(၂၂-၁-၂၀၂၅ ရက်၊ ကွာလာလမ်ပူ) မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးအောင်စိုးဝင်းသည် ပူထရာဂျာယာမြို့၊ ပူထရာဂျာယာကွန်ဗင်းရှင်းစင်တာ၌ ၂၀-၁-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာရှဒေသ နိုင်ငံတကာအဆင့် လုံခြုံရေးထိပ်သီးအစည်းအဝေးနှင့် ကုန်စည်ပြပွဲ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dato’ Seri Dr. Ahmad Zahid bin Hamidi က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးများနှင့် ပြပွဲသို့ အာရှ-ပစိဖိတ်ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ပြည်ထဲရေး ဝန်ကြီးများ၊ ရဲချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် လုံခြုံရေးဆိုင်ရာကုမ္ပဏီများ တက်ရောက်ခဲ့ ပြီး ရဲဗိုလ်ချုပ် တင်ကိုကို၊ ဒုတိယရဲချုပ် (၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးနှင့် ပြပွဲအား အာရှဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အဓိကပြပွဲအခမ်းအနားတစ်ရပ်ဖြစ်လာစေရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို […]
ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲကို နို၀င်ဘာလ (၂၆) ရက်မှ (၂၈) ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံထုတ်ကုန်များပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြပွဲတွင် မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ အိမ်သုံး လုပ်ငန်းသုံး မီးမြှင့်စက်၊ ဘက်ထရီများ၊ ဗီယက်နမ်မှ စားသောက်ကုန်များ၊ ကော်ဖီများ အစရှိသည့် စားသောက်ကုန်များအပြင် ဖိနပ်မှစ၍ လူသုံးကုန်အမျိုးမျိုးပါဝင်ပြသသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ထိုအပြင် ပြပွဲတွင် မြန်မာ့ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့်အိမ်သုံးပစ္စည်းများအပြင် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များသာမက Service လုပ်ငန်းများဖြစ်သည့် သင်တန်းကျောင်းများ၊ Cloud Computing နှင့် ပတ်သက်သည့် Software […]