ylliX - Online Advertising Network

ဒန့်ဒလွန်သီးသနပ်( Drumstick Pickle )

  မာမာ ဒီနေ့တော့ ဒန့်ဒလွန်သီးလေးတွေ ဝယ်လာပြီး သနပ်လေး လုပ်ဖြစ်ပါတယ် မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက်  ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ ဒန့်ဒလွန်သီးသနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါဝင်ပစ္စည်းများ ဒန့်ဒလွန်သီး – သုံးတောင့် ခရမ်းချဉ်သီး အလုံးကြီးကြီး – နှစ်လုံး ငရုတ်သီး အရောင်တင်မှုန့်  – ထမင်းစားဇွန်း လေးဇွန်း ပဲနံ့သာစေ့ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း မုန်ညင်းစေ့ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း မန်ကျည်းသီးမှည့် – ထမင်းစားဇွန်း နှစ်ဇွန်းစာ ပျဉ်းတော်သိမ်းရွက် – တစ်ခက် ကြက်သွန်ဖြူ – အမွှာကြီးကြီး ဆယ်မွှာ ငရုတ်သီးစိမ်း […]