ylliX - Online Advertising Network

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ရန် သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်၊ ဇန်နဝါရီ ၂၆ လွိုင်ကော်တက္ကသိုလ်၏ အဆောက်အအုံများ ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ယခုလ ၂၂ ရက်နေ့မှစ၍ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်သို့ ရောက်ရှိကာ အမြန်ဆုံးပြန်လည်ပြုပြင်ဖွင့်လှစ်နိုင်ရန် တက္ကသိုလ်ပရဝုဏ်အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွိုင်ကော်-လောပိတလမ်း ကတ္တရာကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် တက္ကသိုလ်ပရဝုဏ်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လူအင်အား၊ စက်ယန္တရားများဖြင့် တက္ကသိုလ် အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတစ်လျှောက်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များ ပတ်ဝန်းကျင်၌ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်းကို […]

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

လွိုင်ကော်၊ ဇန်နဝါရီ ၁၈ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နောင်ယားကန် သန့်ရှင်းသာယာလှပရေးနှင့် ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယားကန်တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေ အနားယူလည်ပတ်နိုင်ရန်အတွက် နောင်ယားကန်နှင့် ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အကြမ်းဖက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းရင်းသားရေးရာဌာနများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ရုံးအဆောက်အအုံများနှင့် ကော်မတီရုံးခန်းများ ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများအနေဖြင့် သက်ဆိုင်ရာရုံးခန်းများတွင် ရုံးများပြန်လည်ဖွင့်လှစ်ပြီး ပြည်နယ်အတွင်း […]

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော်၊ ဒီဇင်ဘာ ၁၂ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဘူတာလမ်း နိုင်လွန်ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေါနိုးကူးနှင့် နမ့်ကွတ်ရပ်ကွက်များရှိ ရေဝပ်ကျန်ရှိနေရာများတွင် ရေများလျော့ကျအောင် ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ဘူတာလမ်းအား ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် (၃၇၃၀x၃၀)ပေ နိုင်လွန်ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးစောနေခလီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ထို့နောက် လမ်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းဆောင်ရွက်စဉ် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေး လိုအပ်သည်များ စီမံဆောင်ရွက်ရန် […]