ylliX - Online Advertising Network

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မနောတိုင်စိုက်ထူ | Popular


လာမည့် ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအ မှတ်အဖြစ် ဇန်နဝါရီ ၅ ရက်နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းမြက်ခင်းပြင်၌ ရိုးရာအစဉ်အလာနှင့်အညီ မနောတိုင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ မနောတိုင်အား (၇၇)နှစ်မြောက် ကချင် ပြည်နယ်နေ့အခမ်းအနားတွင် ပြည်ထောင်စု၏ စည်းလုံးခြင်း၊ စီးပွားလာဘ်လာဘတိုးပွားစေခြင်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ်ဖြစ်သည့် မနောအကဖြင့်ဆင်နွှဲနိုင်ရန်စိုက်ထူခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ မနောတိုင် စိုက်ထူးခြင်းအား ပြည်နယ်ဝန် ကြီးချူပ်ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြည်‌ထောင်စု၏ စည်း လုံးခြင်း၊ အေးချမ်းသာယာခြင်း၊ စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေခြင်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် အောင်မြင်စွာကျင်းပဆင်နွှဲနိုင်ရေးဆုမွန်တောင်းခံပေးနိုင်ရန်ပြောကြားခဲ့သည်။

ထို့ကြောင့် ဖာသာဒေါက်တာဂေါ်လူယုံဝါက ဆု တောင်းဆက်ကပ်ကောင်းချီးတောင်းခံပေးပြီးနောက် မနောပွဲဦးဆောင်သူ နောင်ရှောင်ခေါင်း ဆောင်က ရိုးရာအစဉ်အလာနှင့်အညီ မနောပွဲ တော်ကျင်းပနိုင်ရေး၊ မနောတိုင်စိုက်ထူခြင်းတို့အတွက် ဆုမွန်ကောင်းများတောင်းခံပေးကာ သိက္ခာတော်ရဆရာကကောင်းချီးပေးပြီး မနောတိုင်အား စုပေါင်းစိုက်ထူခဲ့ကြသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *