ylliX - Online Advertising Network

ဘုတလင်မြို့နယ်တွင် ဆောင်းနေကြာ ဧက (၂)သောင်းနီးပါး စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာဧက (၂)သောင်းနီးပါး စိုက်ပျိုးထားကြောင်း ဘုတလင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဘုတလင်မြို့နယ်တွင် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များဖြင့်စိုက်ပျိုးထားခြင်းဖြစ်သည်။ “တောင်သူလယ်သမားတွေ ဆောင်းသီးနှံ နေကြာ စိုက်ပျိုးရာသီမှာ သီးနှံ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ၊သွင်းအားစု၊ သီးနှံမျိုးစေ့ ပေးအပ်တာတွေကို စစ်ကိုင်း တိုင်းဒေသကြီးစိုက် ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေကကူညီဆောင်ရွက်လျက်ရှိပါတယ်”ဟု ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ စိုက်ပျိုးထားသော နေကြာများ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဘုတလင်မြို့နယ်တွင် နေကြာများကို အောက်တိုဘာ (၁) ရက်မှ စတင်စိုက်ပျိုုးခဲ့ရာ ယနေ့ အချိန်အထိ […]

ရွှေတောင်မြို့နယ် ၌ နွေစပါး ၂၇၂၅ ဧက လျာထား၍ စိုက်ပျိုး​ရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ရွှေတောင်၊ ဇန်နဝါရီ ၂၄ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၌ ၂၀၂၅ခု နှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ နတ်မှော်မြစ်ရေတင်ဖြင့် စိုက်ပျိုးရေများကို ဇန်နဝါရီလ မှစတင်၍ စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြသည်။ နတ်မှော်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား နွေစပါးစိုက်ပျိုးရာသီကာလအတွင်း အချိန်မှီစိုက်ပျိုးနိုင်ရေး၊ သက််တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့် ရတနာတိုး ၊ရက်၉၀၊ဗီယက်နမ်၊အောင်နိုင်တိုးစပါးမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလေလွင့်မှုမရှိစေရေးအတွက် လယ်ကြားမြောင်းများ စနစ်တကျတူးဖော်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရေး၊  ပျိုးထောင်စနစ်၊ ကောက်စိုက်စက်၊ တိုက်ရိုက်အစေ့ချစနစ်ဖြင့်သာ စနစ်တကျ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ယခင်နှစ်ထက် တောင်သူများအနေဖြင့် နွေစပါးစောစီးစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်သီးနှံများ ထပ်မံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီက နိုင်ငံတော်၏လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးရေများစောလျင်စွာပေးဝေခဲ့ကြပြီး တောင်သူများ၏ စိုက်စွမ်းအား၊ […]

ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး – iMyanmarHouse.com

နေအတော်မြင့်ပြီ။ ပုဆိန်ခုတ်သံတို့မှာ အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရပ်ရှ်တရာပြည်နယ်၊ Pachgaon ကျေးရွာအနီးရှိ ဝါးတောတခွင် ပဲ့တင်ထပ်နေသည်။ ခရစ်ကက်ကွင်းထက် ပိုမိုကြီးမားသည့် ဂိုဒေါင်ကြီးမှာ ဝါးစည်းတို့ဖြင့် ပြည့်နှက်နေသည်။ အရွယ်အစားအလိုက် သေသေသပ်သပ် စီရရီထားရှိထားသည်။ အနီးတွင် သစ်တော၏ အရောင်အတိုင်း ဆေးသုတ်ထားသော ပြတင်းပေါက်မရှိသည့် ရုံးခန်းငယ်တစ်ခု ရှိသည်။ Pachgaon ရွာလေးမှ ဆင်းရဲနုံချာသော ရွာကလေးအဖြစ်မှ ဆယ်စုနှစ်တစ်ခုအတွင်း ချမ်းသာကြွယ်ဝသော ရွာကြီးအဖြစ်သို့ ပြောင်းလဲသွားပုံမှာ အံ့အားသင့်ဖွယ်ပင်။ ရွာအနီးရှိ ဝါးတောကို ယခင်က ဒေသခံမျိုးနွှယ်စုပိုင်ဆိုင်ခဲ့သော်လည်း ကိုလိုနီခေတ်နှင့် ယင်းနောက်ပိုင်းတွင် ပိုင်ဆိုင်ခွင့် ဆုံးရှုံးခဲ့သည်။ မကြာသေးမီဆယ်စုနှစ်များကမူ ဒေသခံတို့ကို ပိုင်ဆိုင်ခွင့်ပေးသည့် ဥပဒေချမှတ်ခဲ့ပြီးနောက် Pachgaon ရွာလေးမှ ဆင်းရဲရာမှ ချမ်းသာလာခြင်းလည်း ဖြစ်သည်။   (Pachgaon ရွာလေးရှိ ဝါးသိုလှောင်ထားရှိရာနေရာမှာ သစ်တောက ရွာလေးအတွက် […]

