အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်း ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက သတင်းထုတ်ပြန်ခဲ့ပြီးနောက်တစ်နေ့တွင် ထိုတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က ထိုသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဝန်ခံလိုက်ပြီး နောင်တွင် အလားတူဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ AA တပ်ဖွဲ့ဝင်ဟု ယူဆရသူများက သုံ့ပန်းအချို့ကို ညှင်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင်များ အွန်လိုင်းပေါ်တွင် ပေါက်ကြားလာပြီးနောက် AA ၏ တုံ့ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ယခု ပေါက်ကြားလာသည် ရုပ်သံမှတ်တမ်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ကို တိုက်ခိုက်စဉ် ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ AA တပ်ဖွဲ့ဝင်များသည် […]
Art by Than Htay Maung ရင်ခွင်အလယ် စိုက်ထူထားတဲ့ အလံတော် လင်းလက်နွေဦး (မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၅ ‘ဆရာမ’က ကျနော်တို့ မျက်နှာတွေကို တလှည့်စီ လိုက်ကြည့်ရင်း ပြောလာတယ်။ ‘မင်းတို့ ဆရာကြီးကို ပြောတယ်၊ အဲကို ထပ်မသွားဖို့ပေါ့၊ သူက (၂)နှစ် လာလုပ်ပါ့မယ်လို့ အာမခံထားတယ်ဆိုပြီး ဇွတ်ထွက်သွားတယ်’။ ဆရာကြီး၊ ကျောင်းအုပ်ဆရာကြီး။ ပင်စင်ရခါနီး (၂)နှစ်အလို၊ စီဒီအမ်ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်မှုကို မတွန့်မဆုတ် လုပ်ခဲ့တယ်။ ကျနော်ကလည်း စီဒီအမ် လုပ်ပြီး၊ ဈေးသည်ကြီး လုပ်နေတဲ့ အချိန်၊ ဆရာနဲ့ မကြာခဏ တွေ့တတ်တယ်။ တခါက မနက်အစောကြီး ဆရာတပည့်နှစ်ယောက် လမ်းလျှောက်ရင်း ဆုံကြတော့၊ လက်ဖက်ရည်ဆိုင် ရောက်သွားတယ်။ ‘ဆရာ […]
ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ပြု လုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ(၂)ခုသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတက်ရောက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲအား လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝန်ကြီးအဆင့်ရှိသူများ၊ ဒု-ဝန်ကြီးအဆင့်ရှိသူများနှင့် တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။ ” အဓိကကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ် စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားကြမှာပါ။ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပူးပေါင်းတိုက်ဖျက်ရေးအတွက်ဆောင်ရွက်သွားမှာပါ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ထို့ပြင် “ဝ”ဒေသနှင့်ဖြစ်ပွားနေသောကိစ္စရပ်သည် သီးခြားကိစ္စရပ်ဖြစ်ကာ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြားတွင် နယ်ခြားဒေသကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားပြီး လစဥ် ဆွေးနွေးဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် “ဝ”ဒေသနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နယ်ခြားဒေသကော်မတီများ၏ […]