ဆောင်းနှင်းဖွေးဖွေးလေး အုပ်မှိုင်းနေတဲ့ Christmas ကာလမှာ အလည်ပတ်သင့်ဆုံးနေရာကတော့ အစဉ်အမြဲအေးခဲနေတတ်တဲ့ ဥရောပတိုက်ရဲ့ မြို့ရွာငယ်လေးတွေဆီကိုပါပဲ။
Santa Claus ဘိုးဘိုးကြီးရဲ့ မွေးရပ်မြေဖြစ်တဲ့ ဖင်လန်နိုင်ငံ Rovaniemi ရွာလေးဟာ ခရစ်စမတ်ကာလရောက်တိုင်း မီးရောင်လှလှလေးတွေနဲ့ စည်ကားလေ့ရှိတာမို့ ခရစ်စမတ်ရွာစစ်စစ်ဆီကို ခရီးထွက်နေရသလို ဖြစ်စေမှာပါ။
ပုံမှာမြင်ရတဲ့အတိုင်း နှင်းဖြူဖြူလေးတွေအပေါ်မှာ မီးရောင်လှလှလေးတွေ အလှဆင်ထားတာကို တွေ့မြင်ရမှာဖြစ်ပြီး ဖင်လန်နိုင်ငံရဲ့ ခရီးသွားအလှအပတွေကိုခံစားရင်း ပျော်ပါးနိုင်တဲ့ Rovaniemi ရွာလေးပါပဲ။
နှင်းတိမ်တွေ တွဲလဲချထားသလို ဖြူစွတ်စွတ်လှပလွန်းတဲ့ နှုတ်ခမ်းမွှေးဖြူနဲ့ ခရစ်စမတ်ဘိုးဘိုးကြီးကို တွေ့တဲ့အခါ နှစ်သစ်ဆုတောင်းလေးကို ဘိုးဘိုးကြီး နားတော်ပါးမှာ ပြောကြားဆုတောင်းနိုင်ပြီး ညဘက်များမှာ ဖင်လန်နိုင်ငံရဲ့လှပလွန်းတဲ့ Northern Light ကောင်းကင်ယံအလှကိုလည်း ရှုမျှော်ခံစားလို့ရပါတယ်။
Christmas ပိတ်ရက်မှာ ပျော်စရာ Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေရွာ Rovaniemi ရွာလေးကို လည်ပတ်နိုင်တဲ့အကြောင်း လက်တို့လိုက်ပါတယ်နော်…
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com