ylliX - Online Advertising Network

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား တက်ရောက်

  မော်လမြိုင်,  ဒီဇင်ဘာ ၁၈ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏ ရော်ဘာစိုက်ပျိုးဧက (၅) သိန်းကျော်တွင် အစေးခြစ် ဧကမှာ (၃)သိန်းကျော်ရှိပြီး ရော်ဘာစိုက်ဧရိယာ၏ (၉၀)ရာခိုင်နှုန်းမှာ လုပ်ကွက်ငယ် ခြံငယ်ရှင်များဖြစ်ပြီး ခြံလတ်၊ ခြံကြီး နှင့် ကုမ္ပဏီစိုက်ခင်းများအနေဖြင့် (၁၀%)အောက် စိုက်ပျိုးထားကြောင်း၊ မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်လာစေရေးအတွက် အထွက်နှုန်းနှင့် အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်အပြင် တန်ဖိုးမြှင့်ထုတ်ကုန်များ […]

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ် ရေးနေ့အခမ်းသို့ တက်ရောက် (၁၆-၁၂-၂၀၂၄ ရက်)

(၁၆-၁၂-၂၀၂၄ ရက်၊ ကွာလာလမ်ပူ) မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် ၁၃−၁၂−၂၀၂၄ ရက်၊ ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်သည့် (၇၉) ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့အခမ်းအနားသို့ မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုနီး ရှားသံအမတ်ကြီး H.E. Mr. Hermono ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကွာလာလမ်ပူမြို့ အခြေ စိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ/သံရုံးအကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source link

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်း (၈၀) ပြည့်နှစ်မြောက် ဗီယက်နမ် ပြည်သူ့တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

တဲလ်အဗီး၊ ဒီဇင်ဘာ ၁၅ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Duc Trung ၏ ဖိတ်ကြားချက် အရ တဲလ်အဗီးမြို့ရှိ Beit Amot Mishpat Tower တွင် ပြုလုပ်ခဲ့သည့် ၈၀ ပြည့်နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။  အဆိုပါအခမ်းအနားသို့ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။  Join – https://t.me/MyanmarNationalPost Source link

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်း (၈၀) ပြည့်နှစ်မြောက် ဗီယက်နမ် ပြည်သူ့တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် (၁၅-၁၂-၂၀၂၄ ရက်)

(၁၅-၁၂-၂၀၂၄ ရက်၊ တဲလ်အဗီး) အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Duc Trung ၏ ဖိတ်ကြားချက် အရ တဲလ်အဗီးမြို့ရှိ Beit Amot Mishpat Tower တွင် ပြုလုပ်ခဲ့သည့် ၈၀ ပြည့်နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source link

အာဆီယံကော်မတီဝါရှင်တန် (ACW)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပွဲ အခမ်းအနားနှင့် နှစ်သစ်ကူးအကြိုဧည့်ခံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် (၁၂-၁၂-၂၀၂၄ ရက်)

(၁၂-၁၂-၂၀၂၄ ရက်၊ ဝါရှင်တန်) ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Jose Manuel G. Romualdez က အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးလွှဲပြောင်းသည့် အခမ်းအနားနှင့် နှစ်သစ်ကူးအကြို ဧည့်ခံပွဲကို ၁၂-၁၂-၂၀၂၄ ရက်၊ ညနေပိုင်းတွင် ဖိလစ်ပိုင်သံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာတာဝန်ရှိသူများနှင့် အာဆီယံသံရုံးများနှင့် မိတ်ဆွေနိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့ကြပါသည်။ ဖိလစ်ပိုင် သံအမတ်ကြီးက အာဆီယံကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း […]

