ရန်ကုန်၊ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်၊ နတ်ကြီးရွာအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် ကနီမြို့နှင့် ၄ မိုင်ခန့်အကွာရှိ နတ်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိတ္ထီလာမြို့ နှင့် တံတားဦးမြို့လေဆိပ်တို့မှ တက်လာသော တိုက်လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများ ကြိုတင် ရှောင်ရှားနိုင်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
“လာရောက်တိုက်ခိုက်တဲ့ လေယာဉ်တွေက မိထ္တိလာနဲ့ တံတားဦတပ်က လေယာဉ်တွေ ဖြစ်တယ်လို့ သိရ တယ်။ နေ့ခင်းပိုင်းလောက်ကတည်းက ကင်းထောက် လေယာဉ်နဲ့ ပတ်ပြီးကင်းထောက်တယ်။ ညပိုင်း ၇ နာရီကျော် ကျော်အချိန်ကြတော့ တစ်ခေါက် ပစ်တယ်။ ၈ နာရီကျော်တော့ တစ်ခေါက်နဲ့ ည ၁၁ နာရီကျော်တော့ တစ်ခေါက် စုစုပေါင်း ၃ ခေါက် လာပြီး ဗုံးကျဲ ပစ်ခတ်သွားတာ ရွာတောင်ပိုင်း ရုန်းပင်ဆိပ်ကမ်းက ကုက္ကိုပင်ကြီးအနီးနဲ့ ရွာအရှေ့ တောင်ဘက်ကို ပစ်ခတ်ဗုံးကျဲသွားတာ ပြည်သူ တွေကတော့ ကြိုရှောင်ထားလို့ အထိအခိုက်တာ့မရှိခဲ့ဘူး” ဟု နတ်ကြီးရွာနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၅ ရက်၊ ၁၈ ရက်နှင့် ၂၉ ရက်နေ့တို့ကလည်း အကြမ်းဖက် စစ်တပ်က နတ်ကြီးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
The post ကနီမြို့နယ်၊ နတ်ကြီးရွာအနီးကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက် appeared first on Khit Thit Media.