ylliX - Online Advertising Network

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း (၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေးဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂ဝ၂၄) ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့က အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း (၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel အင်းယား၊ အင်းလေးခန်းမ၌ ကျင်းပပြုလုပ်သည်။ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း (၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ ရေကြောင်းရဲ တပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်အရာရှိများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် နေမိုးသက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ […]

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌ အဖြူရောင်ကတ် ပြုလုပ်သူ များပြား

ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် – မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ် ပြုလုပ်သူများပြားနေကြောင်း သိရသည်။ အဆိုပါ အဖြူရောင်ကတ် ရရှိပါက ထိုင်းနိုင်ငံတွင်း (၁၄)ရက်သွားလာခွင့်ရရှိမည်ဖြစ်ကာ အဖြူရောင်ကတ်အသစ် ပြုလုပ်သူ အလွန်များပြားနေသော ကတ်ထုတ်ပေးသူများ မနိုင်မနင်းဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ အဖြူရောင်ကတ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်ခြင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်အသစ်ထုတ်ပေးခြင်းများကို တခါတည်းအပြီး ပြုလုပ်ပေးနေပြီး ကတ်အတွက်ဘတ် (၂၀) ပေးသွင်းရကြောင်း သိရသည်။ ထို့ပြင် ကားနှင့် ဆိုင်ကယ်များအတွက်ကိုလည်း ကူးသန်းလျက်ရှိသည့် ဆိုင်ကယ်စာရွက် မူရင်း၊ ကမ်းကူးစာအုပ်နှင့်ကတ်ထုတ်ပေးခြင်းကို ပြုလုပ်ပေးနေပြီး ဘတ် (၂၀) ပေးသွင်းရသည်ဟု သိရသည်။ မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား […]

အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ထိုင်း အမြန်လမ်းရဲတပ်ဖွဲ့ ဖမ်းမိ

၂၇. ၁၂. ၂၀၂၄Translated by Thettant အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ထိုင်း အမြန်လမ်းရဲတပ်ဖွဲ့က ပတ်ချာဘွန်းခရိုင်အတွင်းမှာ မနေ့က ဒီဇင်ဘာ ၂၆ ရက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အမြန်လမ်းရဲတပ်ဖွဲ့ဟာ ပတ်ချာဘွန်းခရိုင်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးတဲ့ တိုယိုတာဗီဂိုယာဥ်နဲ့ ဖော်ကျူနာ မော်တော်ယာဉ်နှစ်စီးကို လိုက်ပါဖမ်းဆီးနိုင်ခဲ့ပြီး အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ယာဥ်ပေါ်က တွေ့ရှိ ဖမ်းမိခဲ့တာပါ။ ပထမကားမှာ မြန်မာလုပ်သား ၁၀ ဦး၊ ဒုတိယကားမှာ အမျိုးသမီးတွေပါဝင်တဲ့ မြန်မာလုပ်သား ၁၆ ဦးကို တွေ့ရှိခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ယာဉ်မောင်း ဂျားနဲ့ အသက် ၃၁ နှစ်အရွယ် ချုချတ်တို့ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တက်ခ်ခရိုင်ကနေ ဆာရာဘူရီခရိုင်ကို […]

နောင်တရားမြို့ရှိ စစ်ဘေးရှောင် ၃ ထောင် ဝန်းကျင် အတွက် စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ပင်လောင်းမြိုနယ် နောင်တရားမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စောင် နှင့် အနွေးအထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့် မြို့မဈေးသစ်တွင် လာရောက် တိမ်းရှောင် နေထိုင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင် အတွက် စောင် နှင့် အနွေးထည်များလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆောင်းရာသီရောက်တော့ အခုက သက်ကြီးပိုင်း လူတွေအတွက်ကတော့ စောင်တွေလိုအပ်နေတာ။စောင်နဲ့ အနွေးထည်ကတော့ လှူတဲ့အဖွဲ့အစည်းက မရှိသလောက်ပါပဲ။ဆောင်းရာသီရောက်နေတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက်က အလှူရှင်ရှိဖို့တော့ မျှော်လင့်ပါတယ်။ကျန်နေတာက သက်ကြီးပိုင်းနဲ့ကလေးတွေက ပိုများတယ်လေ။”ဟု စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက ပြောသည်။ စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်ထဲတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးပိုင်း ပိုများသည့်အတွက် […]

နယ်ကျော်ငါးဖမ်းသည့် ထိုင်း ၄ ဦး ပြန်လွတ်မည်၊ မြန်မာ ၂၇ ဦး လွတ်ရန် မသေချာသေး  – Myanmar Now

စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ထိုင်းငါးဖမ်းစက်လှေမှ  ထိုင်းနိုင်ငံသား ၄ ဦးမှာ ထောင်ဒဏ်နှင့် ငွေဒဏ်အသီးသီးချသော်လည်း  မကြာမီပြန်လွတ်မည်ဟု သိရကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်) တွင် ဖော်ပြသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် နံနက်တွင် စစ်ကောင်စီရေတပ်က ထိုင်းငှားဖမ်းစက်လှေ ၄ စီးကို ပစ်ခတ်ရာ ထိုင်းတစ်ဦး သေဆုံးပြီးထိုင်း ၄ ဦး၊ မြန်မာ၂၇ ဦးကို   ဖမ်းခဲ့ခြင်းဖြစ်သည်။  တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တရားရုံးက  ထိုင်းနိုင်ငံသားစက်လှေပိုင်ရှင်ကို ခွင့်ပြုချက်မရှိဘဲ မြန်မာရေပိုင်နက်တွင် တရားမဝင်ငါးဖမ်းမှု၊ နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေ ၂ သိန်း၊ အခြားထိုင်း ၃ ဦးကို ထောင်ဒဏ် […]

နယ်မြေပိုင်ဆိုင်မှုအငြင်းပွားတဲ့ “၀” နဲ့ ထိုင်း၊ ငြိမ်းချမ်းရေးလေသံပါမလာပေမဲ့ စစ်ရေးပဋိပက္ခအပြီးသတ်လိုတဲ့ TNLA ထုတ်ပြန်စာ၊ ကမ္ဘာမှာ တန်းမဝင်တဲ့ NUG ရဲ့ အတုအယောင်ပညာရေးနဲ့ ၂၀၃၀ အထိ ဆွဲဆန့်လာတဲ့ တော်လှန်ရေး – Myanmar Transparency News

နယ်မြေပိုင်ဆိုင်မှုအငြင်းပွားတဲ့ “၀” နဲ့ ထိုင်း၊ ငြိမ်းချမ်းရေးလေသံပါမလာပေမဲ့ စစ်ရေးပဋိပက္ခအပြီးသတ်လိုတဲ့ TNLA ထုတ်ပြန်စာ၊ ကမ္ဘာမှာ တန်းမဝင်တဲ့ NUG ရဲ့ အတုအယောင်ပညာရေးနဲ့ ၂၀၃၀ အထိ ဆွဲဆန့်လာတဲ့ တော်လှန်ရေး – Myanmar Transparency News Source link

အစ္စရေးမှာ ဒုံးကျည်မှန်လို့ ထိုင်း ၄ ယောက်သေဆုံး

ကြာသပတေးနေ့က Metula မြို့ဘက်ကို ပစ်ခတ်လိုက်တဲ့ Rocket ဒုံးကျည်ကြောင့် ထိုင်း ၄ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တဲ့အပေါ် အင်မတန်ဝမ်းနည်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က X လူမှုကွန်ရက်မှာ ဒီနေ့ ရေးသားခဲ့ပါတယ်။  Source link