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မဒိန်ကွင်း စနစ်ကျစက်မှုလယ်ယာ ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း ဆောင်းသီးထပ်လယ်သီးနှံအဖြစ် နေကြာနှင့် ပဲပုပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်၊ ဝန်ထမ်းများအား ဟင်းသီးဟင်းရွက်များ ပေးအပ်

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်းစားဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော် ရရှိရေးအတွက် (၅)နှစ် စီမံကိန်းချမှတ်၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန်ကွင်းသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစီအစဉ်ဖြင့် မိုးစပါးရည်မှန်းချက် အထွက်နှုန်းရရှိရေး စနစ်ကျစက်မှုလယ်ယာဧက (၁၀၀) စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် မဒိန်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန် လယ်ဧက ၁၀၀ လုံးတွင် နေကြာစိုက်ဧက ၅၀ နှင့် ပဲပုပ်စိုက်ဧက ၅၀ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် […]

နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ်ခြံကြီး ရောင်းချမှုဖြင့် တရားစွဲထားသည့်အမှု မကြာမီ တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည် – iMyanmarHouse.com

ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ်သည် ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ပြင်သစ်နိုင်ငံရှိ နှစ်ဦးပိုင် ဧက ၁၀၀၀ ကျယ်ဝန်းသော စပျစ်ခြံနှင့် ဝိုင်ထုတ်လုပ်ရေးခြံဝန်းကြီးအား ပူးတွဲပိုင်ဆိုင်သူ မိမိအား အသိမပေးဘဲ သူမ၏ ဝေစုကို ရောင်းချခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွင်း တရားစွဲခဲ့သည်။ စပျစ်ခြံကြီး၏ အမည်မှာ Château Miraval ဟု အမည်ရပြီး ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် တည်ရှိသည်။ တစ်ဦးမသိဘဲ အခြားတစ်ဦးက မိမိ၏ ဝေစုအား မည်သည့်အခါမျှ မရောင်းချရန် နှစ်ဦး သဘောတူထားခဲ့ခြင်း ဖြစ်သည်။ သို့သော် လမ်းခွဲချိန်တွင် အင်ဂျလီနာဂျိုလီက သူမ ပိုင်ဆိုင်သော ပိုင်ဆိုင်မှုတစ်ဝက်ကို ဘရက်ပစ်အား အသိမပေးဘဲ ရောင်းချခဲ့ခြင်း ဖြစ်သည်။ ဘရက်ပစ်က တရားစွဲထားသော အဆိုပါအမှုကို ပလပ်ပေးရန် အင်ဂျလီနာ ဂျိုလီက တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရရာ […]

ဘိန်းခင်း ဧက (၃၀)ခန့်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖျက်ဆီးနိုင်ခဲ့

နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊‌ ဒေသခံလုပ်သားများပါဝင်သော အဖွဲ့သည် ပင်လောင်း မြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်ကျေးရွာ၏ အနောက်ဘက်ရှိ အမြင့်(၃)ပေခန့်ရှိ ဖူးပွင့်ဆဲ ဘိန်းခင်း ဧက (၃၀)ခန့်အား ၊၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖျက်ဆီးခဲ့‌ကြောင်းသိရသည်။ Source link

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ဧက ၂၀၀၀ ကျော် အောင်မြင်ဖြစ်ထွန်း

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ဧက ၂၀၀၀ ကျော် အောင်မြင်ဖြစ်ထွန်း  မင်းဘူး  နိုဝင်ဘာ  ၁၉   မကွေးတိုင်းဒေသကြီး   မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာများ၌  ဖူးစားပြောင်း စိုက်တောင်သူများသည်   ယခုနှစ်တွင်ဧက၂၁၀၀  စိုက်ပျိုးထားကာ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။ ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန်လိုအပ်ပြီး  နွေနှင့်ဆောင်းရာသီများ၌  စိုက်ပျိုးလျှင် ရေသွင်း၍မြေအစိုဓာတ်အတွက် ရေလုံလောက်စွာရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး အပင်များကြီးထွား၍ ဝတ်ဆံတည်ချိန်တွင်အပင်များအားထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။   ဖူးစားပြောင်းများသည်စိုက်ပျိုးပြီးနှစ်လအကြာတွင်ဖူးစပြုပြီးသုံးလအတွင်း ခုတ်၍ရောင်းချနိုင်သည်။ ပြောင်းဖူးပင်များကိုစနစ်တကျစိုက်ပျိုးထားပါကပြောင်းဖူးအထွက်နှုန်းများ ပို၍ကောင်းစေသည်။ ဖူးစား ပြောင်းများကို ပြောင်းကြမ်း၊ သကြားပြောင်း၊ ပြောင်းစေးဟူ၍သုံးမျိုးရှိပြီး     ပြောင်းကြမ်းမှာ တိရစ္ဆာန် များအတွက်သာ စိုက်ပျိုးကြသည်၊၊ ပြောင်းဖူးများစိုက်ပျိုးရာတွင် ကြဲပက်ခြင်း၊အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်း စသည်ဖြင့်အမျိုးမျိုးရှိသော် လည်း    အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးခြင်းဖြင့် ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်း၊ […]