တို့ပြည် တို့မြေ အဓွန့်ရှည် ဖွံ့ဖြိုးတိုးတက်စေ moiuser5 Wed, 01/01/2025 – 09:50 Source link
(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄ 29/12/24 Diary in the darkness ဗမာလူမျိုးကြီးဝါဒီ စစ်ကောင်စီ ကျဆုံးခန်းကို စစ်တပ် ထောက်ခံသူတွေက ဗမာလူမျိုးတွေ ကျဆုံးနေသယောင် ပြောပြီး တော်လှန်ရေးအင်အားစုကို သပ်လျှိုလိုက်တာ မနက်လင်းလင်းချင်း သတင်းတက်လာတယ်။ ဂွမြို့ AA လက်အောက် လုံးဝ ကျရောက်သွားပြီတဲ့။ သံချပ်ကာကားတွေ ဆယ်စီးထက်မနည်း လမ်းဘေးရပ်ထားပြီး စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းကို AA က ခြိမ်းခြောက်နေပြီ။ တော်လှန်ရေး အင်အားစုတွေ အောင်စိတ် တက်ကြွနေကြတယ်။ စစ်ကောင်စီတပ်သားတွေကတော့ AA ဘက်က သေနတ်သံပေးလိုက်တာနဲ့ လက်နက်ချ အလင်းဝင်မယ်လို့ အသံပေးနေတယ်။ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုတွေ ပိုကြမ်းလာတယ်။ အိမ်တွေထဲအထိ ဝင်ဆွဲနေကြတယ်။ လမ်းလယ်ကောင်တွေ အိမ်ရာဝင်းတွေ၊ […]
(မိုးမခ) ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄ 22/12/24 Diary in the darkness လျှပ်စစ်မီး လာချိန်ကိုမျှော်ရင်း အောင်ပွဲတွေ မျှော်ရတာလည်း မမောနိုင်မပန်းနိုင်။ အမ်း ကျသွားပြီ။ စစ်ကောင်စီ ဗိုလိမှူးချုပ် သုံးယောက် ဒူးထောက်နေတဲ့ပုံတွေ တက်လာတယ်။ လိုင်းပေါ်မှာ သတင်းတွေ အဆက်မပြတ် တင်နေကြတာ တညလုံး မအိပ်ကြဘူးနဲ့ တူတယ်။ စကစ လော်ဘီတွေလည်း မင်းအောင်လှိုင်ကိုဆဲကြ။ ဆိုကြ။ ငိုကြ။ တော်လှန်ရေးထောက်ခံသူတွေ လိုင်းပေါ်မှာ အောင်ပွဲခံကြ။ ဂွမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီ။ အစိုးရဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မြို့ကို စွန့်ခွာကြပြီ။ ဧရာဝတီတိုင်းထဲကို AA နဲ့ တော်လှန်ရေးတပ်တွေ ဝင်လာကြပြီ၊ စတဲ့ တော်လှန်ရေး အောင်စည် အောင်မောင်းသံတွေ လိုင်းပေါ်မှာ သောသောညံနေတယ်။ […]
(မိုးမခ) ဒီဇင်ဘာ ၁၃ ၊ ၂၀၂၄ 13/12/24 Diary in the darkness သတင်းကောင်းတွေက ကျွန်တော်တို့အတွက် ၉၆ ပါး ရောဂါပျောက်ဆေး၊ အစွမ်းထက် အားဆေးတွေပါ။ ဒီမနက် ဆွမ်းခံကြွတဲ့ သံဃာတွေထဲမှာ အရွယ်ကောင်း သံယာတော်တွေပါမလာတော့ဘူး။ သက်ကြီးသံဃာတော် လေးငါးပါးသာ ဆွမ်းခံကြွလာပါတယ်။ ယခင်နေ့များက ဆိုလျှင် အရွယ်စုံ သံဃာ ဆယ့်လေးငါးပါး ကြွနေကြ။ ဒီအကြောင်းအရာကို တနေ့က ရပ်ကွက်ထဲမှာ ဧည့်စာရင်းစစ်ခြင်း၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြုကာ တအိမ်လျှင် သိန်းချီ ငွေကောက်ခံခြင်း ၊ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်တွေ ရခိုင်တွင် လက်နက်ချခြင်းတို့နဲ့ ဆက်စပ်ကာ ရပ်ကွက်ထဲကလူတွေ က စိုးရိမ်စိတ်တွေ ပွားများ၊ တစ်ယောက်နဲ့တစ်ယောက်လည်း အထိတ်တလန့် ပြောဆိုနေကြတယ်။ ဆီရီးယား အာဏာရှင် […]
(မိုးမခ) ဒီဇင်ဘာ ၁ ၊ ၂၀၂၄ 30/11/24 Diary in the darkness ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို တင်လိုက်ပြီ၊ NUG အစိုးရ အဖွဲ့ဝင်များ ပြည်တွင်းပြန်ဝင်ဖို့ NUG သမ္မတကြီးက ပြောကြား။ ဆိုတဲ့ သတင်းနှစ်ရပ်ကို ပြည်တွင်းက နိုင်ငံရေး စိတ်ဝင်စားသူတွေကြား စိတ်ဝင်တစား ပြောကြားနေကြတယ်။ အမေရိကန်ကို ကျောင်းတက်ဖို့ လွှတ်လိုက်တဲ့ သားငယ်အတွက် ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒအသစ်တွေကြောင့် စိုးရိမ်နေတဲ့ မိတ်ဆွေတစ်ယောက် ကျနော်နဲ့ တွေ့တယ်။ သူ့သားအကြောင်းပြောတာက နည်းနည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခံရလို့ ဝမ်းသာကြောင်း ပြောနေတာက များများ။ တရုတ်က မင်းအောင်လှိုင်ဘက်ကို ပြတ်ပြတ်သားသား ရပ်တည်လိုက်လို့ ပြည်တွင်းကလူတွေ ကြား သောကပွားနေချိန်မှာ […]
(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ 22/11/24 Diary in the darkness ကျောက်ဖြူမှာ စစ်ကောင်စီတပ်တွေနဲ့ တရုတ်လုံခြုံရေး ကုမ္ပဏီတပ်တွေ နေရာယူထားပြီလို့ သူငယ်ချင်းတစ်ယောက်က စိုးရိမ်တကြီး ဖုန်းဆက်တယ်။ ခုတလော မြန်မာပြည်သူတွေဟာ တရုတ်လုံခြုံရေးကုမ္ပဏီတွေက မြန်မာ့လုံခြုံရေးကို တာဝန်ယူတော့မယ်၊ တရုတ်လက်နက်ကိုင်တွေ မြန်မာပြည်ထဲ ဝင်လာတော့မယ်၊ နွေဦးတော်လှန်ရေးကို တရုတ်က နှိပ်ကွပ်တော့မယ် ဆိုတဲ့ သတင်းတွေ တဟုန်ထိုး ပျံ့နှံ့နေတယ်။ မြန်မာပြည်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့အတူ တရုတ်ဆန့်ကျင်ရေးစိတ်တွေ တဖွားဖွားပေါ်လာနေကြတယ်။ စစ်ရှုံးလို့ ကြံရာမရ ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ တရုတ်သည်သာအမိ၊ တရုတ်သည်သာ အဖ စီမံချက်ကြီးကို လူထုက ရွံရှာ စက်ဆုပ်နေကြတယ်။ စစ်ကောင်စီကို မုန်တီးရွံရှာတဲ့စိတ်ဟာ တရုတ်အပေါ်ကို ပုံကျလာနေပါပြီ။ တရုတ်ဟာ မြန်မာလူထုကို မင်းအောင်လှိုင်နဲ့ပေါင်းပြီး […]
