ylliX - Online Advertising Network
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် - Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် – Khit Thit Media


By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မောင်တော – (နခခ-၅) ကို အာရက္ခတပ်တော် AA က သိမ်းပိုက်တဲ့အချိန် ထွက်ပြေးသွားတဲ့ အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး ဆိုသူကို အခေါက်ရွှေတုံးတွေတွေအပါအဝင် ငွေကျပ် သိန်း ၈၀၀ ဝန်းကျင်နဲ့အတူ အသေဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။
  • စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်က မန်ကျည်းကုန်း ကျေးရွာ အနီးမျာ အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် မသာအလောင်းတွေနဲ့ သေနတ် ၉ လက်ကိုပါ သိမ်းဆည်း ရရှိထားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေဆီကနေ တစ်အိမ်ကို ငွေကျပ် ၉ သောင်းနှုန်း လစဉ် ကောက်ခံနေပြီး ၊ စစ်ကောင်စီ တပ်ကလည်း သူတို့အတွက် တပ်သားသစ်မပေးနိုင်ရင် ကျေးရွာတွေက လူစားထိုးကြေးအနေနဲ့ တစ်ရွာကို ငွေကျပ် သိန်း ၂၄၀ ပေးရမယ်ဆိုပြီး တောင်းရမ်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



Source link

Leave a Reply

Your email address will not be published. Required fields are marked *