ylliX - Online Advertising Network

မြန်မာစစ်ရေးပဋိပက္ခ လက်နက်ကိုင်အဖွဲ့တွေကို တရုတ်စွက်ဖက်မှု “မေးမြန်းခန်း”

စစ်ရေးအောင်မြင်မှုရတဲ့ ကချင်လွတ်မြောက်ရေးတပ် KIO/KIA ကို တာဝန်ရှိသူအဖြစ် တရုတ်က ညှိနှိုင်းရသလို အာရက္ခတပ်တော် AA ကလည်း တရုတ်အတွက် အရေးပါတဲ့ စစ်တွေနဲ့ ကျောက်ဖြူတို့ကြောင့် ညှိနှိုင်းမှု လုပ်ရနိုင်တယ်လို့ CSIS အာရှဒေသ သုတေသီ Michael Martin က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။ Source link

တိုက်ပွဲတွေရပ်ဖို့  KIO ဥက္ကဋ္ဌကို တရုတ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံကို ဆွေးနွေးပွဲ သွားရောက်ခဲ့တဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ အဖွဲ့ဟာ ဌာနချုပ်လိုင်ဇာကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး တရုတ်အစိုးရနဲ့ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ နယ်စပ်ဂိတ်ကိစ္စရပ်တွေအပြင် မြေရှားသတ္တုနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ လောလောဆည်မှာတော့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲရှိသလို ခေါင်လန်ဖူးမြို့နယ်ဘက်မှာလည်း KIA က ပြည်သူ့စစ်စခန်းတခုကို သိမ်းယူခဲ့တာတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးရသတင်းတွေကို ရန်ကုန်က ပေးပို့ထားပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဒီလဒီဇင်ဘာလ ၈ရက်နေ့က တရုတ်နိုင်ငံကို သွားရောက်ခဲ့တာပါ။ အခုအခါမှာတော့ KIO ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဌာနချုပ်လိုင်ဇာကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နဲ့ အဓိက ဆွေးနွေးတဲ့အချက်တွေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA […]

KIO ထိပ်သီးခေါင်းဆောင်များနှင့် တရုတ်အဆင့်မြင့်အရာရှိများအကြား သီးသန့်ဆွေးနွေးပွဲကျင်းပနေ – Myanmar Now

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO/KIA) ထိပ်သီးခေါင်းဆောင်များနှင့် တရုတ်အစိုးရ အရာရှိများအကြား သီးသန့်ဆွေးနွေးပွဲတစ်ခု တရုတ်နိုင်ငံတွင် ယနေ့(ဒီဇင်ဘာ ၉ တွင်) စတင်ကျင်းပနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ် များထံမှသိရသည်။ ထိုဆွေးနွေးပွဲကို KIO ဘက်မှ ဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လ၊ အထွေထွေအတွင်းရေးမှူး ဦးကွမ်ထန်ထိန်နန် (ခ) ဦးလနန်နှင့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်တို့ တက်ရောက်နေသည်ဟုသိရသည်။ ယခုဆွေးနွေးပွဲတွင် ထူးခြားမှုအဖြစ် တရုတ်အစိုးရသည် ယခင်ဆွေးနွေးပွဲများကို ဦးဆောင်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းထက်အဆင့်မြင့်သည့် အရာရှိတစ်ဦးကို စေလွှတ်ခဲ့သည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်တို့ကဆိုသည်။ တိန့်ရှီးကျွင်းသည် တရုတ်အစိုးရနှင့် နှစ်နိုင်ငံနယ်စပ်မှ လူမျိုးစုလက်နက်ကိုင်တပ်များ၊ နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးပွဲများကို ကာလရှည်ဦးဆောင်ခဲ့နေသူဖြစ်သည်။ ဆွေးနွေးပွဲ၏အသေးစိတ်အခြေအနေကို မသိရသော်လည်း ထိုဆွေးနွေးပွဲသည် ပြီးခဲ့သည့်လပိုင်းအတွင်းက KIA ၏မြန်မာ-တရုတ်နယ်စပ်မှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့မှုနှင့် စစ်ကောင်စီအပေါ် KIA ၏ထိုးစစ်အရှိန်မြင့်လာခြင်းနှင့် ဆက်နွယ်နိုင်သည်ဟု နားလည်ရသည်။ […]

