ylliX - Online Advertising Network

၂၀၂၄ ခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စာရင်းတွင် EV ကား(၆)ထောင်စီးကျော်ပါဝင်

တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်အထိ မှတ်ပုံတင်ထားသည့် အမျိုးအစားအလိုက်မော်တော်ယာဉ်စာရင်း၌ လူစီး(Passenger) EV ကားစီးရေ (၆၁၆၆)စီးပါဝင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။ ထို့ပြင် EV အသုံးပြုသည့် မှတ်ပုံတင်ထားသော ခရီးသည်တင်ကား(၃)စီးနှင့် ကုန်တင်ဝန်ပေါ့ (၂၂)စီးလည်းရှိသဖြင့် EV ကားစီးရေ (၆၁၉၁)စီးရှိကြောင်း သိရသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင်ဖြစ်သော လူစီးကား(၅၁၉၅၉၇)စီး၊ ဌားရမ်းထားသည့် လူစီးကား(၈၇၇၀၇)စီး၊ ပိုင်ဆိုင်သောခရီးသည်တင်ကား(၂၀၃)စီး၊ ဌားရမ်းထားသောခရီးသည်တင်ကား(၂၄၀၁၅)စီး၊ ပိုင်ဆိုင်သော ကုန်တင်ဝန်ပေါ့ကား(၂၅၆၆၇၈)စီး၊ ဌားရမ်းထားသော ကုန်တင်ဝန်ပေါ့ကား(၁၁၁၂၁၃)စီး၊ ပိုင်ဆိုင်သော ကုန်တင်ဝန်လေးကား(၉၀)စီး၊ ဌားရမ်းထားသော ကုန်တင်ဝန်လေးကား(၄၅၇၃၇)စီး၊ ပိုင်ဆိုင်သောအခြားကား(၄၃၉၂)စီး၊ ဌားရမ်းထားသော အခြားကား(၈၃၄၃၂)စီး(စုစုပေါင်း ပုဂ္ဂလိကပိုင်ဆိုင်သောကား ၇၈၀၉၆၀ စီး၊ ပုဂ္ဂလိ ကမှဌားရမ်းထားသောကား ၃၅၂၁၀၄ စီး)ရှိကြောင်း သိရသည်။ ထို့ပြင် […]

၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံ နိုင်/ကျဉ်းတွေ သေဆုံး၊ နှိပ်စက်ခံရမှုတွေရှိခဲ့

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အကျဉ်းချထားပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု တွေကြောင့် ၂၀၂၄ ခုနှစ်တနှစ်တည်းမှာပဲ သေဆုံးသူ ၉ ဦး ရှိခဲ့ပြီး နှိပ်စက်ညှင်းပမ်းခံရသူ ၁၅၀ ရှိခဲ့ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီဇင်ဘာလ ၃၁ ရက်မှာ နှစ်ချုပ်စာရင်း ထုတ်ပြန်ပါတယ်။ Source link

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ရာခိုင်နှုန်းကျော်ရှိမည်ဟုခန့်မှန်းထား

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ရာခိုင်နှုန်းကျော်ရှိမည်ဟုခန့်မှန်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက ပြောသည်။ ၎င်းမှ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်းအမှတ် ၅ (မိုးစွေ)၌တက်ရောက်နေသည့် မြန်မာနိုင်ငံသစ်တောကျောင်း အမှတ်စဉ်(၁၁၈)မှ သင်တန်းသားများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းထားကာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုမှာ နိုင်ငံဧရိယာ၏ ၀ ဒသမ ၀၄ ရာခိုင်နှုန်းရှိသည်ဟု ပြောသည်။ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရန် သဘာဝတောများကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအား တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်ဟု ပြောသည်။ ” ဒီနေ့အချိန်အထိ […]

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများနှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ ဒီဇင်ဘာ ၂၉ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများ/ အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပပြီးသွားသည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် ပြည်တွင်း၌ကျင်းပသည့် အားကစားပြိုင်ပွဲများအနက် အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများ၊ အုပ်ချုပ်/နည်းပြများ အားကစားသမားများအားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အစွမ်းကုန်ကြိုးစားအားထုတ်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးမှ မိမိတို့တိုင်းဒေသကြီးအနေဖြင့် မြန်မာ့လက်ရွေးစင်ပဏာမအဖြစ် ဘတ်စကက်ဘော အမျိုးသား (၅)ဦး၊ […]

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။ ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်မည်ဖြစ်သည်။ ဒုတိယရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ […]

မြန်မာနှစ် ၁၃၈၆ ခုနှစ်အတွင်း ဘေးရန်သတိထားရမည့် နေ့နံများ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်အတွင်းမှာ ထိခိုက်မှုအန္တရာယ်နဲ့ ဘေးရန်များတတ်တဲ့ နေ့နံဖွားများကို မြန်မာ့လက်ဆန်းဗေဒင်ပညာအရ တွက်စစ်ဖော်ပြပေးပါမည်။ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာအရ ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာ (17.4.2024 – 16.4.2025 ) ၁) အင်္ဂါနေ့ဖွားများအနေနဲ့ ထိခိုက်မှုဘေးနဲ့ ဘေးရန်အန္တရာယ်များတတ်တဲ့ ပထမဉီးစားပေးနေ့ဖွားများပဲ ဖြစ်ပါတယ်။ သွားလာသတိရှိရမယ့်နှစ်ဖြစ်ပြီး လူမှုပေါင်းသင်းရေးမှာလည်း စကားကြောင့် ခိုက်ရန်ပြဿနာ ဖြစ်ပွားလွယ်တဲ့နှစ်မျိုးပါပဲ၊ စကားနည်းလေးအဆင်ပြေလေနှစ်မျိုးဖြစ်ပြီး ကျန်းမာရေးပိုင်း ချူခြာအားနည်းမှုလည်း တစ်ခုမဟုတ်တစ်ခု ကြုံရတတ်ပါတယ်။ အထူးသဖြင့် နာမည် အင်္ဂါအစ +ဗုဒ္ဓဟူးအဆုံး(ဆွေဆွေဝင်း၊ ဇင်လဲ့ဝါ၊ စိုးနိုင်ဝင်း ) ၊ အင်္ဂါအစ+ စနေအဆုံး ( စုရတနာ၊ ဆွေဇင်လင်းထိုက်၊ ဇင်လင်းထွန်း) စတဲ့နာမည်ရှင်မျိုးတွေအနေနဲ့ ပိုမိုသတိထားအပ်တဲ့ နှစ်ကာလမျိုးပဲ ဖြစ်ပါတယ်။ ယတြာအနေနဲ့ ဘုရားစေတီ ဗုဒ္ဓဟူးထောင့်၊ ရာဟုထောင့်တွင်မကြာခဏသန့်ရှင်းရေး […]