ylliX - Online Advertising Network

ဆောင်းရာသီနဲ့ အသားအရေထိန်းသိမ်းမှု Myths များစွာ

ဆောင်းရာသီ ရောက်လာပြီဆိုရင် အသားအရေက သိသိသာသာ ခြောက်သွေ့လာပါတယ်။ ဆောင်းရာသီမှာ အသားခြောက်တာ၊ အသားကြမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားအရေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမှတ်မှားနေနိုင်တဲ့ ဆောင်းရာသီ အသားအရေ ထိန်းသိမ်းနည်းတွေကို ပြောပြပေးထားပါတယ်။ ဆောင်းရာသီနဲ့ အသားအရေထိန်းသိမ်းမှု Myths များစွာ ဆောင်းရာသီနဲ့ အသားအရေထိန်းသိမ်းမှု Myths များစွာ ကတော့ – Myth  1 –  ဆောင်းရာသီမှာ sunscreen လိမ်းစရာ မလိုဘူး Fact – တကယ်ကတော့ ဆောင်းရာသီမှာလည်း နေရောင်က ကျရောက်နေဆဲဖြစ်ပြီး ဒီနေရောင်ထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့ UVA ရော UVB တို့ပါ ပါဝင်နေပါတယ်။ […]

အရေပြားအလှအပအတွက် အရေးပါတဲ့ ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုး

ကော်လာဂျင်ဆိုတာက အသားအရေ ကျန်းမာစေဖို့ အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ကော်လာဂျင်က အသားအရေ တင်းရင်းစေဖို့ လှပစေဖို့နဲ့ အဆစ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် အလှအပ အတွက် အခုနောက်ပိုင်းမှာ လေဒီလေးတွေအကြား အတော်ကို နာမည်ရလာတဲ့ ဖြည့်စွက် ဓာတ်စာလေး တစ်မျိုးပါ။  ကော်လာဂျင်ဆိုတာကို တော်တော်များများ သိထားတာက ပရိုတင်းရတဲ့ အသားတွေကနေ ရတယ်လို့ သိကြတာပါ။ ဒီတစ်ခေါက်မှာတော့ ကော်လာဂျင်ကို ရရှိစေနိုင်တဲ့ အသီးအနှံ (၅) မျိုးကို ပြောပြပေးချင်ပါတယ်။  အလှအပအတွက် အရေးပါတဲ့ ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုး ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုးကတော့ –  ဟင်းနုနွယ်ရွက်  ဟင်းနုနွယ်ရွက်က ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် […]

ဆိုရီရေးစစ်ကို နေအိမ်မှာပဲ သက်သာအောင် လုပ်ဆောင်နည်း

ဆိုရီရေးစစ်ဆိုတာက autoimmune ရောဂါ တစ်ခုဖြစ်သလို နာတာရှည်အရေပြား ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဆိုရီရေးစစ်က အရမ်းပြင်းထန်မယ်ဆိုရင် သေချာလေး ကုသမှု ခံယူဖို့ လိုအပ်တယ်ဆိုပေမယ့် အရမ်းမပြင်းထန်တာမျိုးဆိုရင်တော့ နေအိမ်မှာပဲ သေချာလေး ဂရုစိုက်ပေးရုံနဲ့ နေ့စဉ်ဘဝမှာ ထိခိုက်မှု ကင်းကင်းနဲ့ လုပ်ငန်းတွေကို ဂရုစိုက်နိုင်မှာပါ။ ဒီနေရာမှာ အရေးကြီးတာလေး တစ်ခုက ကိုယ်တိုင်ရဲ့ လက္ခဏာတွေကိုလည်း သေချာလေး သိဖို့လိုပါမယ်။ နေအိမ်မှာပဲ ဆိုရီရေးစစ် သက်သာစေဖို့ ဘယ်လိုလုပ်မလဲ! ဆိုရီရေးစစ်ဆိုတာက နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်သလို မကြာခဏဆိုသလို ပြန်လည်ခံစားရနိုင်တဲ့ autoimmune disorder တစ်ခုပါ။ လက္ခဏာ အနေနဲ့ မြင်သာအောင် ပြောပြရရင် အရေပြားမှာ ပန်းရောင် ဒါမှမဟုတ် အနီရောင်လေးတွေ ဖြစ်ပြီး အဖြူဖတ်ဖတ်လေးတွေ အရေပြားကွာတာမျိုး ရှိနိုင်ပါတယ်။ အသားညိုတဲ့သူတွေမှာဆိုရင်တော့ ခရမ်းရောင်ရင့်ရင့် […]

ဆိုရီရေးစစ် (Psoriasis) ရှိနေရင် ရှောင်သင့်တဲ့ အရာများ

Psoriasis (ဆိုရီရေးစစ်) ဆိုတာက အရေပြားဆဲလ်တွေကို စုပုံစေပြီး အရေပြားအပေါ်ယံအလွှာမှာ အမာရွတ်တွေ ဖြစ်စေနိုင်တဲ့ ကိုယ်ခံအားမှားယွင်းတိုက်ခိုက်မှုကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကလည်း ဆိုရီရေးစစ် ခံစားနေရသူတွေမှာ ဒီကျန်းမာရေး ပြဿနာကို ပိုဆိုးစေတာမျိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံ များစွာတွေထဲက တစ်ခုပါ။ ဒီတစ်ခေါက်မှာတော့ ဆိုရီရေးစစ် ရှိသူတွေအနေနဲ့ သတိထားဆင်ခြင်လို့ရအောင် ဘယ်လို အစားအစာတွေက ဆိုရီရေးစစ်ပြဿနာကို ပိုဆိုးစေနိုင်သလဲ ဆိုတာကို ပြောပြပေးသွားပါမယ် ဆိုရီရေးစစ်ကျန်းမာရေးပြဿနာ ခံစားနေရသူတွေက အခြားသော သူတွေနဲ့စာရင် အဝလွန်တာမျိုး၊ အမျိုးအစား-၂ ဆီးချိုရောဂါ ခံစားရတာမျိုးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ခြေက ပိုများနေတတ်ပါတယ်။  ဒါကြောင့် ဆိုရီရေးစစ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေနဲ့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို […]