ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – လက်နက်လူသူ အလှူတော်ရေစက်ချစာတမ်း (မိုးမခ) ဒီဇင်ဘာ ၆ ၊ ၂၀၂၄ သတ်ဒမြ ပေါရိသာဒသရေကြိုး ငမွှေထိုး၏ အသုဘအခမ်းအနား၌ ချီးမြင့်အပ်သော အလှူတော်ရေစက်ချစာတမ်း။ မြို့ကိုးဆယ်လေး ရွာသေး ရွာကြီးက ထောင်ချီ ကရင်နီ ချင်းကချင် ကရင်ရခိုင်ကိုးကန့်ပလောင် ပြည်ထောင်များစွာကိုလည်းကောင်း၊ ရှရှားနှင့်တရုတ်အား အချုပ်အချာအာဏာ လျှာနာ ခွာနာ ပသက်နာကိုလည်းကောင်း၊ ဒုံးဆင်ထားသည့် ကားမျိုးစုံစွာ သံချပ်ကာနှင့် အရာရှိစီး စစ်သည်စီးကား အစားစားကိုလည်းကောင်း၊ ယခုပင် ဂွတွင် တင့်ကား ၁၇ စီး အလှူ ပူပူနွေးနွေးကိုလည်းကောင်း၊ ဝေဟင်စစ်အတွက် ဝေဟင်ပစ်လက်နက်ကြီးများကိုလည်းကောင်း၊ မြေပြင်စစ်အတွက် မြေပြင်ကစ် တအုပ်တမ ကပစ ထုတ်သမျှနဲ့ လက်နက်ကြီးလက်နက်ငယ် ဟိုကဒီက ပြည်ပဝယ်အသွယ်သွယ်ကိုလည်းကောင်း၊ လက်နက်တင်မက ခဲယမ်းမီးကျောက် လိုသလောက်ပြင် […]
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – မုဆိုးမတို့ရွာနဲ့ မုန့်ဟင်းခါးထရော်မာ (မိုးမခ) ဇန်နဝါရီ ၅ ၊ ၂၀၂၅ မုဆိုးမတို့ရွာ ဆိုတာနဲ့ စစ်ဗိုလ်ချုပ်တွေက ကုပ်ပေါ် ဓားဝဲသလိုလို တုတ်ပေါ် ပျားဆွဲသလိုလို ဘာ့လို့ ဖြစ်နေရတာတုး။ မုန့်ဟင်းခါး ဆိုတာနဲ့ ချွေးထွက် သွေးပျက် အေးစက်၊ ဖျက်ကွာ နှက်ကွာ ချကွာ ဆိုပြီး မုဆိုးမတွေဦးစီးပြီး ဖွင့်တဲ့ မုန့်ဟင်းခါးဆိုင်ထဲ တုတ်ဆွဲ ဓားဆွဲဝင်။ ဪ သူတို့ ချောက်အိပ်မက်ကလဲ ဆန်းစွ။ မုဆိုးမ လို့ကြားတာနဲ့ နားဆတ်ဆတ်တုန် သူတို့မိန်းမပုံကြီး ပြေးမြင် သေးပေါက်ချင်သလိုလို ချေးယိုချင်သလိုလို ဖြစ်လာကြ။ နောက်ကောင်တွေနဲ့ ခံစား စံစားနေမှာထိ စိတ်ငရဲရောက် ထိပ်ကွဲပေါက်၊ သောက်ရမှာလား ဂေါက်ရမှာလား ထသွား ပြန်ထိုင် မှိုင်လိုက် […]
(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄ 29/12/24 Diary in the darkness ဗမာလူမျိုးကြီးဝါဒီ စစ်ကောင်စီ ကျဆုံးခန်းကို စစ်တပ် ထောက်ခံသူတွေက ဗမာလူမျိုးတွေ ကျဆုံးနေသယောင် ပြောပြီး တော်လှန်ရေးအင်အားစုကို သပ်လျှိုလိုက်တာ မနက်လင်းလင်းချင်း သတင်းတက်လာတယ်။ ဂွမြို့ AA လက်အောက် လုံးဝ ကျရောက်သွားပြီတဲ့။ သံချပ်ကာကားတွေ ဆယ်စီးထက်မနည်း လမ်းဘေးရပ်ထားပြီး စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းကို AA က ခြိမ်းခြောက်နေပြီ။ တော်လှန်ရေး အင်အားစုတွေ အောင်စိတ် တက်ကြွနေကြတယ်။ စစ်ကောင်စီတပ်သားတွေကတော့ AA ဘက်က သေနတ်သံပေးလိုက်တာနဲ့ လက်နက်ချ အလင်းဝင်မယ်လို့ အသံပေးနေတယ်။ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုတွေ ပိုကြမ်းလာတယ်။ အိမ်တွေထဲအထိ ဝင်ဆွဲနေကြတယ်။ လမ်းလယ်ကောင်တွေ အိမ်ရာဝင်းတွေ၊ […]
(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄ “မောင်းပြန်လေညှင်း သေခြင်းဖြည်းဖြည်းကို” ဒီရက်ပိုင်း မင်းကြောင်လှိုင် အဲသီချင်းကြီးနဲ့ အဖီးလ်တလိုင်း လုပ်နေပြီ။ သူ့စကားအတိုင်းလက်နက်နဲ့ ငြိမ်းချမ်းရေး လဲသွားကြတော့ မဖီးလ်လို့ မရ။ သူ ပြောတာက AA TNLA MNDAA။ လဲသွားတာက သူ့ကောင် ဗိုလ်မှူးချုပ်တွေ။ သူမှ မဖီးလ် ဘယ်သူ ဖီးလ်မလဲ။ စစ်ဌာနချုပ်နှစ်ခု သေကွက်မလှ ရေစက်ချလိုက်ရပြီ။ “မောင်းပြန်လေညှင်း သေခြင်းဖြည်းဖြည်းကို” ခေါကြူမကို လောပူထတုန်းကလို ဖီးလ်းကောင်းကောင်းနဲ့ တညလုံး ဖီးလ်ချင်ပေမယ့် ပီဒက်တွေရဲ့အပေါ်က ဒရုန်းထက် တပ်ထဲက ကောင်တွေက ထဝုန်းလိုက်မှာ ကြောက်လို့သာ လစ်ခဲ့ရတာ။ အဖီးလ်ပြေမလား မှတ်ပြီး ရေတပ်ပွဲ ဒိုးပါမှ အဖီးလ်ရယ် ဘယ်မပြေ ဖြေပါနိုင် ဖြစ်ရပြန်သလေ။ ရေချုပ်က […]
Grim Soul: Dark Fantasy Survival (MOD, Menu) – Popular RPG on android, in which everyone will be able to test their adaptability to survive. After all, you find yourself in a completely new world for you, where the darkness has seized not a few lands and now all the residents need to survive in these […]
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – နပခမှ ကပစသို့ (မိုးမခ) ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄ နခခ-၅ ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်ဘက် ကမ်းကူးဖို့ စောင့်နေတဲ့ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးတော့ ကိုယ့်မိုင်းကိုယ်နင်းမိပြီး