ylliX - Online Advertising Network

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာလရှည်ကြာနီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ်မှုကို မိမိအနေဖြင့်အထူးအလေးထား | Popular


မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာလရှည်ကြာနီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ်မှုကို မိမိအနေဖြင့်အထူးအလေးထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကပြောသည်။

မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယအတွက် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ကမ္ဘောဒီးယားပြည်သူများနှင့် မိမိမှ ဂုဏ်ပြုဝမ်းမြောက်စကားများပို့သအပ်သည်ဟု ရေးသားထားသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် တူညီသည့်ရိုးရာယဉ်ကျေးမှုနှင့် ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတို့ကို အခြေခံ၍ နှစ်နိုင်ငံကြား ကာလရှည်ကြာနီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို မိမိအနေဖြင့်အထူးအလေးထားသည်ဟု ရေးသားထားသည်။

မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်တွင် ပိုမိုတိုးတက်မှုရှိလာမည်ကို အခိုင်အမာယုံ ကြည်သည်ဟုလည်း ရေးသားထားသည်။

အဆွေတော် ကျန်းမာရွှင်လန်းပြီး စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ၊ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံးသည် ငြိမ်းချမ်းမှု၊ ကျန်းမာရွှင်လန်းမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိခံစားနိုင်ပါစေရန် ဆုတောင်းမေတ္တာပို့သပြီး အဆွေတော်အားအစဉ်ချစ်ကြည်အလေးထားလျက်ရှိသည်ဟုလည်း ရေးသားထားသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *