တောင်တွင်းကြီး၊ ဇန်နဝါရီ ၁၂ စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟု သုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်ရှိ လောကတက္ကသိုလ် စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ စာကြည့်တိုက်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့ကြသည့် ပန်းပွားအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် […]
တောင်တွင်းကြီးမြို့နယ်ရှိ အသောကဘုန်းကြီးကျောင်းအနီး ခိုင်ခိုင်ကျော် ဓာတ်ဆီဆိုင်နဲ့ နန်းထိုက်စံဓာတ်ဆီဆိုင်ကြားမှာ စစ်အုပ်စုကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ဦးသေဆုံးသွားကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်းက ထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ အသောကဘုန်းကြီးကျောင်းရဲ့ မျက်နှာချင်းဆိုင် စပါးဒိုင်ကနေ စစ်တပ်နဲ့ပျူအဖွဲ့ လှုပ်ရှားနေကြောင်း သတင်းရတာကြောင့် အဝေးထိန်းမိုင်းတွေကို ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုဟာ ခိုင်ခိုင်ကျော်ဓာတ်ဆီဆိုင်နဲ့ နန်းထိုက်စံဓာတ်ဆီဆိုင်အကြားဖြစ်ပြီး စစ်သားနဲ့ ပျူစောထီး ၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူတွေရဲ့ သွေးကွက်တွေကို စစ်အုပ်စုက ထုံးနဲ့ဖုံးထားခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တောင်တွင်းကြီး မြို့နယ်အတွင်းလုံခြုံရေးနဲ့ တိုက်ပွဲဆောင်ရွက်မှုတွေကို ဆက်လက်အားဖြည့်သွားမယ်လို့လဲ အသိပေးထားပါတယ်။ Continue Reading Source link