တေတွားသတဲ့။ မင်းနဲ့မှ ချစ်တတ်၊ အဲလေ မိုင်းနဲ့မှ လစ်တတ်ပြီပေါ့။ တေပုံကလဲ သွေးထွက်လွန် သေသွားတာတဲ့။ ကုရာနတ္ထိ ဆေးရုံမရှိဘဝဆိုး။ အမယ် အသည်းအသန် ခုခံတိုက်ခိုက်ရင်း သေသွားသလား မှတ်တယ်၊ ခိုးရာပါ တိုက်ရာပါ ရွှေတုံးငွေထုပ်တွေနဲ့ဆိုကိုး။ AAက အဲဒီကာလဒါနလေးကို အမျှတော့ ဝေပေးလောက်ပါရဲ့။ သူများတွေဆီ ဓားပြတိုက်၊ ဆေးရုံတွေ ဗုံးကြဲ၊ ဆရာဝန်တွေ ထောင်ချ၊ ဆေးဝါးမသွင်းရအောင်ပိတ်ဆို့၊ လူပတ်သတ်ခဲ့တာတွေ တထိုင်တည်း အကြေဆပ်သွားသလားတောင် ထင်ရ။ […]
(မိုးမခ) ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄ 22/12/24 Diary in the darkness လျှပ်စစ်မီး လာချိန်ကိုမျှော်ရင်း အောင်ပွဲတွေ မျှော်ရတာလည်း မမောနိုင်မပန်းနိုင်။ အမ်း ကျသွားပြီ။ စစ်ကောင်စီ ဗိုလိမှူးချုပ် သုံးယောက် ဒူးထောက်နေတဲ့ပုံတွေ တက်လာတယ်။ လိုင်းပေါ်မှာ သတင်းတွေ အဆက်မပြတ် တင်နေကြတာ တညလုံး မအိပ်ကြဘူးနဲ့ တူတယ်။ စကစ လော်ဘီတွေလည်း မင်းအောင်လှိုင်ကိုဆဲကြ။ ဆိုကြ။ ငိုကြ။ တော်လှန်ရေးထောက်ခံသူတွေ လိုင်းပေါ်မှာ အောင်ပွဲခံကြ။ ဂွမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီ။ အစိုးရဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မြို့ကို စွန့်ခွာကြပြီ။ ဧရာဝတီတိုင်းထဲကို AA နဲ့ တော်လှန်ရေးတပ်တွေ ဝင်လာကြပြီ၊ စတဲ့ တော်လှန်ရေး အောင်စည် အောင်မောင်းသံတွေ လိုင်းပေါ်မှာ သောသောညံနေတယ်။ […]
(မိုးမခ) ဒီဇင်ဘာ ၁၉ ၊ ၂၀၂၄ ရခိုင်ဘက်မှာ ဒီရေလှိုင်းတွေလို အကျအဆုံး သတင်းတွေ တဝုန်းဝုန်းတက်လာကထဲက ခွေးဘီလူးတွေ သွေးရူးသွေးတမ်း တရကြမ်း လုပ်လာတာကတော့ လူဖမ်းတာ။ ဆိုင်ဝင်ဆွဲ အိမ်ထဲဖမ်း လမ်းပေါ်ခေါ် တော်တော်ဆိုးဆိုးထက်ကို ပိုလုပ်နေကြတာ။ တခြားလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူးလေ။ ဗိုလ်မှူးချုပ်တွေပါ အတုံးအရုံးနဲ့ အကျအဆုံးသတင်းတွေ တဖိတ်ဖိတ်လက် တရိပ်ရိပ်တက်နေတာ မဟုတ်လား။ ဘောမှုထမ်းဖို့ ရုပ်ပျက်ဆင်းပျက် ဖမ်းပြီဆိုတော့ အသက်ကယ်အကွက် ထုတ်သုံးတဲ့အဆင့်ပေါ့။ ဒါပေမဲ့ ဒီလူဖမ်းဆို လူကော့တက်နဲ့လဲ မအလနဲ့ သူ့တပ်အသက်ကတော့ ထွက်မယ့်ဟာ ထွက်မှာဘဲ။ ရက်မကြာတော့။ အရူးက လေတပ်သွား ဖားယားလိုက်၊ မြှောက်ပေးလိုက်၊ ဗိုလ်သင်တန်းဆင်းပွဲမှာ အတင်းဖြဲဟောင်လိုက်နဲ့ ကြောင်တောင်ငမ်းတမ်း မျက်နှာလဲ ခွေးသေးပန်းထားတဲ့ နွားချေးပုံလို ပျော့အက်ပြဲ ကော့တက်ကွဲနေပြီ။ ရခိုင်မှာက […]
