ylliX - Online Advertising Network

တောမီးဒဏ်သင့် ကယ်လီဖိုးနီးယားဒေသသို့ အကူအညီပေးမှုကို ယာယီရပ်ဆိုင်းမည်ဟု ထရမ့်ခြိမ်းခြောက်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄  ဖိအားပေးခြင်းဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အစိုးရ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှုပုံစံ ပြုပြင်ပြောင်းလဲစေရန်အတွက် တောမီးဒဏ်သင့် ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြည်ထောင်စုအကူအညီပေးမှုကို ယာယီရပ်ဆိုင်းမည်ဟု အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၂၂ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် အစိုးရသည် အဆိုပါပြည်နယ် မြောက်ပိုင်းဒေသမှ ငါးအမျိုးအစားများကို ကာကွယ်ထိန်းသိမ်းရန်အတွက် တောင်ပိုင်းဒေသသို့ ရေပေးပို့မှုကိုကန့်သတ်ခြင်းကြောင့် လော့စ်အိန်ဂျလိစ်မြို့တွင်း မီးသတ်ရေဘုံပိုင်တွင် ရေပြတ်လပ်သွားကြောင်း၊ “ကယ်လီဖိုးနီးယားပြည်နယ်က ရေမပေးရင် အဲဒီပြည်နယ်ကို ဘာပစ္စည်းမှ ထောက်ပံ့ပေးဖို့မလိုဘူးလို့ ထင်တယ်” ဟု ထရမ့်က ဇန်နဝါရီ ၂၂ ရက် ဖောက်စ်သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom အား တောမီးမထိန်းချုပ်နိုင်မှုအတွက် တာဝန်ယူရမည်ဟု ထိုမတိုင်မီ […]