက်ဘနွန် နဲ့ ဒေသတလွှား ကိစ္စတွေကို ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။  Source link

စစ်ကောင်စီကို စစ်လက်နက်ရောင်းချတဲ့ တရုတ်ကုမ္ပဏီ ၄ ခု အမေရိကန်ဒဏ်ခတ်အရေးယူ

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ လေယာဉ် အစိတ်အပိုင်းတွေကို ရောင်းချပေးမှုနဲ့ တရုတ်ကုမ္ပဏီ ၄ ခုကို အမေရိကန်က ဒဏ်ခတ်အရေးယူလိုက် ပါတယ်။ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းရောင်းချမှုနဲ့ ဒဏ်ခတ်အရေးယူလိုက်တဲ့ တရုတ်ကုမ္ပဏီ ၄ ခုထဲက ၂ ခုဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ကျန် ၂ ခုကတော့ ရုရှားနိုင်ငံမှာအခြေစိုက်တယ်လို့လည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်ခဲ့တဲ့အတွက် တရုတ်နဲ့ ရုရှားကုမ္ပဏီ စုစုပေါင်း ၈ ခုကို အရေးယူလိုက်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဆန့်ကျင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူခဲ့တာလို့လည်း […]

ဆီးရီးယားမှာ မဟာမိတ်တွေနဲ့ အမေရိကန် ဆက်လက် လက်တွဲမည် 

ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad အစိုးရ ပြုတ်ကျခဲ့ပြီးနောက် အခြေအနေတွေ ရှုပ်ထွေးနေ ပေမဲ့ ဆီးရီးယားမှာIS စစ်သွေးကြွတွေကို အတူတွဲတိုက်နေတဲ့မဟာမိတ်တွေနဲ့ ဆက်လက် လက်တွဲ သွားမှာဖြစ်ကြောင်းအမေရိကန် အကြီးတန်းအရာရှိတွေက ပြောလိုက်ပါတယ်။ သူပုန်တွေ ဒမတ်စကတ်မြို့တော်ကို ဝင်ရောက်စီးနင်းခဲ့ရာက ဆီးရီးယားသမ္မတတိုင်းပြည်က ထွက်ပြေးပြီး ရုရှားနိုင်ငံမှာခိုလှုံနေကြောင်း ရုရှားအစိုးရကအတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်က ဆီးရီးယားမှာ တပ်ဖွဲ့ဝင်တွေ ချထားတဲ့ အစီအစဉ် အပြောင်းအလဲမရှိကြောင်း တာဝန်ရှိသူတွေက ပြောလိုက်တာပါ။ အမေရိကန် တပ်ဖွဲ့ဝင် အများစုကတော့ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယား အတိုက်အခံ SDF တပ်ဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး နိုင်ငံအရှေ့မြောက်ပိုင်းမှာလှုပ်ရှားနေကြပါတယ်။ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာ အမေရိကန်တပ်တွေ ဆက်လက်ထားရှိမှာဖြစ်ကြောင့် အမေရိကန် အကြီးတန်းအရာရှိတဦးက မနေ့ကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။ IS တပ်ဖွဲ့တွေ ပြန် […]

ယူကရိန်းစစ်ပွဲ အမြန်ဆုံး ရပ်စဲဖို့ ရွေးကောက်ခံသမ္မတထရမ့် တောင်းဆို

ယူကရိန်းမှာ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က ယူကရိန်းနဲ့ ပြင်သစ်သမ္မတတို့နဲ့ ပါရီမြို့တော်မှာ တွေ့ဆုံအပြီး ဒီကနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ ရက်ပေါင်း ၁ ထောင်ကျော် စစ်ပွဲရပ်ရေး ယူကရိန်းက ညှိနှိုင်းဖို့ လိုလားကြောင်းလည်း သူ့ကိုယ်ပိုင် Truth လူမှုကွန်ရက်မှာ ပြောဆိုခဲ့တာပါ။ အစကတည်းက မဖြစ်သင့်တဲ့ စစ်ပွဲကြောင့် ယူကရိန်းရော ရုရှားမှာပါ စစ်သည် ထောင်သောင်းချီ သေဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။ အမြန်ဆုံးအပစ်အခတ် ရပ်စဲပြီး၊ ဆွေးနွေးညှိနှိုင်းမှုတွေ စသင့်ပြီလို့လည်း တိုက်တွန်းခဲ့တာပါ။ အသက်ပေါင်းများစွာ အချည်းအနှီး ဆုံးရှုံးနေရပြီး၊ မိသားစုပေါင်းများစွာ ဘဝပျက်နေရတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်အောင် စတင်ကြိုးပမ်းဖို့လည်း ရုရှားသမ္မတ Vladimir Putin ကို တိုက်တွန်းထားပါတယ်။ ယူကရိန်းသမ္မတ Volodymyr […]

“ဘစ်ကွိုင် အရှိန်အဟုန်မြင့်တက်နေခြင်း”၏ နောက်ကွယ်က အမေရိကန် ဘဏ္ဍာရေး ဂေဟစနစ်နှင့် အန္တရာယ်များ

ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)ဘစ်ကွိုင် (Bitcoin) စျေးနှုန်းသည် ဒီဇင်ဘာ ၅ ရက်၌ ပထမဆုံးအကြိမ် ကန်ဒေါ်လာ ၁ သိန်းကျော်သွားခဲ့ပြီး ခရစ်ပ်တိုငွေကြေး (Cryptocurrency) ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင်အရေးကြီးသော အမှတ်အသား တစ်ခုဖြစ်လာခဲ့သည်။ လွန်ခဲ့သောတစ်လမှစ၍ အမေရိကန် ရီပက်ဘလစ်ကန်ပါတီအဖွဲ့ဝင် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ လူသိရှင်ကြား ထုတ်ပြန်ချက်များနှင့် “ဘစ်ကွိုင် လိုလားသူများ” အမည်စာရင်းတင်သွင်းခြင်း၏ သက်ရောက်မှုများကြောင့် ဘစ်ကွိုင်သည် တစ်ဖန် အရှိန်အဟုန်မြင့် ကျယ်ပြန့်လာပြီး ရာခိုင်နှုန်း ၄၀ ကျော် တိုးမြင့်ကာ ကမ္ဘာ့အရင်းအနှီးဈေးကွက်၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ဘစ်ကွိုင် အရှိန်အဟုန်မြင့်တက်နေခြင်းသည် အမေရိကန်နိုင်ငံ၏ လာမည့် နိုင်ငံရေးကာလစက်ဝန်း မူဝါဒ လမ်းကြောင်းကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်နေပြီး ယင်းမှာ ကြီးကြပ်စီမံမှုနှင့် အရင်းရှင်များကြား ရေရှည် အားပြိုင်မှုနှင့် […]