(မိုးမခ) ဒီဇင်ဘာ ၁၆ ၊ ၂၀၂၄ ဗြင်းရမယ်တောင်မရှိ၊ နှင်းကျတာနဲ့ ဒင်းက ပြေးရော။ ပြေးသမှ ခွေးပြေး ဝက်ပြေး။ ခေါင်းဆောင်မှုဆိုတာ ငါ့လို့ ပြေးရတယ်ကွလို့ ပြတာပလေ။ သူရိန်ထွန်းကမှ ခံတိုက်သေးတယ်။ ဟေး ဆိုတာနဲ့ ခွေးနာကတော့ ပြေးတာ ပြေးတာ။ အခုလဲ ဘယ်နေရာမှ ကြာကြာမအိပ်ရဲတော့ ပတ်ဒိုးနေတာရယ်။ အရင်က အောင်းဖို့မှန်းထားတဲ့ ပုသိမ်စစ်ဌာနချုပ်နားလဲ မသွားရဲတော့။ အနောက်တံခါးက ပျောက်သွားပြီလေ။ အချဉ်စိုးဝင်းကဘဲ အရင်ထိုးသွင်းမလား ကြည့်ရမယ်။ မဟုတ်ရင်တော့ ကိုယ်လွတ်ရုန်း လစ်မှာ အသိသာကြီး။ ဘယ်ပြဿနာမှ တာဝန်ခံဖြေရှင်းမယ့်ကောင် မဟုတ်။ ခုတော့ နေမင်းရဲ့ သုံးမိနစ်ကို ကျော်ပြီး သုံးမိနစ်အယ်ဘလို့တောင် နာမည်ကြီးနေပေါ့။ နေမင်းနဲ့အပြိုင် သေမင်းလှိုင်။ အင်း ရခိုင်မှာ သေမင်းလှိုင်တပ်တွေ သေချင်းပြိုင်တာလဲ […]
(မိုးမခ) ဒီဇင်ဘာ ၁၄ ၊ ၂၀၂၄ ရွေးကောက်ပွဲကတော့ ဂျပေါင်ကုရဲ့အာဏာသိမ်းတုန်းက အကြောင်းပြချက်တခုပေါ့။ သူက ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြောပြီးတော့ သိမ်းလာခဲ့တာကို။ အဲဒါကိုပဲ ခြောက်လ၊ ခြောက်လ၊ ခြောက်လ ရွှေ့ရင်း ရွှေ့ရင်း ရွှေ့ရင်းနဲ့ ဒီလောက်ရောက်လာတာပေါ့။ ဒီလောက်ရောက်လဲ သူထင်သလို အုပ်ချုပ်လို့ရတဲ့အခြေအနေက ဖြစ်မလာဘူး။ စတန်းဒတ်အာမီသာ ကြာလေ ဒရမ်းခတ်လာလေမဟုတ်လား။ NLD ကိုလည်းရွေးကောက်ပွဲ မသန့်ရှင်းဘဲ ညစ်ပတ်နိုင်လာတာဆိုပြီး သိမ်းထားတာဆိုတော့ သူ့စကားသူ ဟုတ်ပါတယ်ဆိုတဲ့ဟာကို အကောင်အထည်ဖော်ပြဖို့ကလဲ လိုသေးသကိုး။ ဒါပေမယ့် ရွေးကောက်ပွဲဟာ သူ့အတွက် နိုင်ငံရေးထွက်ပေါက်တော့ ဖြစ်လာမှာမဟုတ်ဘူး။ ရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲလိုဆိုရရုံပါဘဲ။ အဲဒီကနေ သမ္မတဖြစ်ပြီး တပ်ကို ထားရစ်ရဲလားဆို ဘယ်ထားခဲ့ရဲမလဲ။ တပ်ရဲ့သဘောက တပ်ရာထူးမရှိတော့ဘူးဆိုရင် ဘယ်သူကမှ စာရင်းထဲ မထည့်ဘူးလေ။ အာဏာသိမ်းပြီးကတည်း […]