(မိုးမခ) နိုဝင်ဘာ ၁၃ ၊ ၂၀၂၄ 12/10/24 Diary in the darkness အန်ကယ် တူမီး အမေရိကန် ပထမ လို့ ကြွေးကြော်ကာ ကိုယ်ကျင့်သိက္ခာ အားနည်းတဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကူညီမယ်လို့ ကြွေးကြော်ကာ တရုတ်က လူသတ်သမား မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား ထောက်ခံကူညီလိုက်တယ်။ တရုတ်ပြန် မင်းအောင်လှိုင်ဟာ မိုးကုတ်ကို ဗုံးမိုးရွာတယ်။ လူသတ်တဲ့နေရာမှာ ပိုပြီး ဇက်ရဲ လက်ရဲ နိုင်လာတယ်။ သူ့တပ်တွေကတော့ ခြေသွက်လာတယ်။ ပြေးတဲ့နေရာမှာ။ ရခိုင်မှာ အရာရှိကြီးတွေအပါအဝင် လူ သုံးရာကျော် တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချတယ်။ မင်းအောင်လှိုင် စိနတိုင်းက ပြန်ရောက်ရောက်ချင်း ကထိန်ခင်းတယ်။ ပါချုပ်ဆရာတော်ကို ဆွမ်းကပ်နေပုံတွေ စစ်တပ်မီဒီယာတွေမှာ […]
(မိုးမခ) နိုဝင်ဘာ ၁ ၊ ၂၀၂၄ 31/10/24 Diary in the darkness ရာသီက ပူပြင်းစ ပြုပြီ။ မီးလာချိန်နည်းတော့ လေအေးပေးစက်လည်း မဖွင့်နိုင်။ ဖုန်းအားသွင်းဖို့တောင် အနိုင်နိုင်။ လမ်းမတွေပေါ်မှာ ကထိန်အလှူခံတွေက အသံချဲ့စက်တွေ အပြိုင်ဖွင့်ကြ။ ဘာသာရေး ခုတုံးလုပ်ပြီး အပျော်ကြူးသူတွေ များပြား။ ဆူညံသံကြောင့် လူတွေ စိတ်ညစ်ရ။ တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်သော ဗုဒ္ဓအတွက် ဟု ဆိုကာ ဆူဆူညံညံ အလှူခံသူတွေ အင်အားပြနေကြ။ တနိုင်ငံလုံးမှာ ဗုံးသံတွေကလဲ ဆူဆူညံညံပါပဲ။ လားရှိုးမှာ ဗုံးတွေ ကြဲတုန်း။ မေမြို့မှာတော့ စစ်ခရာသံတွေ ကြားနေရပြီ။ ရခိုင် အမ်းမြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစင်း ပစ်ချခံရ။ ဒုတိုင်းမှူး အပါအဝင် အရာရှိကြီးတွေ […]
(မိုးမခ) အောက်တိုဘာ ၂၈ ၊ ၂၀၂၄ 28/10/24 Diary in the darkness မနက်စောစောစီးစီး ဈေးကပြန်လာတဲ့ မိန်းမက အာလူးတစ်ပိဿာ တစ်သောင်းဈေး ခုန်တက်သွားလို့ ပူညံ ပူညံ။ ကုန်တိုက်တွေမှာလည်း ပစ္စည်းတချို့ ပြတ်နေတယ်။ ဆီတွေ ပြတ်တော့မယ်လို့ သတင်းတွေပြန့်နေတယ်။ စစ်တပ်က ကုန်ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် တက်နေတယ်။ တရုတ်နိုင်ငံကလည်း နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်လိုက်ပြီတဲ့။ ထိုင်းဘက်ကလည်း မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပျက်သလောက် ဖြစ်သွားပြီ။ မဲခေါင်မြစ်ကြောင်းကတော့ ကုန်သွယ်ရေး မပျက်သေးဘူးလို့ သိရတယ်။ MNDAA ကိုလဲ တရုတ်က မီးနဲ့ ရေ ဖြတ်လိုက်ပြီတဲ့။ လူတွေ ထိတ်လန့်နေကြတယ်။ အရာရာကို ထိတ်လန့် စိုးရိမ်နေကြတာ။ စစ်မှုထမ်း ဥပဒေ၊ ဧည့်စာရင်းဥပဒေ၊ […]