A ‘new chapter’? The future of rare earth mining under KIO rule

Recent conflict has brought Myanmar’s biggest rare earth mining region under the control of the Kachin Independence Organization, yet it’s uncertain how it will handle the lucrative but environmentally devastating industry.  By EMILY FISHBEIN, JAUMAN NAW, JAW TU HKAWNG and HPAN JA BRANG | FRONTIER An autonomous border region in northeastern Kachin State contains rare […]

KIO/ KIA ထိန်းချုပ်လိုက်တဲ့ ပန်ဝါ  အခြေအနေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့ မြေရှား ဓာတ်သတ္တု အဓိက တူးဖော်ရာ တရုတ် နယ်စပ် ပန်ဝါဒေသမှာ တရုတ်နိုင်ငံဘက်က ပိတ်ဆို့မှုတွေနဲ့ အတူ အဲ့ဒီက ဒေသခံ လူမျိုးစုတွေ အရေး၊ အုပ်ချုပ်ရေး ထူထောင်နိုင်မှုနဲ့ အနာဂတ် သယံဇာတတူးဖော်မှု စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်တွေ ဘယ်လိုဖြစ်လာနိုင်ပါလဲ။ NLD အစိုးရခေတ် ကချင် အစိုးရ အဖွဲ့မှာ လီဆူ တိုင်းရင်းသား ရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခု လက်ရှိမှာလည်း ပန်ဝါဒေသဘက်မှာ KIO/KIA နဲ့ အတူ ဒေသအရေး၊ လူမျိုးစုတွေကြား စည်းရုံးရေး လုပ်ဆောင်နေတဲ့ ဦးအာတီယောဟန်ကို ကိုငြိမ်းချမ်းအေးက Zoom က တဆင့် သီးသန့် ဆက်သွယ် မေးမြန်းထားပါတယ်။ […]

တရုတ်ကိုယ်စားလှယ်က KIO ဥက္ကဋ္ဌကိုတွေ့ဆုံပြီး စစ်ပွဲရပ်ရန်ဖိအားပေး  – Myanmar Now

တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့က ကချင်တော်လှန်ရေးတပ်ဖွဲ့  KIO/KIA ခေါင်းဆောင်ပိုင်းကို ယမန်နေ့(အောက်တိုဘာ ၁၇) ရက်နေ့က တွေ့ဆုံစဥ် စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်တိုက်ခိုက်မှု မပြုရန်   ပြောကြားခဲ့ကြောင်း သိရှိရသည်။  တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် သံတမန်များသည် KIO/KIA ယာယီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့်  ယူနန်ပြည်နယ် ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရ၏ သဘောထားကိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်တို့က ဆိုသည်။ ယင်ကျန်းမြို.သည် KIO/KIA ဌာနာချုပ်တည်ရှိရာ လိုင်ဇာမြို့နယ်နှင့်  နယ်မြေထိစပ်နေသည််။ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း(ဓာတ်ပုံ- Xinhua) ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန် တရုတ်ဘက်ကတောင်းဆိုသော်လည်း KIA က လက်ခံခဲ့ခြင်းမရှိဟု သိရှိရသည်။ နှစ်ဘက်တွေ့ဆုံနေစဥ်ပင်  ကချင်ပြည်နယ်အတွင်း တရုတ်မြန်မာနယ်စပ်မြို့များဖြစ်သည့်ပန်ဝါနှင့် ချီဖွယ်မြို့များရှိ စစ်ကောင်စီစခန်းများကို KIA က အရှိန်မပြတ််ထိုးစစ်ဆင်နေခဲ့သည်။  […]