ဆီးရီးယားအရေး သူပုန်အဖွဲ့တွေနဲ့ အမေရိကန် တိုက်ရိုက် ဆက်သွယ်

HTS လို့ အတိုကောက်ခေါ်တဲ့ Hayat Tahrir al-Sham အဖွဲ့ဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားနိုင်ငံထဲ ထွက်ပြေး ခိုလုံခဲ့ရတဲ့ ဆီးရီးယား သမ္မတ အာဆဒ် ကို ဖြုတ်ချရာမှာပါဝင်တဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေကို ဒီအဖွဲ့က ဦးဆောင်ခဲ့တာပါ။ အခု ဒီအဖွဲ့နဲ့ သမ္မတ ဘိုင်ဒန်အစိုးရ တာဝန်ရှိသူတွေ တိုက်ရိုက် ဆက်သွယ် စကား ပြောတာတွေ ရှိနေတယ်ဆိုတာကို ဝန်ကြီး ဘလင်ကန်က ပထမဆုံး ထုတ်ဖော်ပြောဆိုတဲ့ အမေရိကန် ထိပ်တန်း အရာရှိ ဖြစ်ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး နိုင်ငံစုံက တာဝန်ရှိသူတွေ ဆွေးနွေးနေကြတဲ့ ဂျော်ဒန်နိုင်ငံက သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောသွားတာလည်း ဖြစ်ပါတယ်။ အာဆဒ်အစိုးရ […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=9kGAa-V6rzo #Daily_NewsPublished 14 December 2024 ၁။ ထိုင်းဗီဇာလျှောက်ထားရာတွင် e-Visa (အွန်လိုင်း) စနစ်သစ်ဖြင့် လျှောက်ထားရမည် ၂။ အိန္ဒိယနှင့်ဖိလစ်ပိုင်သို့တင်ပို့နေသောကြောင့် ပြောင်းဈေးအတက်ဘက်သာရှိနေ ၃။ လတ်တလော ရွှေဈေးကွက်အေးနေပြီး ရွှေဈေးထပ်ကျဦးမည် ၄။ ကမ္ဘာ့စီးပွားရေး မရေရာမှုများရှိသော်ငြား တရုတ်စီးပွားရေးခံနိုင်ရည်ရှိမှုကြောင့် ဂျီဒီပီတိုးတက်မှု (၅)ရာခိုင်နှုန်းပြည့်မီဖွယ်ရှိဟုဆို … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ တက်ရောက် အားပေးချီးမြှင့်

  ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ တက်ရောက် အားပေးချီးမြှင့်   နေပြည်တော်   ဒီဇင်ဘာ   ၁၃     ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင်  နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့်  အားကစားရုံများ၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ  တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ကြသည်။ ဦးစွာ   ၂၀၂၄   ခုနှစ်  ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ယှဉ်ပြိုင် ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် […]

အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး တက်ရောက် (၁၂-၁၂-၂၀၂၄ ရက်)

(၁၂-၁၂-၂၀၂၄ ရက်၊ အော်တာဝါ) ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဌဖြစ်သူ ဖိလစ်ပိုင်သံအမတ်ကြီး Maria Andrelita S. Austria ဉီးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် အော်တာဝါမြို့ရှိ Fairmont Chateau Laurier Hotel ၌ ကျင်းပသည့် အာဆီယံကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၈၈) ကြိမ်မြောက် အစည်းအဝေး နှင့် ကော်မတီ၏အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဉီးစွာ အာဆီယံသံရုံးအကြီးအကဲများက အော်တာဝါမြို့သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် မလေးရှားသံအမတ်ကြီးအသစ်ဖြစ်သူ Dr. Shazelina Zainul Abidin အား ကြိုဆိုခဲ့ကြပြီးနောက် ကနေဒါကုန်သွယ်ရေးအဖွဲ့၏ အင်ဒိုနီးရှားနိုင်ငံနှင့် […]

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ကာတာအမျိုးသားနေ့နှင့် ကာတာနိုင်ငံထူထောင်သူ Shaikh Jassim Bin Mohammed Al – Thani အား ဂုဏ်ပြုသည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် (၁၂-၁၂-၂၀၂၄ ရက်)

(၁၂-၁၂-၂၀၂၄ ရက်နေ့၊ ကတ္တမန္ဒူး) နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ကတ္တမန္ဒူးမြို့ရှိ Soaltee Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ကာတာအမျိုးသားနေ့နှင့် ကာတာ နိုင်ငံထူထောင်သူ Shaikh Jassim Bin Mohammed Al – Thani အား ဂုဏ်ပြုသည့်အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နီပေါနိုင်ငံ ဒုတိယသမ္မတ ရမ်ဆာဟေးပရာဆက်ရာဒတ်ဗ် အပါအဝင် နီပေါအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကတ္တမန္ဒူးမြို့ အခြေစိုက် သံရုံးအကြီးအကဲများလည်း တက်ရောက်ခဲ့ကြပါသည်။ သံအမတ်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် နီပေါနိုင်ငံ၊ ဝန်ကြီးများရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၆)နှစ်မြောက် လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး […]