(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၄ UWSA နဲ့ ထိုင်းနယ်စပ် အငြင်းပွားမှုနဲ့ အဖြေဘယ်လိုရှာမလဲ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအဖို့ စစ်မက်မဖြစ်ပွားတဲ့ ပုံမှန်ကာလတွေလို မဟုတ်ဘဲ နေ့စဥ် သတင်းအဖြစ်အပျက်တွေက များပြားလွန်းလှတယ်လို့ ဆိုရမယ့် အနေအထား ဖြစ်ပါတယ်။ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက်ခံရမှုတွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် ဖြစ်လာနေပေမယ့်လည်း တဦးတလေ ဖမ်းဆီးခံရတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာမျိုး မဟုတ်ဘဲ ဆယ်ဂဏန်းနဲ့ချီ ဖမ်းဆီးခံရတာမျိုး ညှဉ်းဆဲသတ်ဖြတ်ခံရတာမျိုးတွေက သတင်းအဖြစ် ဖော်ပြကြရတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ တိုက်ပွဲဖြစ်ပွားတာက သတင်းလို့ တထစ်ချ ပြောဖို့ ခက်ခဲလာပြီး ဘယ်လို ဒေသမှာ ဖြစ်ပွားတာလဲ၊ ဘယ်လောက်ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ဖြစ်တာလဲ၊ သက်ရောက်မှု ဘယ်လောက်ကြီးမားလဲ […]
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီထိုးစစ် တချို့ စတင် ၊ နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ နယ်မြေတွေ ယခုနှစ် ဇွန်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့ နောက်ပိုင်း စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ တချို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီဒေသက နယ်မြေအချို့ တို့ကို ပြန်လည်ရယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတဲ့ လက္ခဏာတွေ စတင်ဖြစ်ပွားလာတာတွေ တွေ့နေရပြီ ဖြစ်ပါတယ်။ ယခုရက်ပိုင်း အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ စစ်ကောင်စီတပ်တွေ မိုင်းရယ်-တန့်ယန်းဘက်မှာ အင်အားဖြည့်ပြီး ပြင်ဆင်နေကြတဲ့ လက္ခဏာ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေဘယ်ဒေသကမဆို လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ ပေးမသွားတော့တာ၊ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက MDY-PDF တွေ […]
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၄ မြန်မာ့အရေးနဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲ၊ စစ်ရေး အင်အားချိန်ခွင်လျှာ အပြောင်းအလဲ၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သြဇာ သို့မဟုတ် ဖိအားပေးမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေဒေသ၊ အုပ်ချုပ်ရေး ထူထောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးတိမ်းရှောင်သူ၊ အရပ်သားသေဆုံးမှု၊ လက်နက်ကိုင် အဖွဲ့များ အချင်းချင်းအကြားက ဆက်ဆံရေး၊ လက်နက်ကိုင် အဖွဲ့များရဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းနဲ့ အကျိုးစီးပွား အစရှိတဲ့ သော့ချက် စကားလုံးတွေ က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအနာဂတ် ဘယ်လို ဖြစ်လာမလဲ ဘယ်လို ပုံဖော်ကြမလဲဆိုတဲ့ ကိစ္စရပ်တွေမှာ လွှမ်းမိုးနေတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဖက်ဒရယ် […]
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄ တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခြင်းလို့ ခေါ်တဲ့ ကားလမ်းတလျှောက် ငွေကြေးစွန့်ကြဲတဲ့ အလေ့အထဖြစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေးတဲ့ နှစ်ကာလတွေကျမှ ပေါ်ပေါက်လာတဲ့ အလေ့အထဖြစ်ပြီး ရှေးတုန်းက ပံ့သကူ အဖြစ်စွန့်ကြဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခြေခံပေမယ်လို့ လုပ်ကိုင်ပုံနည်းလမ်းတော့ မတူပါဘူး။ ရှေးအစဥ်အလာ ပံ့သကူစွန့်ကြဲခြင်းက ပေးကမ်းသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမှာ ထားခဲ့တဲ့သဘောမျိုး ဖြစ်ပြီး အခုလို တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကားနဲ့ ပစ်ချစွန့်ကြဲတာမျိုး မဟုတ်ပါဘူး။ တန်ဆောင်မုန်းလပြည့် ပွဲတော်ကာလရက်တွေမှာ အခုလို ပံ့သကူ […]
