ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Tregastel အရပ်ရှိ ပန်းရောင် နှမ်းဖတ်ကျောက် ကျောက်ဆောင်ကြီး များနှင့် သဲသောင်ကမ်းခြေတို့က ကမ္ဘာလှည့်ခရီးသွားများကို ဖမ်းစားထားသည်။ အကယ်၍ သင့်အနေဖြင့် အဆိုပါ ဒေသတွင် ခြေချရာနေရာတစ်ခု ရှာဖွေနေသည်ဆိုပါက ဖိတ်ဖိတ်လက် နေသော စိမ်းပြာရောင် ရေပြင်တို့က ကျောက်ဆောင်ထူသော ကမ်းခြေတို့ကို ရိုက်ပုတ်လျက်ရှိနေသည့် ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်မှ ၁၉ ရာစု ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေမှု ရှိသည်။ အရောင်းဈေးကွက်တင်ပေးသူမှာ Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ Peter Bos ဖြစ်သည်။ ရဲတိုက်ကြီးကို Chateau de Costaeres ဟု အမည်ပေးထားပြီး နီယိုး ဂေါ့သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ Ploumanac’h တံငါရွာလေးအနီးတွင် တည်ရှိပြီး […]
အမေရိကန်ပြည်ထောင်စု၏ ဈေးအကြီးဆုံးအိမ်ခြံမြေများတွင် ပါဝင်သော အိမ်ခြံမြေတစ်ခု အရောင်းဈေးကွက် ဝင်နေရာ မိုင်အမ်မီ ကမ်းလွန်မှ Indian Creek ကျွန်းတွင်ရှိသည့် မြေကွက်တစ်ခုဖြစ်သည်။ အဆိုပါမြေကွက်ကို ဝယ်ယူနိုင်မည့် အလွန်တရာ ချမ်းသာသောသူသည် Jeff Bezos နှင့် အိမ်နီးချင်း ဖြစ်လာမည် ဖြစ်သည်။ ခေါ်ဈေးမှာ ကြောက်ခမန်းလိလိ များပြားလှရာ ဝယ်ယူလိုသူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည် ဖြစ်သည်။ ကမ်းစပ်တွင် တည်ရှိပြီး မည်သည့်အဆောက်အအုံမှ ဆောက်လုပ်ရခြင်းမရှိသေးသော မြေကွက်ဖြစ်ကာ မြေကွက်အကျယ်မှာ ၁ ဒသမ ၈၄ ဧကသာ ရှိသည်။ ကျယ်ဝန်းလှသော မြေနေရာမဟုတ်သော်လည်း ကန်ဒေါ်လာ သန်း ၂၀၀ အထိ ဈေးခေါ်ထားသည်။ သို့သော် အမေရိကတွင် ဈေးအကြီးဆုံး မဟုတ်သေး။ အမေရိကတွင် […]
လန်ဒန်မြို့၊ Mayfair အရပ်သို့ ရောက်လျှင် ၁၈၀၀ ပြည့်လွန်နှောင်းပိုင်းကာလများက ဗြိတိန်ဝန်ကြီးချုပ် ဆာ ဝင်စတန်ချာချီ ကြီးပြင်းခဲ့သော နေအိမ်ကို တွေ့နိုင်သည်။ ယခုအခါ အဆိုပါနေအိမ် ပေါင် ၆ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ လန်ဒန်မြို့ ပျမ်းမျှအိမ်ဈေးထက် ၁၀ ဆခန့် ဈေးကြီးနေသည်။ Zoopla မှ အချက်အလက်များအရ လန်ဒန်မြို့၏ လက်ရှိ ပျမ်းမျှအိမ်ဈေးမှာ ပေါင် ၆၈၇၀၄၆ ဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ Lord Randolph Churchill သည် ယခုအိမ်ကို ၁၈၇၄ ခုနှစ်၊ ဇန်နဝါရီမှ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ငှားရမ်းနေထိုင်ခဲ့သည်။ ဝင်စတန်ချာချီသည် အောက်စ်ဖို့ရှိုင်းယားခရိုင်၊ Woodstock တွင် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း Mayfair မှ အိမ်မှာ […]