မိုးမခ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်းတွေကို စစ်ပွဲရောက်လာနိုင်သလား ရက္ခိုင့်တပ်တော် AA အနေနဲ့ ခုလပိုင်းတွေမှာ ရခိုင်ပြည်နယ် တောင်ပိုင်း အနောက်ဘက် ရခိုင်ကမ်းရိုးတန်းက တောင်ဘက်အကျဆုံး မြို့နယ်ဖြစ်တဲ့ ဂွမြို့နယ်ကို သိမ်းယူပြီး ဂွ-ငါးသိုင်းချောင်းကားလမ်း ပေါ်က စစ်ဆေးရေးဂိတ်ကိုလည်း သိမ်းယူခဲ့ပါတယ်။ ရခိုင်ကမ်းရိုးတန်းဘက်မှာ ရခိုင်ပြည်နယ် နယ်နိမိတ် အဆုံးထိ တိုက်ခိုက်သိမ်းယူထားပြီး ရခိုင်ပြည်နယ် အရှေ့တောင်ပိုင်းနဲ့ အရှေ့ဘက် နယ်နမိတ်မျဉ်းအတိုင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း နယ်စပ်တွေမှာလည်း တိုက်ပွဲတွေ ရောက်ရှိလာပါတယ်။ အချို့သောဒေသတွေမှာတော့ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေနဲ့ AA တို့ ပူးပေါင်း တိုက်ခိုက်ကြတဲ့ လက္ခဏာတချို့လည်း သတင်းတွေမှာ ဖော်ပြပါရှိကြတာ တွေ့ရပါတယ်။ […]
တိုက်ပွဲများကြောင့် ရခိုင်ဖက်က ထွက်ပြေးလာကြသည့် စစ်ရှောင်များကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နေထိုင်ခွင့် မပြု၍ စစ်ဘေရှောင်များမှာ ဒုက္ခရောက်နေကြကြောင်း စုံစမ်း သိရှိ ရသည်။ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ရခိုင်ပြည်၊ ဂွမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ရခိုင်ပြည်သူများမှာ ဂွမြို့နယ်နှင့်အစပ် ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးနေကြရာတွင် ဒေသအုပ်ချုပ်ရေးမှူးက လက်မခံရဲကြဘဲ ဖြစ်နေကြသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း၊ ဂွမြို့မှ စစ်ဘေးရှောင် ပြည်သူများသည် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ သီတာကုန်းပြင်နှင့် လက်ပန်ပင်ကျေးရွာများသို့ ရောက်ရှိလာကြပြီး စစ်ဘေးရှောင်ပြည်သူများတွင် AA တပ်ဖွဲ့ဝင်များ ရောနှောပါလာလာနိုင်သည်ဟုဆိုကာ လက်မခံကြဟု သိရသည်။ စစ်ဘေးရှောင် ရခိုင်ပြည်သူတစ်ဦးက “ဒီမနက်ပိုင်းမှာ ဂွမြို့က စစ်ဘေးရှောင် ပြည်သူ တော်တော်များများ သီတာကုန်းပြင်နဲ့ လက်ပန်ပင်ကျေးရွာဘက်တွေရောက်တယ်။ ရွာထဲက […]