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၄ နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက် စစ်ကေောင်စီ ခေါင်းဆောင် တရုတ်နိုင်ငံကကို ယခုလဆန်းမှာ သွားရောက်တဲ့ ခရီးစဥ်ပြီးနောက်မှာ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့ လက္ခဏာအချို့ တွေ့လာရပါတယ်။ ရှမ်းမြောက်ဒေသက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိုမိုတင်းကျပ်စွာ ပိတ်ပင်လာတာတွေ တွေ့ ရသလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသက ဆုံးရှုံးထားတဲ့ နယ်မြေ၊ မြို့တွေထဲက ဗျူဟာအရ အရေးပါဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်တဲ့ ပြင်ဆင်မှုတွေ လုပ်လာနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ၊ လမ်းကြောင်းအပြောင်းအလဲ ဖြစ်လာတဲ့ လက္ခဏာတွေကို ပြီးခဲ့တဲ့ သြဂုတ်လလယ်လောက်က […]
မြန်မာနွေဦး ခရိုနီကယ် – နိုဝင်ဘာ ၁၄ မြင်ကွင်း(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့ သိမ်းတိုက်ပွဲ၊ လက်နက်ကိုင် အဖွဲ့တွေအကြားညီညွတ်ရေး နဲ့ နိုင်ငံရေး စုစည်းမှု မြန်မာနိုင်ငံမြေပုံမှာ ကျယ်ပြန့်တဲ့ နယ်မြေ၊ မြို့နယ် အရေအတွက် ၃၈ မြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းက ပုလဲမြို့ကို ပုလဲမြို့နယ်ထဲ အခြေစိုက်လှုပ်ရှားတဲ့ စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ BNRA လက်နက်ကိုင်တပ်က ဦးဆောင်ပြီး အခြားသော ကာကွယ်ရေး တပ်အချို့တို့ပူးပေါင်းတိုက်ခိုက်ရာမှာ ၄ ရက်မြောက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ အခု စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ပုလဲမြို့ကို သိမ်းယူဖို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ Bamar National Revolutionary Army လက်နက်ကိုင် အဖွဲ့ကို […]
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄ လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက် လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း […]
အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင် ၄ နှစ်တကြိမ် ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ခုနှစ် ဒီမိုကရက်တစ် ပါတီက လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် နဲ့ ယခင်က သမ္မတ ၄ နှစ်တာဝန်ထမ်းဆောင်ဖူးသူ ရီပတ်ဗလစ်ကန် ပါတီက ဒေါ်နယ်ထရန့်တို့ ယှဥ်ပြိုင်နေကြပြီး ဒီရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေး အရေး နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေကြတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း […]
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၄ ပြည်တွင်းစစ်ကာလ ကြာရှည်လာတာနဲ့အမျှ လူငယ်တွေရဲ့ ပညာရေးအပေါ် သက်ရောက်မှု လက်နက်ကိုင် ပဋိပက္ခလို့ ပညာရှင်ဆန်ဆန် ခေါ်ဝေါ်သုံးစွဲတဲ့ နှစ် ၇၀ ကျော် ကြာရှည်လာတဲ့ ပြည်တွင်းစစ်မီး မြန်မာနိုင်ငံမှာ တကျော့ပြန် အရှိန်မြင့်တောက်လောင်လာတာ ၃ နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလကုန် မေလဝန်းကျင်က စတင်ပြီး တိုက်ပွဲတွေ ဟိုနားသည်နားမှာ စတင်ဖြစ်ပွားလာရာက ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာပြီး ၂၀၂၃ အကုန် ၂၀၂၄ မှာတော့ နိုင်ငံရဲ့ ၇၀ ရာနှုန်းကျော်မှာ စစ်ပွဲတွေ ဖြစ်ပွားနေတာ၊ စစ်ပွဲကြောင့် ရှောင်တိမ်းကြရတာ၊ သို့မဟုတ် ပဋိပက္ခရဲ့ သက်ရောက်မှု အကျိုးဆက်တိုက်ရိုက် ခံစားရလာတဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျောင်းသား […]
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၄ MNDAA တပ် ခေါင်းဆောင်ရဲ့ တရုတ်ပြည် တွေ့ဆုံမှု၊ စစ်ကောင်စီရဲ့ လားရှိုးပြန်ယူဖို့ ရည်မှန်းချက် ၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ရဲ့တပြိုင်နက်ထည်း ထိုးစစ်ဆင်တိုက်ခိုက်မှု တနှစ်တင်းတင်းပြည့်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက အုပ်ချုပ်ရေးအခြေစိုက်ရာမြို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မန္တလေးမြို့ပြီးနောက် အချက်အချာ အကျဆုံးမြို့၊ နယ်စပ်ကုန်သွယ်ရေး တင်မက၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ပြည်သူ့စစ် လို့အမည်ပေးထားတဲ့ ဒေသအလိုက် လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါ်ထင်ထင် တဖုံ၊ တိတ်တဆိတ် ဝင်ထွက်သွားလာတဲ့ မြို့ဖြစ်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီအနေနဲ့ ပြန်လည်ရယူဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ တွေ့ရမှာဖြစ်ပါတယ်။ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို […]