ylliX - Online Advertising Network

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၂ )

(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄ 29/12/24 Diary in the darkness  ဗမာလူမျိုးကြီးဝါဒီ စစ်ကောင်စီ ကျဆုံးခန်းကို စစ်တပ် ထောက်ခံသူတွေက ဗမာလူမျိုးတွေ ကျဆုံးနေသယောင် ပြောပြီး တော်လှန်ရေးအင်အားစုကို သပ်လျှိုလိုက်တာ မနက်လင်းလင်းချင်း သတင်းတက်လာတယ်။ ဂွမြို့ AA လက်အောက် လုံးဝ ကျရောက်သွားပြီတဲ့။ သံချပ်ကာကားတွေ ဆယ်စီးထက်မနည်း လမ်းဘေးရပ်ထားပြီး စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။  ဧရာဝတီတိုင်းကို AA က ခြိမ်းခြောက်နေပြီ။ တော်လှန်ရေး အင်အားစုတွေ အောင်စိတ် တက်ကြွနေကြတယ်။ စစ်ကောင်စီတပ်သားတွေကတော့ AA ဘက်က သေနတ်သံပေးလိုက်တာနဲ့ လက်နက်ချ အလင်းဝင်မယ်လို့ အသံပေးနေတယ်။ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုတွေ ပိုကြမ်းလာတယ်။ အိမ်တွေထဲအထိ ဝင်ဆွဲနေကြတယ်။ လမ်းလယ်ကောင်တွေ အိမ်ရာဝင်းတွေ၊ […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၁ )

(မိုးမခ) ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄ 22/12/24 Diary in the darkness  လျှပ်စစ်မီး လာချိန်ကိုမျှော်ရင်း အောင်ပွဲတွေ မျှော်ရတာလည်း မမောနိုင်မပန်းနိုင်။ အမ်း ကျသွားပြီ။ စစ်ကောင်စီ ဗိုလိမှူးချုပ် သုံးယောက် ဒူးထောက်နေတဲ့ပုံတွေ တက်လာတယ်။ လိုင်းပေါ်မှာ သတင်းတွေ အဆက်မပြတ် တင်နေကြတာ တညလုံး မအိပ်ကြဘူးနဲ့ တူတယ်။ စကစ လော်ဘီတွေလည်း မင်းအောင်လှိုင်ကိုဆဲကြ။ ဆိုကြ။ ငိုကြ။ တော်လှန်ရေးထောက်ခံသူတွေ လိုင်းပေါ်မှာ အောင်ပွဲခံကြ။  ဂွမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီ။ အစိုးရဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မြို့ကို စွန့်ခွာကြပြီ။ ဧရာဝတီတိုင်းထဲကို AA နဲ့ တော်လှန်ရေးတပ်တွေ ဝင်လာကြပြီ၊ စတဲ့ တော်လှန်ရေး ‌အောင်စည် အောင်မောင်းသံတွေ လိုင်းပေါ်မှာ သောသောညံနေတယ်။  […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၀ )

(မိုးမခ) ဒီဇင်ဘာ ၁၃ ၊ ၂၀၂၄ 13/12/24 Diary in the darkness  သတင်းကောင်းတွေက ကျွန်တော်တို့အတွက် ၉၆ ပါး ရောဂါပျောက်ဆေး၊ အစွမ်းထက် အားဆေးတွေပါ။  ဒီမနက် ဆွမ်းခံကြွတဲ့ သံဃာတွေထဲမှာ အရွယ်ကောင်း သံယာတော်တွေပါမလာတော့ဘူး။ သက်ကြီးသံဃာတော် လေးငါးပါးသာ ဆွမ်းခံကြွလာပါတယ်။ ယခင်နေ့များက ဆိုလျှင် အရွယ်စုံ သံဃာ ဆယ့်လေးငါးပါး ကြွနေကြ။ ဒီအကြောင်းအရာကို တနေ့က ရပ်ကွက်ထဲမှာ ဧည့်စာရင်းစစ်ခြင်း၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြုကာ ‌တအိမ်လျှင် သိန်းချီ ငွေကောက်ခံခြင်း ၊ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်တွေ ရခိုင်တွင် လက်နက်ချခြင်းတို့နဲ့ ဆက်စပ်ကာ ရပ်ကွက်ထဲကလူတွေ က စိုးရိမ်စိတ်တွေ ပွားများ၊  တစ်ယောက်နဲ့တစ်ယောက်လည်း အထိတ်တလန့်  ပြောဆိုနေကြတယ်။ ဆီရီးယား အာဏာရှင် […]